၄ မေ ၂၀၁၇ - ၁၇:၀၆
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ကတိသစ္စာပြု

ကြားဖြတ်ရွေးကောက် ပွဲအနိုင်ရ ကယားပြည်နယ် ဖရူဆို မြို့နယ် ပြည်နယ်လွှတ်တော်အ မှတ်(၁)ကိုယ်စားလှယ်ဦးသဲရယ် သည် မေလ ၃ ရက်က ကျင်းပ သည့် ဒုတိယအကြိမ်ကယားပြည် နယ်လွှတ်တော်အရေးပေါ် အ စည်းအဝေးတွင် ကတိသစ္စာပြုခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကြားဖြတ်ရွေးကောက် ပွဲအနိုင်ရ ကယားပြည်နယ် ဖရူဆို မြို့နယ် ပြည်နယ်လွှတ်တော်အ မှတ်(၁)ကိုယ်စားလှယ်ဦးသဲရယ် သည် မေလ ၃ ရက်က ကျင်းပ သည့် ဒုတိယအကြိမ်ကယားပြည် နယ်လွှတ်တော်အရေးပေါ် အ စည်းအဝေးတွင် ကတိသစ္စာပြုခဲ့ သည်။

ကယားပြည်နယ် လွှတ် တော်အရေးပေါ်အစည်းအဝေး သည် ဆယ်မိနစ်ခန့်သာ ကြာ မြင့်ခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကတိသစ္စာပြု ခြင်း၊ တိုင်စာ၊ပစ်စာလေ့လာဆန်း စစ်ရေးအဖွဲ့တွင် ကော်မတီဝင် နှစ်ဦး ထပ်မံတာဝန်ပေးအပ်ခြင်း တို့သာ ပြုလုပ်ခဲ့သည်ဟု ဦးသဲ ရယ်က ဆိုသည်။

‘‘ဒီနေ့ကတော့ ကျွန်တော့်ရဲ့ လွှတ်တော်ကတိက၀တ်အဲဒါတစ် ခုပဲ လုပ်တယ်။ နောက် တိုင်စာ၊ ပစ်စာ (တိုင်စာ၊ ပစ်စာလေ့လာ ဆန်းစစ်ရေးအဖွဲ့)မှာ ကော်မတီ ၀င်နှစ်ယောက်ထပ်ထည့်တယ်။ အဲဒါပါပဲ။ တခြားဟာ ထူးထူးထွေ ထွေဆွေးနွေးတာ မရှိပါဘူး’’ ဟု ဦးသဲရယ်က ပြောသည်။

လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)မှ ဦးသဲ ရယ်သည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုး သားတိုးတက်ရေးပါတီ ကိုယ်စား လှယ်တို့ကို အနိုင်ရခဲ့ခြင်းဖြစ် သည်။ ယင်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်သည် အချိန်မီအမည်စာရင်းတင်သွင်းနိုင် ခြင်းမရှိ၍ ၀င်ပြိုင်ခွင့်မရခဲ့ပေ။

===================
251/End