၂၉ မေ ၂၀၁၇ - ၁၈:၁၅
၂၁ ရာစုပင်လုံညီလာခံမှာ ဘာတွေသဘောတူညီချက်ရပြီလဲ

ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်ကဏ္ဍ ကြီးငါးခုကို သုံးရက်အတွင်း ဆွေးနွေးခဲ့ရာ စီးပွားရေးကဏ္ဍ၊လူမှုရေး ကဏ္ဍနှင့် မြေယာမူဝါဒတို့တွင် အချက်အားလုံး သဘောတူညီမှုရခဲ့ ၍ နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ၌ သာ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိ နေကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ  ဒုတိယအစည်းအဝေးတွင်ကဏ္ဍ ကြီးငါးခုကို သုံးရက်အတွင်း ဆွေးနွေးခဲ့ရာ စီးပွားရေးကဏ္ဍ၊လူမှုရေး ကဏ္ဍနှင့် မြေယာမူဝါဒတို့တွင် အချက်အားလုံး သဘောတူညီမှုရခဲ့ ၍ နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ၌ သာ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိ နေကြောင်း သတင်းရရှိသည်။

ကဏ္ဍငါးခု အချက် (၄) ချက်

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ ဆုံးဖြတ်ချက်အရ ပင်လုံဒုတိယ အစည်းအဝေးတွင် ကဏ္ဍငါးခုကို ဆွေးနွေးရာ နိုင်ငံရေးကဏ္ဍ၌ ဖက်ဒရယ်ဆိုင်ရာ သဘောတူညီ ချက်များအပါအ၀င် အချက် ၂၁ ချက်၊ စီးပွားရေးကဏ္ဍခေါင်းစဉ် ခုနစ်ခုဖြင့် အချက် ၁၀ ချက်၊ လူမှုရေးကဏ္ဍ၌ အချက် လေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ၌ အချက်ခြောက်ချက် စုစု ပေါင်း ၄၁ ချက်ကို အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး ပါတီများပါဝင်သော ဆွေးနွေး ဖက် ငါးဖွဲ့က အကြိတ်အနယ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ထို့အ ပြင် အချက် ၄၁ ချက်တွင် မပါဝင်သည့် လုံခြုံရေးကဏ္ဍမှ တစ်ခု တည်းသော တပ်မတော်နှင့် ပတ် သက်၍ ဆွေးနွေးခဲ့သည်။

UPDJC ကို တစ်နိုင်ငံလုံးအ ပစ်ရပ်စာချုပ် (NCA) အရ ဖွဲ့စည်းထားခြင်းဖြစ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေး အပါအ၀င် နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပရန် အဓိကတာဝန်ခံ သည်။ UPDJC ကို အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ နိုင်ငံရေးပါ တီများ၊ NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၄၈ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ဥက္ကဋ္ဌသည် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ဖြစ်သည်။

နိုင်ငံရေးကဏ္ဍ

နိုင်ငံရေးကဏ္ဍတွင် ဆွေး နွေးခဲ့သည့် အချက် ၂၁ ချက် ရှိရာ ပြည်ထောင်စုမှ ခွဲမထွက်ရဆို သည့်အချက်၌ အဓိကအငြင်းအ ခုံဖြစ်ခဲ့သည်။ အချို့အချက်များ တွင် အစုအဖွဲ့လိုက် ပြန်လည် တင်ပြမှုများရှိခဲ့၍ မပြီးပြတ်သေး ကြောင်း ကိုယ်စားလှယ်များက ပြောသည်။

‘‘အချက်များများတော့ မရှိပါဘူး။ အဓိကျတဲ့ အချက်တစ်ခုလို့ဆိုနိုင်တဲ့ ခွဲမထွက်ရေးကိစ္စပါ ပဲ။ အဲဒီအချက်မှာ မတူညီတဲ့ အမြင်တွေထွက်တယ်။ ဆွေးနွေးဆဲအဆင့်နဲ့ပဲ ပြီးသွားတာ’’ ဟုUPDJC အတွင်းရေးမှူးအဖွဲ့ဝင်ဒေါက်တာမနမ်တူးဂျာက ပြော သည်။

နိုင်ငံရေးကဏ္ဍတွင် သဘော တူညီနိုင်ခဲ့သည့် အချက်နှင့် သ ဘောမတူညီနိုင်ခဲ့သည့် အချက် များကို ကိုယ်စားလှယ်များက အ သေးစိတ် ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

လုံခြုံရေးကဏ္ဍ

လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူဝါဒကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်ဆွေးနွေးရာ သဘောထား စုစည်းချက်သုံးရပ်ရရှိကာ ယခုညီ လာခံ၌ ဆုံးဖြတ်မှုမပြုဘဲ နောင် လာမည့် ညီလာခံများတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်းညီလာခံ ကိုယ်စားလှယ်များကပြောသည်။ နိုင်ငံတော်ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များကို ပြည့်စုံကောင်းမွန်စွာ ဆွေးနွေးနိုင်ရန် နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုမှ ထွက်ပေါ်လာသော ရလဒ်များအ ပေါ် အခြေခံစဉ်းစားရမည်ဖြစ်၍ သဘောတူညီချက်များ ချမှတ်ခဲ့ခြင်းမရှိသေးဘဲ အသေးစိတ်ဆွေး နွေးမှုများကိုသာ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ ယခုကျင်းပသည့် ညီလာခံတွင် ဆွေးနွေခဲ့သော လုံခြုံရေးကဏ္ဍမှရရှိသည့် ဆွေးနွေးချက်များကို လုပ်ငန်းကော်မတီ အစည်းအဝေးများ၌ ဆက်လက်ဆွေးနွေးရန် ပေးပို့မည်ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ စာတမ်းတစ်စောင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မှ စာတမ်းတစ်စောင်၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ စာတမ်းတစ် စောင် တင်သွင်းထားသည်။

စီးပွားရေးနှင့် လူမှုရေးကဏ္ဍ

စီးပွားရေးကဏ္ဍတွင် အချက်အားလုံးသဘောတူညီနိုင်ခဲ့၍ လူမှုရေးကဏ္ဍ၌ အချက်လေး ချက် အပြီးသတ်သဘောတူညီမှု ရရှိခဲ့ကြောင်း မေလ ၂၇ ရက် နံနက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် UPDJC အတွင်း ရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ ကပြောသည်။ စီးပွားရေးကဏ္ဍ တွင် UPDJC က အဆိုပြုတင်ပြ သည့် အချက်ရှစ်ချက်စလုံးကို ကန့်ကွက်သူမရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

သဘာဝပတ်ဝန်းကျင်နှင့် မြေယာ ကဏ္ဍ

သဘာဝပတ်ဝန်းကျင်နှင့်မြေ ယာကဏ္ဍတွင် ဆွေးနွေးခဲ့သည့် ခြောက်ချက်ကို အားလုံးသဘော တူညီမှုရရှိကာ ပြန်လည်စုစည်း၍ UPDJC အစည်းအဝေး၌ အတည် ပြုရန် ညှိနှိုင်းမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောသည်။

သုံးရက်တာဆွေးနွေးမှုများ ကို မေလ ၂၈ ရက်တွင်ပြုလုပ်မည့်UPDJC အစည်းအဝေး၌အတည် ပြုမည် ဖြစ်သည်။

===================
251/End