၄ ဇွန် ၂၀၁၇ - ၁၇:၁၅
နှစ်လောင်းပြိုင်လူသတ်မှုအပေါ် ရဲတပ်ဖွဲ့ထုတ်ပြန်ချက် ဝေဖန်မှုမြင့်တက် စစ်ဆေးပေါ်ပေါက်ချက်အတိုင်း တင်ပြခြင်းဟု တာဝန်ရှိသူပြော

သာကေတမြို့နယ်၌ ဖြစ်ပွားသော နှစ်လောင်းပြိုင်လူ သတ်မှုသည် ခင်ပွန်းဖြစ်သူက ဇနီးကိုသတ်ပြီး ကိုယ်ကိုယ့်ကိုယ် သတ်သေခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်ကို ဝေဖန်စောကြောမှုများ မြင့်တက်နေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သာကေတမြို့နယ်၌ ဖြစ်ပွားသော နှစ်လောင်းပြိုင်လူ သတ်မှုသည် ခင်ပွန်းဖြစ်သူက ဇနီးကိုသတ်ပြီး ကိုယ်ကိုယ့်ကိုယ် သတ်သေခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်ကို ဝေဖန်စောကြောမှုများ မြင့်တက်နေသည်။

လူနေရပ်ကွက်များ၊လုပ်ငန်း ခွင်များတွင် ယင်းလူသတ်မှုဖြစ် စဉ်အကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန် ချက်အပေါ် ပြောဆိုငြင်းခုံနေ သည်။ အထူးသဖြင့် လူမှုကွန်ရက် တွင် ရဲတပ်ဖွဲ့ထုတ်ပြန်ချက် (Yangon Police Account) အောက်တွင် စိတ်ဝင်စားဖွယ်ရာ မှတ်ချက်များ ၀င်ရောက်ရေးသား ခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် လူသတ်မှုနှင့်သက်ဆိုင် သည့် ပုံကိုးပုံကိုတင်ခဲ့ပြီး ပုံတစ်ပုံ ချင်းစီအောက်၌ မှတ်ချက်အ မြောက်အမြား ရေးသားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြစ် စဉ်ကို စုံစမ်းဖော်ထုတ်ချက်အရ နှစ်လောင်းပြိုင် လူသတ်မှုသည် ခင်ပွန်းက ဇနီးကိုသတ်ပြီး  ကိုယ် ကိုယ့်ကိုယ် သေကြောင်းကြံစည် ခဲ့ခြင်းဖြစ်ကြောင်း ၁၆ နာရီအ တွင်း (ဇွန်လ ၁ ရက် ည ၁၁ နာရီ ခွဲခန့်) စုံစမ်းဖော်ထုတ်ကာ သ တင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မေလ ၃၀ ရက်တွင် Capital Hyper Market မှ တူနှင့်ဓားမ၀ယ် ယူခဲ့ခြင်း၊ ဒဏ်ရာများတွင် မိမိ ကိုယ်ကိုယ် သတ်သေရန် ရည် ရွယ်၍ ဘယ်၊ ညာ လက်ကောက် ၀တ်သွေးပြန်ကြောလှီးဖြတ်ဒဏ် ရာတစ်ချက်စီတွေ့ရသည့်အပြင် ဇနီးသည်၏ ဒဏ်ရာတွင် တူဖြင့် နားထင်ကို ထုသဖြင့် ချိုင့်ဝင်ဒဏ် ရာတွေ့ရှိရခြင်းတို့ကြောင့် ၎င်း သည် ဇနီးအား တူနှင့်ဓားကို အ သုံးပြု၍သတ်ပြီး ကိုယ်တိုင် မိမိ ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ် ပြန်ချက်၌ဖော်ပြထားသည်။

သေဆုံးနေသော ဗစ်တာရာ ဂျေး၏ ၀ဲဘက်လက်ကောက်ဝတ် သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာပုံ ကို ရဲတပ်ဖွဲ့က ဖော်ပြထားရာ သွေးမထွက်ကြောင်း ထောက်ပြ ပြီး သေဆုံးပြီးမှသာ လှီးဖြတ်ထား ခြင်းဟု မှတ်ချက်ပြုခဲ့သည်။

‘‘နောက်တစ်ချက်က လက် တစ်ဖက်ကို လှီးပြီး နောက်လက် တစ်ဖက်ကို ဒဏ်ရာရတဲ့လက်နဲ့ လှီးနိုင်ပါဦးမလား။ နောက်အ ချက်က ကိုယ့်ကိုယ်ကိုယ် လက် လှီးပြီး သတ်သေမယ့်သူက ဗိုက် ကို အရင်ဓားနဲ့ထိုးနေပါ့မလားစဉ်း စားဗျာ။ ပြီးတော့ လက်ကိုလှီးပြီး သတ်သေသူတွေမှာ Hesitation Wound လို့ခေါ်တဲ့ မ၀ံ့မရဲလှီးမိတဲ့ ကနဦးဒဏ်ရာတွေ စမ်းလှီးပြီး မမိတဲ့ဒဏ်ရာတွေ ရှိတယ်။ အ ဆိုးဆုံးအချက်ကတော့ ပုံခေါင်း စဉ်လို သွေးပြန်ကြောလှီးရင် မရ ပါ။ သွေးလွှတ်ကြောကို လှီးမှသာ သွေးထွက်လွန်၍ သေမည်ဖြစ် သည်’’ ဟု Lwin Myat အကောင့် ပိုင်ရှင်က ရေးသားထားသည်။

ဗစ်တာရာဂျေးက Capital Hyper Market မှ တူနှင့်ဓားမ ၀ယ်ယူခဲ့ခြင်းနှင့်ပတ်သက်၍ အိမ် တွင် သုံးရန်ဝယ်ခဲ့ခြင်းဖြစ်နိုင်ပြီး လူသတ်သမားက အိမ်ထဲတွင် ရှိ သည့်ပစ္စည်းဖြင့်ပင် သတ်ခြင်းဖြစ် နိုင်ကြောင်း ကသစ်ပန်းအကောင့် ပိုင်ရှင်က သုံးသပ်သည်။

ရဲမှတ်တမ်းတွင်မူ နေအိမ် တွင် လုံခြုံရေးကင်မရာ (စီစီတီ ဗီ)လေးလုံးတပ်ဆင်ထားပြီး မေ လ ၃၁​ ရက်နံနက် ၆ နာရီမှ ဇွန်လ ၁ ရက်နံနက် ၈ နာရီအထိ ၂၆ နာရီကြာ စီစီတီဗီမှတ်တမ်းများအ ရနှင့် လုံခြုံရေးဝန်ထမ်း၏ ပြောပြ ချက်အရ နေအိမ်ခြံဝင်းအတွင်း ၀င်ထွက်သွားလာမှုမရှိကြောင်း ဖော်ပြထားသည်။

ဗစ်တာရာဂျေးသည် အလုပ် ခုနစ်ခု ပြောင်းလဲပြီးနောက် လတ် တလောတွင် အလုပ်အကိုင်မရှိဘဲ  အကြွေးများစွာရှိနေပြီး ဇနီးကိုပင် ကျပ်သိန်း ၅၀ ပေးရန်ရှိနေကာ အခင်းဖြစ်သည့်နေ့က ၎င်း၏အိပ် ခန်းကို သန့်ရှင်းရေးမ၀င်ရောက် ရန် မှာကြားထားပြီး လုံခြုံရေးဝန် ထမ်းကို မည်သူကလာရောက်မေး မြန်းသည်ဖြစ်စေ အိမ်တွင်မရှိဘဲ နိုင်ငံခြားသို့ ပြန်သွားကြောင်း ပြောဆိုရန်မှာ ကြားထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် အခြားစိတ်ဝင်စား ဖွယ်အချက်တစ်ခုသည် မေလ၃၀ ရက် (အခင်းမဖြစ်ပွားမီတစ်ရက်) က နိုင်ငံပိုင်မြန်မာ့အလင်းသတင်း စာတွင်ပါရှိသော မစ္စတာ ဗစ်တာ ရာဂျေးနှင့် ပတ်သက်သော ကြော် ငြာတစ်ခုဖြစ်သည်။

The OneGroup ကုမ္ပဏီက ဗစ်တာရာဂျေးကို မေလ ၁၁ ရက် တွင် အလုပ်ထုတ်ပယ်ခဲ့ကြောင်း၊ The One Group ကုမ္ပဏီ၏ General Manager ရာထူးတာ ၀န်ထမ်းဆောင်ခဲ့သော ဗစ်တာ ရာဂျေးသည် မေလ ၃ ရက်တွင် ကုမ္ပဏီ Letter Head ရိုက်နှိပ် ထားသော စာရွက်စာတမ်းများကို ထုတ်ယူခဲ့ရာ ပြန်လည်ရှင်းလင်း အပ်နှံခြင်းမရှိ၍ အလုပ်ထုတ်ပြီး မေလ ၁၁ ရက်နောက်ပိုင်း The OneGroup ကုမ္ပဏီ၏ Letter Head ဖြင့် မစ္စတာဗစ်တာရာဂျေး မှ ဆောင်ရွက်မှုတစ်စုံတစ်ရာရှိပါ က ကုမ္ပဏီနှင့်လုံးဝ(လုံးဝ) သက် ဆိုင်ခြင်းမရှိကြောင်း အများသိ စေရန်ကြေညာချက်ဖြစ်သည်။

မေလ ၃၁ ရက်တွင် အဆိုပါ နေအိမ်၌ အိမ်အကူနှစ်ဦး၊ လုံခြုံ ရေးဝန်ထမ်းအပြင် မခိုင်စံပယ် နှင်းအောင်၏ ညီမ၀မ်းကွဲတစ်ဦး လည်း ရောက်ရှိနေသည်။

ဗစ်တာရာဂျေးသည် ထိုနေ့ က အပြင်မသွားဘဲ နေ့ခင်း ၁၂ နာရီခွဲခန့်တွင် ဇနီးဖြစ်သူအပြင်မှ အိမ်သို့ရောက်လာပြီး အိပ်ခန်းအ တွင်းသို့ ၀င်သွားကာ ဇနီးမောင်နှံ နှစ်ဦးစလုံး အိမ်အတွင်း၌ ရှိနေခဲ့ သည်။ အိမ်အကူနှင့် လုံခြုံရေးဝန် ထမ်းများ ပုံမှန်လုပ်ငန်းလုပ်ကိုင် နေကာ ည ၇ နာရီခန့်တွင်ညီမ၀မ်း ကွဲက အစ်မဖြစ်သူ အပြင်ထွက်မ လာ၍ ဖုန်းဆက်ရာဖုန်းမကိုင် ကြောင်း ရဲမှတ်တမ်း၌ဖော်ပြထား သည်။ နောက်နေ့နံနက်တွင် ၎င်း တို့နှစ်ဦးလုံးသေဆုံးနေကြောင်း အိမ်သားများက သိခဲ့သည်။

အတွင်းလူများကို သေချာ စစ်ဆေးသင့်ကြောင်း ရဲတပ်ဖွဲ့သို့ အကြံပြုချက်အမြောက်အမြား ရှိ နေသည်။ ဝေဖန်မှုများအမြောက် အမြားရှိနေလင့်ကစား ရဲတပ်ဖွဲ့ က စစ်ဆေးပေါ်ပေါက်သည့်အ တိုင်း တင်ပြခြင်းဖြစ်ကြောင်း တုံ့ ပြန်သည်။

‘‘ဒါက အမှန်အတိုင်းပါပဲ။ စစ်ဆေးပေါ်ပေါက်တဲ့အတိုင်း တင်ပြတာပါ။ ဆက်လက်ပြီးတော့ ဆေးရုံကဆေးစစ်ချက်ကို စောင့် ကြည့်ပြီး ဆောင်ရွက်သွားဖို့ပဲရှိပါ တယ်’’ ဟု သာကေတမြို့နယ်မှူး ရဲမှူးကျော်ဝင်းက ပြောသည်။

ထို့အပြင် သာကေတမြို့ နယ် ၁၀/တောင်၊ (၁၃) ရပ်ကွက် ရာအိမ်မှူးဦးတင်လှက စီအိုင်ဒီ၏ စစ်ဆေးချက်များကို ကိုးကား ပြောကြားသည်။

‘‘သက်သေခံပစ္စည်းတွေက ကတ်ပီတယ်က၀ယ်လာတယ်ဆို တာ စီစီတီဗီမှာတွေ့နေတာပဲ။သူ့အိမ်မှာ ခွေးအကြီးကြီးနှစ်ကောင် ရှိတာ သူစိမ်းဝင်လို့မရဘူး။ သက် သေခံပစ္စည်းက လက်ဗွေရာတွေ ကို စစ်တော့လည်း ယောက်ျားဖြစ် သူရဲ့ လက်ဗွေရာတွေနဲ့တစ်ထပ် တည်းပဲ’’ ဟု ဦးတင်လှက ပြော ကြားခဲ့သည်။

မခိုင်စံပယ်နှင်းအောင်ကို ရေဝေးသုသာန်၌ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီခန့်က သဂြုင်္ိဟ်ခဲ့ပြီး မစ္စတာ ဗစ်တာရာဂျေးကို ၎င်း၏ မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

===================
251/End