၁၁ ဧပြီ ၂၀၁၇ - ၁၉:၂၉
ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်လူငယ် ၁၂ ဦး စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်တောရွာနေ လူငယ်စကားဝိုင်းကို နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ (MICC 2) မှာ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်သွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်တောရွာနေ လူငယ်စကားဝိုင်းကို နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ (MICC 2) မှာ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်သွားပါတယ်။

စကားဝိုင်းမှာ တိုင်းရင်းသားတွေအပါအ၀င်  မြန်မာပြည်ဒေသအနှံ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လူငယ် ၁၂ ဦးနဲ့ ငြိမ်းချမ်းရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး စတဲ့ ကိစ္စတွေ  ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ကာ ငြိမ်းချမ်းရေးမှာ  ပြည်သူတွေပါဝင်လာစေဖို့ ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးစကားဝိုင်းတွေပြုလုပ်ပြီး တစ်နိုင်ငံလုံးကို ရုပ်သံကနေ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ခုနှစ်ဆန်းပိုင်းက ပင်လုံမှာ တိုင်းရင်းသားလူငယ်တွေနဲ့ တွေ့ဆုံခဲ့သလို၊ နေပြည်တော်မှာလည်း အမျိုးသမီးလုပ်ငန်းရှင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပခဲ့ပြီး ခုတကြိမ်ဟာ လူငယ်တွေနဲ့ တတိယအကြိမ်ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းဖြစ်ပါတယ်။

===================
251/End