အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲများချုပ်ငြိမ်းရေးလုပ်ဆောင်နေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံ သံအမတ်ကြီး စကော့ မာစီရယ်နှင့် တွေ့ဆုံစဉ်ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် အမေရိကန်သံအမတ်တို့ သည် မေလ ၃ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံ၏ လက်နက် ကိုင်ပဋိပက္ခသည်ဖြစ်ပေါ်လာခဲ့ သော သမိုင်းကြောင်း ရှည်လျား သည့်အပြင် ပါဝင်သည့်အဖွဲ့အ စည်းများ များပြား၍ ယင်းငြိမ်း ချမ်းရေး လုပ်ငန်းစဉ်အောင်မြင် အောင်လုပ်ဆောင်နိုင်ခြင်းသည် ကမ္ဘာပေါ်ရှိ အခက်ခဲဆုံးစစ်ပွဲ ကြီးတစ်ခုကို အောင်နိုင်ခြင်းဟု မှတ်ယူရမည်ဟု အမေရိကန် သံ အမတ်က ပြောကြားကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။
တိုင်းရင်းသားအရေးကို နိုင် ငံရေးအရ ဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ၊ အခွင့်အရေးများစွာရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု တပ်မတော်ကသတင်း ထုတ်ပြန်သည်။
မကြာမီကျင်းပမည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံအ ပေါ်များစွာ မျှော်လင့်ချက်ထား၍ အကောင်းဘက်က ဦးတည်လုပ် ဆောင်မည်ဟု တပ်ချုပ်က ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်အမေရိကန်သံအမတ်တို့ သည် ရခိုင်ပြည်နယ်အရေးကိစ္စ တွင် လူ့အခွင့်အရေးချိုးဖောက် မှု၊ စွပ်စွဲပြောဆိုမှုများအပေါ် တပ် မတော်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေး မှု လုပ်ဆောင်ခဲ့မှုများနှင့် ပတ် သက်၍ ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာ-အမေရိကန် နှစ်နိုင်ငံတပ် မတော်နှစ်ရပ်အကြား ဆက်ဆံ ရေတိုးမြှင့်မှု ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။
===================
251/End
တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲများချုပ်ငြိမ်းရေးလုပ်ဆောင်နေဟု ဗိုလ်ချုပ်မှူးကြီးမင်း
၅ မေ ၂၀၁၇ - ၁၈:၁၂
News ID: 828004
တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲများချုပ်ငြိမ်းရေးလုပ်ဆောင်နေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံ သံအမတ်ကြီး စကော့ မာစီရယ်နှင့် တွေ့ဆုံစဉ်ပြောကြားသည်။