အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘုရင့်နောင်ပွဲရုံများ မပြောင်းရွှေ့ရေး အာမခံပြီး လို အပ်ပါက တပ်မတော်နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြမည်ဟု ဘုရင့်နောင်ကုန် စည်ဒိုင်ဥက္ကဋ္ဌဦးခင်ဟန်က မေလ ၂၇ ရက်တွင် ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘုရင့်နောင် ကုန်စည်ဒိုင် သည် စီးပွားရေးအရ အချက်အ ချာကျသည့်နေရာတွင် တည်ရှိ၍ ကုန်ဈေးနှုန်းအတက်အကျကိုပင် ပြုလုပ်နိုင်ခြေရှိသည့် နေရာတစ်ခု ဖြစ်ကာ ဘုရင့်နောင်ပွဲရုံမှ ပိုင်ရှင် များသည် နှစ်စဉ်နိုင်ငံတော်သို့ အခွန် ကျပ်သိန်း ၂၄,၀၀၀ ခန့် ပေးဆောင်နေသည်ဟု ဦးခင်ဟန် က ပြောသည်။
ထို့အပြင် ဘုရင့်နောင်ပွဲရုံ မြေအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ မြေဖိုးပေးသွင်း၍ အဆောက်အ အုံဆောက်လုပ်ခြင်း၊ လမ်းများ ပြုပြင်ခြင်း၊ လျှပ်စစ်မီးတိုင်များ ပြောင်းလဲခြင်း၊ မီးသတ်ဌာနသီး သန့်ထားရှိခြင်း၊ အမှိုက်၊ သန့်ရှင်း ရေးတို့ကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရသည်ဟု ဆိုသည်။
‘‘တခြားဈေးတွေလို မဟုတ် ဘူး။ ကိုယ့်ကွင်း ကိုယ်ပဲ ထိန်းခဲ့ရ တာ။ ဒီဟာတွေကြောင့် လုံးဝစိတ် ပူစရာမလိုဘူး’’ ဟု ဦးခင်ဟန်က ပြောသည်။
ဘုရင့်နောင် ပွဲရုံတန်းအ တွင်းအချိန်ကြာမြင့်စွာ ယာဉ်ပိတ် ဆို့မှုများရှိခဲ့ခြင်းကြောင့် ကား ကြီးဝင်းကို ရွှေ့ပြောင်းရန် စီစဉ် ပြီး အစိုးရထံမှ မြေနေရာတောင်း ယူခဲ့ခြင်းဖြစ်သည်။ ကားဝင်းအ တွက် မြေတောင်းယူမှုကို ရန်ကုန် တိုင်းဝန်ကြီးချုပ်က ဘုရင့်နောင် ပွဲရုံတန်းပါဝင်သည်ဟု ထင်မှတ် ၍ ပြောင်းရွှေ့ရမည်ဟု ပြော ကြားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။
ဘုရင့်နောင်ပွဲရုံတန်းတွင် ပွဲ ရုံစုစုပေါင်း တစ်ထောင်ကျော်ရှိ၍ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ကားဂိတ် ၃၀၀ ကျော်ရှိသည်။ ဘုရင့်နောင်ပွဲရုံတန်း မြေနေရာသည် တပ်မတော်ပိုင်ဖြစ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နှစ် ၃၀ ငှားရမ်းကာ ပွဲရုံပိုင်ရှင်များအား ၂၅ နှစ် ဂရန်ဖြင့် ပြန်လည်ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။
လာမည့် ၂၀၂၁ တွင် တပ်မ တော်ထံမှ စည်ပင်သာယာရေး ကော်မတီက ဘုရင့်နောင်ကုန် စည်ဒိုင်မြေအတွက် ငှားရမ်းထား မှု အချိန်နှစ် (၃၀) ပြည့်မည်ဖြစ် သည်။ လက်ရှိဘုရင့်နောင်ဈေးနှင့် ကုန်စည်ဒိုင် ဖွင့်လှစ်ထားသည့် နေရာသည် တပ်မတော်ပိုင်မြေ နေရာဖြစ်နေခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် နေခြင်းတို့ကြောင့် ၀ါးတရာသို့ ပြောင်းရွှေ့မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မေ လ ၂၀ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံပွဲ၌ ပြောကြားခဲ့သည်။
ရွှေပြည်သာမြို့နယ် ၀ါးတ ရာရှိ မြေ ၁၉၇ ဧကကျော်တွင် လက်ရှိဘုရင့်နောင်ကားကြီးဝင်း နှင့် ကားဂိတ်များသာ ပြောင်း ရွှေ့မည်ဖြစ်သည်။
‘‘ဘုရင့်နောင်ပွဲရုံကို စတင် တည်ဆောက်စဉ်က ကားလမ်း တွေကို ၁၆ ပေ အရှည်ရှိတဲ့ ခြောက်ဘီးတို့၊ ဆယ်ဘီးကားတွေ အတွက်ပဲ ရည်ရွယ်ပြီး လုပ်ခဲ့ တယ်။ အခုကျတော့ ကားတွေက ပေ ၄၀ အရှည်တွဲကားတွေဆို တော့ လမ်းကပိတ်ရောပဲ’’ ဟု မဏ္ဍိုင်သယ်ယူပို့ဆောင်ရေးလုပ် ငန်းရှင်ဦးလှဦးက ပြောသည်။
ဘုရင့်နောင်ပွဲရုံတန်းရှိ နှစ် ခန်းတွဲ ပွဲရုံတစ်လုံး၏တန်ဖိုးသည် ကျပ်သိန်း ၇,၀၀၀ မှ ၈,၀၀၀ အကြား ရှိနေခြင်း၊ ပြောင်းရွှေ့ရာတွင် နေရာအသစ်၌ လုပ်ငန်းအထိုင်ကျရန် အချိန်လေး ငါးနှစ်ယူရခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုများ ရှိနိုင်ခြင်း၊ အလုပ်သမားများ၏ သွားလာရေးခက်ခဲခြင်း စသည်တို့ကြောင့် ပွဲရုံပိုင်ရှင်များက ၀ါးတရာသို့ ရွှေ့ပြောင်းရန် စိုးရိမ်နေကြသည်။
‘‘ပြောင်းရွှေ့မယ်ဆိုရင် စီး ပွားရေးအတွက်တော့ အခက်အခဲ ရှိလာမှာပဲ’’ ဟု မြန်မာနိုင်ငံပဲမျိုး စုံနှင့်နှမ်းကုန်သည်အသင်း တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်ကို ၀ါးတရာသို့ ပြောင်းရွှေ့မည်ဆို ပါက လက်ရှိနေရာထက် တစ်နာ ရီကျော်ပိုမိုသွားရောက်ရမည်ဖြစ် ၍ ကုန်ပစ္စည်းများပို့ဆောင်ရေး တွင် အပိုကုန်ကျစရိတ်များရှိလာ ကာ ဘုရင့်နောင် ကုန်စည်ဒိုင်၌ လုပ်ကိုင်နေသည့် အလုပ်သမား များအတွက် အခက်အခဲများဖြစ် လာနိုင်သည်ဟု ဆန်ကုန်သည် ဦးနေလင်းဇင်က ပြောသည်။
===================
251/End
၂၈ မေ ၂၀၁၇ - ၁၅:၅၇
News ID: 832561
ဘုရင့်နောင်ပွဲရုံများ မပြောင်းရွှေ့ရေး အာမခံပြီး လို အပ်ပါက တပ်မတော်နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြမည်ဟု ဘုရင့်နောင်ကုန် စည်ဒိုင်ဥက္ကဋ္ဌဦးခင်ဟန်က မေလ ၂၇ ရက်တွင် ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။