အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောအခြေ စိုက်အပြည်ပြည်ဆိုင်ရာကြက် ခြေနီကော်မတီ (ICRC) မှ တာဝန် ခံဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးသည် ဘူးသီးတောင်မြို့ရှိ အကျဉ်း ထောင်သို့ သွားရောက် လေ့လာခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါအိုင်စီအာရ်စီအဖွဲ့ သည် ဘူးသီးတောင်အကျဉ်း ထောင်သို့ ဧပြီ ၂၆ ရက်က သွား ရောက်ခဲ့ပြီး အကျဉ်းထောင်အတွင်း အကျဉ်းသူများထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ထောင်ဝင်စာတွေ့ဆုံပေးမှု၊ အိမ်နှင့် စာဆက်သွယ်ရေးသားပေးပို့မှု၊ နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူနှင့် (ဧည့်အချုပ်သား)ထိန်းသိမ်းထားရှိမှု၊ သက်ငယ် အချုပ်သားများ ထိန်းသိမ်းထားမှု အ ခြေအနေများကို အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးချမ်းအေး ကျော်နှင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီက ဧပြီ ၂၇ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိုင်စီအာရ်စီအဖွဲ့သည် ဘူး သီးတောင်အကျဉ်းထောင်၌ အဖွဲ့လေးဖွဲ့ခွဲကာ အကျဉ်းသားအိပ် ဆောင်မှူးအချို့နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အကျဉ်းသားအိပ်ဆောင် လေးခု၊ ဆေးရုံ ဆောင်၊ စားဖိုကြီး၊ အမျိုးသမီး အိပ်ဆောင်၊ ပြစ်ဒဏ်တိုက်နှင့် သီးသန့်တိုက်တို့ကို လှည့်လည်ကြည့် ရှုလေ့လာခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၆ အောက် တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲစခန်းသုံးခု အကြမ်းဖက်တိုက် ခိုက်ခံရမှုနှင့် ပတ်သက်၍ မသင်္ကာသူ၊ ပါဝင်ပတ်သက်သူ ၅၀၀ ကျော်ကို လက်ရှိတွင် ဘူးသီးတောင် အကျဉ်းထောင်၌ ဖမ်းဆီးထိန်း သိမ်းထားသည်။
ယင်းအဖွဲ့သည် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်သူများအတွက် ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ စံချိန်မီကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတွင် ပါဝင်ကူညီနေကြောင်း သတင်းရရှိသည်။
===================
251/End
၂၈ ဧပြီ ၂၀၁၇ - ၁၂:၃၂
News ID: 826513
မောင်တောအခြေ စိုက်အပြည်ပြည်ဆိုင်ရာကြက် ခြေနီကော်မတီ (ICRC) မှ တာဝန် ခံဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးသည် ဘူးသီးတောင်မြို့ရှိ အကျဉ်း ထောင်သို့ သွားရောက် လေ့လာခဲ့ ကြောင်း သတင်းရရှိသည်။