၂၃ မေ ၂၀၁၇ - ၁၉:၀၃
၂၁ ရာစုပင်လုံရလဒ် ဖက်ဒရယ်အခြေခံကောင်းဖြစ်ရန် ကေအန်ယူကြိုးပမ်းမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံကောင်းတွေ ဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံကောင်းတွေ ဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ မနက်ဖြန် စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူတူးစေးဖို့ ဦးဆောင်တဲ့ကိုယ်စားလှယ် ၂၉ ဦး နေပြည်တော်မှာ ရောက်ရှိနေပါတယ်။

ဒီညီလာခံမှာ ကရင်အမျိုးသားအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မှာ ဆွေးနွေးရရှိခဲ့တဲ့ ကရင်အမျိုးသားတို့ရဲ့ ဆန္ဒသဘောထားတွေကို အခြေခံရပ်တည်ကိုင်စွဲပြီး အားလုံးလက်ခံနိုင်တဲ့ အခြေခံမူဝါဒတရပ်ရရှိရေးအတွက် ဆွေးနွေးသွားမယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ညီလာခံရနေရရှိလာမယ့် ဆွေနွေးချက်တွေကို မိမိအဖွဲ့အစည်း၊ ကရင်အမျိုးသား အဖွဲ့စည်းနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကို ပြန်ရှင်းလင်းချပြ ဆွေးနွေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

===================
251/End