၁ မေ ၂၀၁၇ - ၁၈:၁၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီနိုင်ငံမှ ပြန်လည်ရောက်ရှိ

ဂျာမနီနိုင်ငံသို့ တရား ဝင်ချစ်ကြည်ရေးခရီးစဉ် သွား ရောက်ခဲ့သော တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမနီနိုင်ငံသို့ တရား ဝင်ချစ်ကြည်ရေးခရီးစဉ် သွား ရောက်ခဲ့သော တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ဂျာမနီတပ် မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗော့လ်ခါဝီးခါ၏ ဖိတ်ကြားချက် အရ သွားရောက်ခဲ့၍ ခရီးစဉ်အ တွင်း မြန်မာ- ဂျာမနီ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်   ဆွေးနွေးခဲ့ကြောင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ဂျာမနီနိုင်ငံသို့ ဧပြီ ၂၆ ရက်မှ ၂၉ ရက်အထိ သွားရောက် ခဲ့၍    ယင်းမတိုင်မီ  ဩစတြီး ယားနိုင်ငံသို့ အလုပ်သဘောဝင် ရောက်ကာ ဩစတြီးယားနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ်နှင့် တွေ့ ဆုံခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ခရီးစဉ်တွင် ဇနီး ဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များအ ဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါခဲ့ကြောင်း သတင်းထုတ် ပြန်သည်။

===================
251/End