အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာခေါင်းဆောင် များတက်ရောက်မည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေ သည်။
ယနေ့ (မေလ ၁၄ ရက်)တွင် စတင်မည့် အဆိုပါနိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ၌ အဆင့်မြင့်စုံညီအစည်းအဝေး တစ်ရပ်နှင့်အတူ သီးခြားစင်ပြိုင် ဆွေးနွေးပွဲခြောက်ခု ကျင်းပရန် စီစဉ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်သည်။
ယင်းဆွေးနွေးပွဲများတွင် အ ခြေခံယန္တရား အဆောက်အအုံ၊ စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး ပူး ပေါင်းဆောင်ရွက်မှု၊ စွမ်းအင်နှင့် သယံဇာတ၊ ငွေကြေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် ဖလှယ်သည့် အစီအစဉ်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ပင်လယ်ရေ ကြောင်းသွားလာမှု ပူးပေါင်းဆောင်ရွက်ရေး စသည့်ကဏ္ဍရှစ်ခုကို ဦးစားပေးဆွေးနွေးမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးတို့ လိုက်ပါခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် အထက်ပါဖိုရမ် တွင် တရုတ်သမ္မတ မစ္စတာစီ ကျင်းပင်၊ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူ တာရက်စ်၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မစ္စတာ ဂျင်ယောင်ကင်မ်အပါအ ဝင်၂၉ နိုင်ငံမှ ခေါင်း ဆောင်များ တက်ရောက်မည်ဖြစ် သည်။
ထို့အပြင် တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်း ကြောင်း (One Belt and One Road) ညီလာခံဖွင့်ပွဲသို့ ရုရှား သမ္မတ ဗလာဒီမာပူတင်၊ အီတလီဝန်ကြီးချုပ် မစ္စတာပေါ်လိုဂျန်တီ လိုနီ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ မစ္စတာ ခရစ္စတင်းလာဂတ်တို့ တက်ရောက်မည်ဟု သတင်း ထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၁၄ နှင့် ၁၅ ရက် နှစ်ရက်ကြာကျင်းပမည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး မေလ ၁၇ ရက်တွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
===================
251/End
Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် တရုတ်သို့ ရောက်ရှိ
၁၄ မေ ၂၀၁၇ - ၁၃:၀၆
News ID: 829690
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာခေါင်းဆောင် များတက်ရောက်မည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေ သည်။