အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာသန်း ၇၀၀ထုတ်ယူခွင့်ရှိသော်လည်း သုံးနှစ်အတွင်း သန်း ၆၀၀ ကျော်သာ ထုတ်ယူအသုံးပြုခဲ့ကြောင်း ကုမ္ပဏီ၏
ဓာတ်ငွေ့ထုတ်ယူမှု ကိန်းဂဏန်းများအရသိရသည်။
တစ်နှစ် ထုတ်ယူသုံးစွဲခွင့်ရှိ သည့် ကုဗမီတာ သန်း ၇၀၀ ခန့်ရှိ သော်လည်း သုံးနှစ်အတွင်း အ မှန်တကယ်သုံးစွဲခဲ့မှုသည် ကုဗမီ တာ ၆၇၉ သန်းခန့်သာရှိခဲ့သည်။ အဆိုပါကိန်းဂဏန်းများအရ သုံး နှစ်အတွင်း မြန်မာနိုင်ငံမှ
သုံးစွဲခဲ့ မှုသည် တစ်နှစ်သုံးစွဲရန် သတ် မှတ်ထားသည့်ပမာဏကို ကျော် လွန်ခဲ့ခြင်းမရှိပေ။
သုံးနှစ်အတွင်း မြန်မာနိုင်ငံမှ ဓာတ်ငွေ့သုံးစွဲနိုင်သည့် ကုဗမီ တာ သန်း ၂,၁၀၀ ခန့်ရှိသည်။ အမှန်တကယ် အကျိုးခံစားခွင့် ထက် ကုဗမီတာ သန်း ၁,၄၂၀ ခန့် လျော့နည်းခဲ့သည်ဟု ကုမ္ပဏီ၏ထုတ်ပြန်ချက် ကိန်းဂဏန်းများ
အ ရ သိရသည်။
ပိုက်လိုင်းပို့လွှတ်သည့် အ ချိန်ကစ၍ တောင်သာဓာတ်ငွေ့ခွဲ ယူရေးစက်ရုံမှ ၂၀၁၅ တွင်သဘာဝဓာတ်ငွေ့ ကုဗပေ ၄,၈၆၉ ဒသမ ၄၅ သန်းခန့် ထုတ်ယူခဲ့ကာ ၂၀၁၆ တွင် ကုဗပေ ၁၃,၂၀၅ သန်းခန့် ထုတ်ယူခဲ့သည်။
‘‘ဒီဘက်က အပြည့်အ၀ပေး နိုင်ပေမယ့် စွမ်းအင်ဘက်က ဓာတ်ငွေ့မထုတ်ယူနိုင်သေးဘူး။ သူတို့တစ်ရက်ကို ကုဗပေသန်း ၅၀ လောက်သာ ထုတ်ယူနိုင် သေးတယ်’’ဟု တောင်သာဓာတ် ငွေ့ခွဲရုံမှ စီမံကိန်းတာဝန်ခံ
ကိုနေလင်းက ပြောသည်။
တောင်သာဓာတ်ငွေ့ခွဲရုံမှ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံကို ဓာတ်ငွေ့ပေးနေခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၂၅ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ
တည်ဆောက်ပြီးစီးမည်ဆိုပါက မြန်မာနိုင်ငံမှ ရရှိမည့် ဓာတ်ငွေ့ မာဏကို အကျိုးရှိစွာ အသုံးချနိုင် မည်ဟု ကိုနေလင်းက ပြောကြားသည်။
သဘာဝဓာတ်ငွေ့ ထုတ်ယူ မှုကို တရုတ်နိုင်ငံက ကုဗမီတာ သန်းဖြင့် တွက်ချက်၍ မြန်မာနိုင်ငံ က ကုဗပေ သန်းဖြင့် တွက်ချက် သည်။ ကုဗမီတာ တစ်သန်းလျှင် ကုဗပေ ၃၅ ဒသမ ၃၁၄ သန်း ခန့်ရှိသည်။
၂၀၁၇ တွင် သဘာဝဓာတ် ငွေ့ထုတ်ယူမှုသည် ကုဗပေ ၅,၉၀၉ ဒသမ ၂ သန်းခန့်သာရှိ သည်။ ၂၀၁၇ တွင် ဓာတ်ငွေ့ ထုတ်ယူမှုသည် ယခုနှစ် ဧပြီ ၂၆ ရက်မှ ယနေ့သတင်းရေးသားချိန် မေလ ၁၃ ရက်အထိ ပိုက်လိုင်း
သည် ဓာတ်ငွေ့ပို့လွှတ်မှုရပ်နား ထားသည်။
===================
251/End
၁၇ မေ ၂၀၁၇ - ၁၃:၃၃
News ID: 830303
မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာသန်း ၇၀၀ထုတ်ယူခွင့်ရှိသော်လည်း သုံးနှစ်အတွင်း သန်း ၆၀၀ ကျော်သာ ထုတ်ယူအသုံးပြုခဲ့ကြောင်း ကုမ္ပဏီ၏ ဓာတ်ငွေ့ထုတ်ယူမှု ကိန်းဂဏန်းများအရသိရသည်။