၁၇ ဧပြီ ၂၀၁၇ - ၁၉:၁၆
မုန်တိုင်းငယ်ဟာ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ယွန်းယွန်းကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် 92Bဟာ ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ယွန်းယွန်း 740 km(460 miles) အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် 92Bဟာ ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ယွန်းယွန်း 740 km(460 miles) အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဧပြီ ၁၅ရက် ညနေ ၃နာရီအချိန် တိုင်းတာချက်အရ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ယွန်းယွန်း 740 km(460 miles) Lat: 13.7°N, Long: 89.5°E ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ဆက်စပ်လျက်ရှိသော အရှေ့အလယ်ပိုင်းဘင်္ဂလားပင်လယ်အော်ရေပြင်ပေါ်တွင်ဗဟိုပြုတည်ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ဖော်ပြပေးထားသည်။

မုန်တိုင်းငယ်ဟာ နောက်(၁၂)နာရီအတွင်း အရှေ့မြောက်ဖက် ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းသို့ ဦးတည်ရွေ့လျှားပြီး ဧပြီလ ၁၆ရက် ညပိုင်းကစပြီး ကမ်းကိုဖြတ်နိုင်၍ ဧပြီ ၁၇ရက် နံနက်ပိုင်းတွင် ကုန်းတွင်းပိုင်းသို့ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်မှာ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၈၀)ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၄၃၅) မိုင်ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၄၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်မှုအခြေအနေနှင့် ကြိုတင်ပြင်ဆင်ရေးအသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေ ၆ နာရီ ၄၀ ခန့်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ဧပြီ ၁၅ရက် ည ၉နာရီခွဲမှ နောက် (၃၆)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး၊ လှိုင်းအမြင့် (၁၀-၁၅)ပေခန့်ရှိနိုင်ပါသည်။ ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင်(၄၀-၄၅)ခန့်တိုက်ခတ်နိုင်ပါသည်။

ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းတို့တွင် နေရာစိပ်စိပ်မှ အနှံ့အပြားမိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ  ကျန်ဒေသများတွင် နေရာကွက်ကျားမှ ကျဲကျဲမိုးရွာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

===================
251/End