၂၄ မေ ၂၀၁၇ - ၁၇:၁၇
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဘယ်လိုရလဒ်ထွက်မလဲ

အဝတ်အစား ပြသည့် ပုံစံမဟုတ်ဘဲ နိုင်ငံရေးဆုံးဖြတ်ချက် ရလဒ်များ ထွက်ပေါ်လာရန် ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့် ၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးကို ယနေ့ (မေလ ၂၄ ရက်) စတင်လိုက်ပြီဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အဝတ်အစား ပြသည့် ပုံစံမဟုတ်ဘဲ နိုင်ငံရေးဆုံးဖြတ်ချက် ရလဒ်များ ထွက်ပေါ်လာရန် ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့် ၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးကို ယနေ့ (မေလ ၂၄ ရက်) စတင်လိုက်ပြီဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို ခြောက်လတစ်ကြိမ် ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရကစီစဉ်ထားသည်။၂၁ ရာစုပင်လုံဒုတိယအစည်းအ ဝေးကို မူလက ၂၀၁၇ ဖေဖော်ဝါရီ အတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း သတ်မှတ်ရက်ထက် သုံးလခန့် နောက်ကျမှ ကျင်းပနိုင်ခဲ့သည်။

အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးရလဒ်ထွက်ပေါ်လာရန် ဆောင်ရွက်မည်ဟု အစိုးရက ထုတ်ဖော်ပြောကြားထားသည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမစုံလင်ခြင်း၊ ညီလာခံမတိုင်မီ NCA ရေးထိုးထားသည့် အဖွဲ့အချို့က အမျိုးသားအဆင့်နိုင်ငံ ရေး ဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရရှိ ခြင်းတို့ကြောင့် မျှော်မှန်းထားသည့် ရလဒ်မထွက်ပေါ်နိုင်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေ သည်။

ပြည်တွင်းသာမက နိုင်ငံတကာကပါ စောင့်ကြည့်နေသည့်  ၂၁ ရာစုပင်လုံညီလာခံတွင် မည်ကဲ့သို့ ရလဒ်များ ထွက်ပေါ်လာမည်ဆိုသည်က စိတ်ဝင်စားဖွယ်ကောင်း နေသည်။

‘ပင်လုံ’ဆိုသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ၁၉၄၇ ဖေဖော် ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ချုပ်ဆိုခဲ့သည့် သမိုင်းဝင်ပင်လုံစာချုပ်ကို မြင်ယောင်မိကြမည်ဖြစ်သည်။

သို့သော်လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၂၁ ရာစုပင်လုံညီလာခံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ခန့်နှင့် မတူကွဲပြားခြားနားမှု၊ ထူးခြားမှု များရှိသည်။

၁၉၄၇ က ပြုလုပ်ခဲ့သည့် ၂၀ ရာစုပင်လုံညီလာခံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ် မြောက်ရေးကို ဦးတည်သည်။ တောင်တန်းနှင့် ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေး အတူတကွရယူ၍ နိုင်ငံတစ်ခု ထူထောင်ရေးကို အဓိ ကဦးတည်ကြောင်း သမိုင်းကျွမ်းကျင်သူများက ဆိုသည်။ ၂၁ ရာ စုပင်လုံညီလာခံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးမှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ရည်ရွယ်သည်။ လွတ်လပ်ရေးရပြီးချိန်ကစ၍ နှစ် ပေါင်း ၆၀ ကျော်ကြာ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာရန် ၂၁ ရာစုပင်လုံညီလာခံကို တံခါးပေါက်တစ်ခုအဖြစ် ဒီမိုကရေစီအစိုးရသစ်က မျှော်လင့်သည်။

၁၉၄၇ ပင်လုံညီလာခံတွင် ကချင်၊ ရှမ်း၊ချင်း၊ ဗမာစသည့် တိုင်းရင်းသားခေါင်းဆောင်များသာ ပါဝင်ခဲ့သော်လည်း ၂၁ ရာစု ပင်လုံတွင် ထို့ထက်ပို၍ တိုင်းရင်းသားခေါင်းဆောင်များ စုံလင်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ၂၁ ရာစုပင်လုံ ညီလာခံသည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) ကို အခြေခံ ထားသည်။ NCA ကို သမ္မတ ဟောင်း ဦးသိန်းစိန်အစိုးရလက် ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေး ထိုးထားခြင်းဖြစ်သည်။ NCA တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခြင်းမရှိ၍ လည်း အစိုးရကို ပြင်းထန်စွာ ဝေ ဖန်မှုများ ယင်းအချိန်က ရှိခဲ့သည်။NCA ပြဋ္ဌာန်းချက်များအရ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးသိန်းစိန်အစိုးရသက်တမ်းမကုန် မီ လပိုင်းအလိ ၂၀၁၆ ဇန်နဝါရီက ပထမဆုံးအကြိမ် နေပြည်တော်တွင် ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက် ထက်တွင်မူ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံဟု ပြောင်းလဲ၍ ၂၀၁၆ သြဂုတ် လနှောင်းပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆယ်စုနှစ် ခြောက်ခု ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ကို နိုင်ငံရေးနည်းအရ အဖြေရှာနိုင်ရန် ၂၁ ရာစုပင်လုံအစည်းအဝေး များကို ပထမ၊ ဒုတိယစသည့် လုပ်ငန်းစဉ် (Process)ပုံစံဖြင့် ခြောက် လတစ်ကြိမ် ကျင်းပသွားရန် အစိုးရက ရည်ရွယ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို ခွဲထွက်ခွင့်မပါသည့် ပင်လုံစိတ်ဓာတ်အပေါ် အခြေခံကာ ပြုလုပ်မည် ဖြစ်ကြောင်း ရှင်းလင်းစွာ အသိ ပေးထားသည်။

ဦးသိန်းစိန်လက်ထက်က ကျင်းပခဲ့သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအပါအဝင် ယခင်ညီလာခံ နှစ်ကြိမ်စလုံးတွင် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ တစ်စုံတစ်ရာ ချမှတ်နိုင် ခြင်းမရှိခဲ့ပေ။ လာမည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်မူ ပြည်သူများ မျှော်လင့်နေသည့်

နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း ရှိ၊ မရှိကိုတော့ စောင့်ကြည့်ရမည် ဖြစ်သည်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကတော့ ယခုကဲ့သို့ မှတ်ချက်ပြုသည်။

‘‘ဒီတစ်ခေါက်ညီလာခံက အရည်မရ အဖတ်မရ ပုံစံမျိုးတော့ မဟုတ်ဘူးဗျ။သေချာဆွေးနွေးပြီး မှ နိုင်ငံရေးနဲ့ ဆိုင်တဲ့ သဘောထား ဆုံးဖြတ်ချက်တစ်ခုထွက်ဖို့ လိုအပ်တယ်။ အဲဒါက တကယ်လည်း ဖြစ်မှာပါ။ ဒါအားလုံး ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်’’

===================
251/End