အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေရှိ ထိုင်းယူနီယံမြန်မာရပ်ကွက် အတွင်း မြန်မာလုပ်သားခြောက် ဦးထံမှ ဘောလုံးပွဲလောင်းကြေး စာရွက်များ တွေ့ရှိသည်ဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တစ် ဦးလျှင် ဘတ်ငွေ ၃,၀၀၀ (ကျပ် တစ်သိန်းကျော်)ဒဏ်ရိုက်၍ ပြန် လွှတ်ပေးခဲ့သည်။
ထိုင်းနိုင်ငံရှိ ငါးသေတ္တာစက် ရုံတွင် အလုပ်လုပ်ကိုင်သော မြန် မာလုပ်သားခြောက်ဦးသည် ဧပြီ ၂၂ ရက်က လမ်းဘေးအအေးဆိုင် တစ်ဆိုင်၌ ထိုင်နေစဉ် ထိုင်းရဲ တပ်ဖွဲ့က ၎င်းတို့ထံ ရှာဖွေရာ ဘောလုံးပွဲလောင်းကြေးစာရွက် များတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း မဟာချိုင်အခြေစိုက်ရွှေ့ပြောင်း မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော AAC မဟာမိတ် အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
‘‘မြန်မာတွေ အဖမ်းခံရတယ် ဆိုပြီး အကြောင်းကြားလို့ ရဲစခန်း လိုက်သွားတာ။ သူတို့ဆီမှာ တွေ့ တဲ့ ဘောလုံးပွဲလောင်းကြေးစာ ရွက်ကလည်း အဟောင်းတွေပါ။ အဲဒါကို ထိုင်းရဲက ဘတ်ငွေတစ် ယောက်သုံးထောင်ဒဏ်ကြေးပေး ရင် ပြန်လွှတ်မယ်ပြောလို့ တစ် ယောက်ကို သုံးထောင်စီ ပေးခဲ့ရ တာပါ’’ဟု ၎င်းက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားများအပေါ် အကြောင်း ပြချက်အမျိုးမျိုးပြ ဖမ်းဆီးငွေ တောင်းခံမှုများပြုလုပ်နေသည် မှာ အမြဲတမ်းဖြစ်ကြောင်း ထိုင်း ရောက်မြန်မာလုပ်သားများအ ရေးကူညီဆောင်ရွက်ပေးနေ သော MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
၂၀၁၆ က မဟာချိုင်နယ်မြေ အတွင်း ဘောလုံးကန်နေသော မြန်မာလုပ်သားများကို ထိုင်းရဲ တပ်ဖွဲ့က လောင်းကြေးများပြု လုပ်၍ ကစားနေသည်ဆိုကာ နှစ်ကြိမ်ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောသည်။
===================
251/End
၂၄ ဧပြီ ၂၀၁၇ - ၁၉:၁၈
News ID: 825786