အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အသိပညာနုနယ် သည့် သားသမီးများအတွက် ဖြောင့်မတ်မှန်ကန်သည့် နည်း လမ်းများဖြင့် လမ်းညွှန်ပေးရန် လို အပ်ပြီး ကလေးများကို စာပေဖတ် ရှုလေ့လာတတ်သည့် အလေ့အ ထများပေါ်ပေါက်လာရေး မိဘ များက ဖြည့်ဆည်းဖန်တီးပေးရန် နိုင်ငံတော်သမ္မတဦးထင်ကျော်က တိုက်တွန်းပြောကြားသည်။
ဇွန်လ ၂ ရက်က ရှမ်းပြည် နယ် တောင်ကြီးတက္ကသိုလ်တွင် ပြုလုပ်သည့် ကလေးစာပေပွဲ တော်ဖွင့်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နည်းပညာ ဖွံ့ဖြိုးတိုးတက် သည့် ယနေ့ကာလတွင် ကလေး ငယ်များ၏ အတွေးအခေါ်အယူ အဆများ၊ အပြောအဆိုယိမ်းယိုင်သွားစေနိုင်သည့် ဖျော်ဖြေရေးနည်းများ၊ ကစားနည်းများသည် ပုံစံအမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်နေသည်ကို မိဘများက အထူးသတိထားရန်လို ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောသည်။
ထိုသို့သောအခြေအနေတွင် မိမိတို့၏ ကလေးများကို စာပေ ဖတ်ရှုလာရေး၊ စာကြည့်တိုက်ဝန်းကျင်တွင် မွေ့လျော်စေရန် စည်းရုံးရေးသည် လွယ်ကူမည်မဟုတ်သော်လည်း ကလေးများအနာဂတ် တိုးတက်ကောင်းမွန်လာရေး မဖြစ်မနေ ဝိုင်းဝန်းလုပ် ဆောင်ပေးရန်လိုကြောင်း ဦးထင် ကျော်ကပြောသည်။
အဆိုပါ ကလေးစာပေပွဲ တော်ကို ဇွန်လ ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာ တောင်ကြီးတက္ကသိုလ်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းပွဲတော်၌ ကျပန်းစကားပြော၊ ကဗျာရွတ်၊ ပုံပြော၊ ဆေးရာင်ခြယ်၊ အရုပ်စက္ကူခေါက်ပြိုင်ပွဲ အပါအဝင် ကလေးကစားနည်း ပြိုင်ပွဲများ ပါဝင်ပြီး ပြခန်း ၃၂ ခန်း ကျော်၊ စာအုပ်အရောင်းဆိုင် ၆၀ ကျော်တို့ ပါဝင်ပြသမည်ဖြစ် သည်။
အဆိုပါ ကလေးစာပေပွဲ တော်များကို နေပြည်တော်၊ ရန် ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ခရိုင်မြို့ကြီး ၁၁ မြို့တို့တွင် ပြည် ထောင်စုဝန်ကြီးဌာနများနှင့် သက် ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ ပူးပေါင်းပြုလုပ် ခဲ့သည်။
===================
251/End
၃ ဇွန် ၂၀၁၇ - ၁၄:၅၀
News ID: 833924
အသိပညာနုနယ် သည့် သားသမီးများအတွက် ဖြောင့်မတ်မှန်ကန်သည့် နည်း လမ်းများဖြင့် လမ်းညွှန်ပေးရန် လို အပ်ပြီး ကလေးများကို စာပေဖတ် ရှုလေ့လာတတ်သည့် အလေ့အ ထများပေါ်ပေါက်လာရေး မိဘ များက ဖြည့်ဆည်းဖန်တီးပေးရန် နိုင်ငံတော်သမ္မတဦးထင်ကျော်က တိုက်တွန်းပြောကြားသည်။