၂၃ မေ ၂၀၁၇ - ၁၃:၄၇
တရုတ်-မြန်မာ ပထမဆုံးအကြိမ် ရေကြောင်းစစ်ရေး ပူးပေါင်းလေ့ကျင့်

တရုတ်-မြန်မာနှစ်နိုင်ငံ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ရေကြောင်းစစ်ရေးလေ့ကျင့်မှုပြုလုပ် ခဲ့ကြောင်း တရုတ်သံရုံးက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်-မြန်မာနှစ်နိုင်ငံ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ရေကြောင်းစစ်ရေးလေ့ကျင့်မှုပြုလုပ် ခဲ့ကြောင်း တရုတ်သံရုံးက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

တရုတ်ရေတပ်၏ပင်လယ် ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်အုပ်စုသည် မေလ ၂၁ ရက်ထိ လာရောက်လည်ပတ်၍ မေလ ၂၁ရက် နေ့လယ် ၂ နာရီတွင် မုတ္တမပင်လယ်ကွေ့၌ မြန်မာ့တပ်မတော်(ရေ)နှင့် စစ်ရေးပူးပေါင်း လေ့ကျင့်ခဲ့သည်ဟု ဆို သည်။

လေ့ကျင့်မှုတွင်နှစ်နိုင်ငံရေ တပ်စစ်သင်္ဘောတို့ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း၊ သတ် မှတ်တည်နေရာ စုစည်းခြင်း၊ ရေ ယာဉ်စုကြား ဆက်သွယ်ခြင်းနှင့် သတင်းပို့ခြင်း၊ ရေယာဉ်အုပ်စု ကြား လှုပ်ရှားမှု၊ ပူးပေါင်းရှာဖွေ ကယ်ဆယ်ရေးနှင့် လမ်းကြောင်း ခွဲ မောင်းနှင်ခြင်းပုံစံ စသည်တို့ပါ ဝင်သည်။

စစ်ရေးလေ့ကျင့်မှုတွင် မြန် မာ့တပ်မတော် (ရေ)၊ ဖရီးဂိတ် စစ်သင်္ဘောအောင်ဇေယျ (F-11) နှင့်ကော်ဗက်သင်္ဘော အနော်ရထာ (771) တို့ပါဝင်သည်။

စစ်ရေးလေ့ကျင့်ချိန်တွင် တ ရုတ်စစ်သင်္ဘော (Chang Chun) နှင့် အောင်ဇေယျစစ်သင်္ဘောမှ တပ်ဖွဲ့၊ တရုတ် Jing Zhou စစ် သင်္ဘောနှင့် အနော်ရထာစစ်သ င်္ဘောတပ်ဖွဲ့ စုစုပေါင်းနှစ်ဖွဲ့ခွဲကာ သတင်းပေးပို့မှုဆိုင်ရာများ လေ့ကျင့်ခဲ့၍ ရေယာဉ်အုပ်စုဖွဲ့စည်းမှုဆိုင်ရာ လေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ကြေညာသည်။

ထို့အပြင် ရှာဖွေကယ်ဆယ်မှုဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး တည်နေရာကို လျင်မြန်စွာသွားရောက်ကယ်ဆယ်မှု လုပ်ငန်းကို လေ့ကျင့်ခဲ့သည်။

တရုတ်-မြန်မာ စစ်ရေး လေ့ကျင့်မှု စုစုပေါင်း ၃ နာရီပြုလုပ်ခဲ့ပြီး ညနေ ၅နာရီတွင် ပြီးဆုံးခဲ့ သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ကြေညာသည်။

ထိုလေ့ကျင့်မှုနှင့်ပတ်သက် ပြီး မြန်မာ့တပ်မတော် (ရေ) စစ်ဦး စီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်မိုး အောင်က ယခုလေ့ကျင့်မှုက ဒေ သတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

တရုတ်သံအမတ်ကြီး ဟုန်လျန်က နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ၏ နိုင်ငံရေးအရအပြန်အလှန် ယုံကြည်မှု ပိုမိုမြင့်မားသည့် အဆင့်တစ်ခု ရောက်ခဲ့ကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

===================
251/End