၂၇ မေ ၂၀၁၇ - ၁၄:၄၂
၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့ ကျင်းပမည့် အချိန်ရွှေ့ဆိုင်း

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မနက်ဖြန်မနက် ကျင်းပမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မနက်ဖြန်မနက် ကျင်းပမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီမှာ UPDJC အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားပေမယ့် မပြုလုပ်ဖြစ်တော့တဲ့အကြောင်း ဦးဇော်ဌေးက အခုလို ပြောတာပါ။

“အဓိက တစ်ချက်ကို PPST ခေါင်းဆောင်တွေ ညနေပြန်ထိုင်မယ်။ အဲဒါပြီးမှာပဲ UPDJC လုပ်လို့ရမှာ။ ဆိုတော့ UPDJC ကို မနက်ဖြန်မနက် ၉ နာရီ ရွှေ့လိုက်မယ်။ ညီလာခံကို နေ့လယ်ပိုင်းရွှေ့လိုက်မယ်။ PPST ခေါင်းေ်ဆာင်တွေက ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့က အခုပြန်သွားပြီ။ ဒီည သူတို့ ပြန်ထိုင်ဦးမယ်။”

၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

===================
251/End