၈ ဧပြီ ၂၀၁၇ - ၁၇:၃၈
ဦးကိုနီလုပ်ကြံခံရမှုမှ လက်နက်မှုနှင့် ဆက်စပ်ရှာဖွေသက်သေတစ်ဦးကို စစ်ဆေး

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု နှင့် ပတ်သက်၍ တရားခံလေးဦး ကို ရာဇ၀တ်ကြီးအမှုအမှတ် (၄၆) လက်နက်မှုဖြင့် တရားစွဲဆိုခဲ့သည့်အမှုမှ ရှာဖွေသက်သေတစ်ဦးကို စစ်ဆေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု နှင့် ပတ်သက်၍ တရားခံလေးဦး ကို ရာဇ၀တ်ကြီးအမှုအမှတ် (၄၆) လက်နက်မှုဖြင့် တရားစွဲဆိုခဲ့သည့်အမှုမှ ရှာဖွေသက်သေတစ်ဦးကို စစ်ဆေးခဲ့သည်။

ထွက်ပြေးလွတ်မြောက်နေ သည့် အောင်ဝင်းခိုင်နှင့် ပတ်သက် ၍ ရန်ကုန်တိုင်းတရားလွှတ်တော် သို့ ပြင်ဆင်ချက်တင်သွင်းထား သဖြင့် လူသတ်မှုနှင့် ပတ်သက် သည့် အမှုတွဲများကို တိုင်းတရား လွှတ်တော်သို့ တင်ပို့ထားသော ကြောင့် ဧပြီ ၇ ရက်ရုံးချိန်းတွင် လက်နက်အမှုမှ တရားလိုပြသက် သေ ရာအိမ်မှူးတစ်ဦးသာ စစ် ဆေးခဲ့သည်။

‘‘လာမယ့် ရုံးချိန်းမှာလည်း လက်နက်နဲ့ ပတ်သက်တဲ့ အမှုကို ပဲ ဆက်စစ်ဖို့ရှိပါတယ်။ လူသတ် မှုနဲ့ ပတ်သက်တဲ့ ဆက်စပ်အမှု ရော တိုင်းရုံးကိုပို့ထားတဲ့အတွက် အဲဒီအမှုက ဒီရုံးမှာအမှုမရှိရင် အမှုက ဆက်စပ်လို့မရဘူး။ အမှုတွဲ ပြန်ရောက်မှပဲ လူသတ်မှုနဲ့ ပတ် သက်တဲ့ အထောက်အထားတွေ အရ ကျန်တဲ့ သက်သေတွေကို ဆက်ပြီး စစ်လို့ရမယ်’’ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး (၆) ဦးခင်မောင်မြင့် က ဆိုသည်။

တရားလိုရှေ့နေ ဦးနေလ သည် ဦးကိုနီလုပ်ကြံခံရမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် အောင် ၀င်းခိုင်ကို ဖမ်းဆီးနိုင်ရန် မတ်လ ၁၇ ရက်တွင် ခရိုင်တရားရုံးသို့ ၀ရမ်းအသစ်တစ်စောင်ထုတ်ပေးရန် တင်သွင်းခဲ့သော်လည်း မြောက်ပိုင်းခရိုင်တရားရုံးက ပယ် ချသည့်အမိန့်ကို တိုင်းတရားလွှတ်တော်သို့ တင်သွင်းခဲ့သည်။

‘‘လူသတ်မှုနဲ့ စွဲထားတဲ့ ရာဇ ၀တ်ကြီးအမှုအမှတ် (၄၅/၂၀၁၇) ရယ်၊ နောက်တရားခံပြေးနေတဲ့ အမှုရာဇ၀တ်အထွေထွေအမှုအ မှတ် (၂၀/၂၀၁၇)ရယ်၊ အဲဒီအမှု တွေကို ရန်ကုန်တိုင်းတရားလွှတ် တော်က ရာဇ၀တ်ပြင်ဆင်မှုအ  မှတ် (၁၂၀ (ခ)/၂၀၁၇ )အမှုတွဲတွေတောင်းတဲ့အတွက် ခရိုင်တရားရုံးက တင်ပို့ထားတဲ့အတွက် အမှုတွဲက ဒီမှာမရှိတော့ လက်နက်မှုကို စစ်တာ’’ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အောင်ဝင်းခိုင်ကို ဖမ်းဆီးရန် တရားရုံးက မတ်လ ၁၀ ရက်စွဲဖြင့် ထုတ်ထားသော ဖမ်းဝရမ်းသည် ဒေါပုံမြို့နယ် ၀ါဆိုလမ်းအတွင်း မှာသာ ရှာဖွေဖမ်းဆီးနိုင်သဖြင့်တစ်နိုင်ငံလုံး၌ ဖမ်းဆီးနိုင်မည့်ဝရမ်း အသစ်တစ်စောင်ထုတ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့သည်။ အပြီးသတ်ကြားနာရန် ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေ ကြောင်း တရားလိုရှေ့နေဦးနေလက ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင်  ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး အောင်ဝင်းခိုင်၏ ကိုယ်ရေးအချက်အလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေးပို့ထားသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ်လ ၃၀ ရက် ည၌ သတင်းထုတ်ပြန်ခဲ့သည်။ ပြည်ပသို့ ထွက်ခွာမှုကို တားဆီးပေးနိုင်ရန် လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများသို့ အကြောင်းကြားထား၍ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။

===================
251/End