၅ ဇွန် ၂၀၁၇ - ၁၈:၁၂
ရန်ကုန်မိုးသည်းထန် တစ်မြို့လုံး ရှုပ်ယှက်ခတ် တစ်နာရီကျော်အတွင်း မိုးရေချိန်သုံးလက်မခွဲကျော် ရွာသွန်းသော မိုးကြောင့် လမ်းများရေလျှ

ရန်ကုန်မြို့တွင် ဇွန်လ ၄ ရက် မွန်းလွဲက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဆိုးရွားစွာ ရေကြီးရေလျှံခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည်။တစ်နာရီကျော်အတွင်း မိုး ရေချိန် သုံးလက်မကျော် သည်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြို့တွင် ဇွန်လ ၄ ရက် မွန်းလွဲက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဆိုးရွားစွာ ရေကြီးရေလျှံခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည်။တစ်နာရီကျော်အတွင်း မိုး ရေချိန် သုံးလက်မကျော် သည်း ထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် မြို့တွင်းလမ်းများနှင့် လမ်းမကြီး များတွင် ကားများရေနစ်မြုပ်၍ သွားလာ၍မရသည်အထိ ရေကြီး ရေလျှံခဲ့သည်။ ထို့အပြင်လေပြင်း တိုက်ခတ်ခြင်းကြောင့် မြို့နယ်အ ချို့၌ အိမ်ခေါင်မိုးပျက်စီးမှုနှင့်သစ် ပင်များ လဲကျခဲ့သည်။ လှိုင်မြို့ နယ်အတွင်း လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၆၀၀ ကျော်ရှိခဲ့ကြောင်းလှိုင် မြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦး ကျော်ကျော်ထွန်းကပြော သည်။

တာမွေ၊ မရမ်းကုန်း၊ ကမာ ရွတ်နှင့် လှိုင်မြို့နယ်တို့တွင် ရေ လျှံမှုသည် ပိုဆိုးခဲ့သည်။

‘‘ရေတွေတက်တာ ဗိုက်အ ထိရောက်တယ်။ ကားလည်း ငှား လို့မရ၊ လိုင်းကားတွေလည်း ပိတ် ပြီးရေထဲ ကိုယ့်လိုလမ်းလျှောက် နေတဲ့ လူတွေလည်းအများကြီး ပဲ’’ ဟု ကမာရွတ်ကမ္ဘောဇဘဏ် မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

တာမွေမြို့နယ်တွင် ဦးချစ် မောင်လမ်း မြလမ်းမှတ်တိုင်က စ၍ တာမွေအ၀ိုင်းထိပ်၊ ဗဟန်း လမ်း၊ ဗဟိုလမ်း၊ ကမ်းနားလမ်း စသည့် လမ်းမများတွင် ရေလျှံခဲ့ သဖြင့် နှစ်နာရီခန့် ယာဉ်များပိတ် ဆို့ခဲ့သည်။ ထို့ကြောင့် မြို့တွင်း သွားလာသူများ ကားငှားမရခြင်း၊ ဘတ်စ်ကားများမလာ၍ လမ်း ဘေးဝဲယာ၌ ကားစောင့်သူများ စု ပုံနေခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် မြောင်းနှင့် အမှိုက်ပုံများ မှ အမှိုက်များလည်း ရေနှင့်အတူ မျောပါခဲ့ပြီး သွားလာရေး အခက် တွေ့ခဲ့သည်။ ယုဇနပလာဇာနှင့် မင်္ဂလာဈေးတို့ရှိရာ ဗညားဒလ လမ်းရေကြီးခဲ့သဖြင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

တာမွေအ၀ိုင်းထိပ်တွင် လည်းရေကြီးခဲ့ပြီး ဘတ်စ်ကား များဖြတ်သန်းစဉ် ရေလိုင်းပုတ် သဖြင့် ခိုက်ရန်ဖြစ်ပွားမှုများပင် ရှိခဲ့သည်။

အ၀ိုင်းထိပ်မှ ရေများသည် ညနေ ၆ နာရီခန့်တွင် ပြန်လည် ကျဆင်းခဲ့သည်။ ရေကျဆင်းချိန် တွင် လမ်းမပေါ်၌ အမှိုက်များနှင့် အညစ်အကြေးများစွာ တင်ကျန် ခဲ့သည်ဟု တာမွေမြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးဌေးအောင်ကျော် က ပြောသည်။

လှိုင်နှင့် ကမာရွတ်မြို့နယ် တွင် ရေကြီးရေလျှံခဲ့သည့်အပြင် လေပြင်းပါ တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျပြီး အိမ်အချို့ အမိုးလန်ခဲ့သည်။

လှိုင်မြို့နယ်ရှိ ၁၀ ရပ်ကွက် တွင် အိမ်များအမိုးလန်၍ သွပ်ချပ် ပေါင်း ၆,၀၀၀ ကျော်၊ ကျောင်းငါး ကျောင်း၊ ကားခုနစ်စီး၊ အုတ်တံ တိုင်းအချို့နှင့် ဓာတ်တိုင်လေး တိုင် ပျက်စီးခဲ့ကြောင်း ဦးကျော် ကျော်ထွန်းက ပြောသည်။

‘‘မိုးတွေ သဲကြီးမဲကြီးရွာနေ ရာက လေက ဝေါခနဲ၊ ၀ူးခနဲ အ သံပေးပြီးမွှေသွားတာ။ မိနစ်ပိုင်း ပဲကြာတယ်။ အမိုးလန်ပျံထွက် ကုန်တာ’’ဟု လှိုင်မြို့နယ်ဘူတာရုံ လမ်းမှတ်တိုင်နေ မနှင်းနှင်း အောင်က ပြောသည်။

ဘူတာရုံလမ်းတွင် ဓာတ် တိုင်နှစ်တိုင်ကျိုးကျခဲ့ပြီး ကမာ ရွတ်ဘူတာ ရထားလမ်းကို ကန့် လန့်ဖြတ်၍ သစ်ပင်ကြီးလဲကျ သောကြောင့် မီးရထားတစ်စီး ရပ် တန့်၍ စောင့်ခဲ့ရသည်။

‘‘လေပြင်းပါလာတဲ့အတွက် တော်တော်ဆိုးသွားတယ်။ ဘူ တာရုံလမ်းမှာဆို သစ်ပင်တွေ အ စီအရီ လဲနေတာ။ ဒီအပျက်အစီး တွေက မနက်အထိ ရှင်းဖို့မလွယ် သေးဘူး။ အပျက်အစီးအရမ်းဆိုး တဲ့ ကျောင်းတွေလည်း ပိတ်ထား ရမယ်’’ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

ထို့အပြင် အင်းလျားကန် ပေါင်ရှေ့ရှိ ယာဉ်သွားလမ်း ပျက် စီးခဲ့ပြီး ကားလမ်းပေါ်ရှိ ကတ္တရာ များပဲ့ထွက်ခဲ့သည်။လှည်းတန်းခုံး ကျော်တံတားရှေ့တွင်လည်းကား များနစ်မြုပ်ခဲ့ပြီး လှည်းတန်းခုံး ကျော်တံတားအောက်တွင် ကား မှန်အထိ ရေနစ်မြုပ်နေသောအိမ် စီးကားအနီရောင်တစ်စီးကို လူအ များ ၀ိုင်းတွန်းပေးသည့်ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ပျက်စီးမှု အများဆုံးဖြစ် သော လှိုင်မြို့နယ်၌ သစ်ပင်ကြီး ငယ်ပေါင်း ငါးဆယ်ခန့်လဲကျပြီး၊ အိမ်ခြေခြောက်ဆယ်ကျော် ပျက် စီးခဲ့ကြောင်း လှိုင်မြို့နယ် မီး သတ်ဦးစီးဌာနမှ သိရသည်။

မြောက်ဥက္ကလာပ၊ မင်္ဂလာ ဒုံ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ မြောက်ဒဂုံနှင့် မြို့နယ်အများစု တွင် အလားတူ ရေနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရသည်။

‘‘မိုးရွာပြီး မကြာဘူး။ ရေ တွေတက်လာတာ အတော်မြန် တယ်။ မိုးတစ်တွင်းလုံးရွာနေရင် ဘယ်လိုနေရမလဲမသိဘူး။ နဂို ကတည်းက မြောင်းတွေ၊ ချောင်း တွေ ပိတ်ဆို့နေတော့ ရေမှ မစီး နိုင်တာ။ မိုးရွာတာနဲ့ တက်တာပဲ’’ ဟု မြောက်ဒဂုံမှ ကျောင်းဆရာမ ဒေါ်ဧဧလွင်က ပြောသည်။

ထို့အပြင် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လည်း ရေအ နည်းငယ်ဝင်ခဲ့သည်။

မွန်းလွဲ ၂ နာရီမတိုင်မီက စ တင်ရွာသွန်းခဲ့သည့် မိုးသည် ညနေ ၆ နာရီအထိ ကြာမြင့်သည်။ ရန်ကုန်မြို့ မိုးဦးကာလမိုးရွာသွန်း မှုများတွင် ဇွန်လ ၄ ရက် ရွာသွန်း မှုသည် အသည်းထန်ဆုံးဖြစ်ပြီး မိုးရေချိန်မှာ မွန်းလွဲ ၂ နာရီခန့် ကျော်အတွင်း ၉၀ မီလီမီတာ(သုံးလက်မခွဲခန့်)အထိရှိကြောင်း မိုး ဇလဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘၂၄ နာရီအတွင်း ရွာလို့ မိုး ရေချိန် သုံးလက်မကျော်ရင် မိုး ကြီးတယ်ခေါ်တယ်။ အခုကတော့ နာရီပိုင်းအကြာမှာပဲ သုံးလက်မ ကျော်တော့ ဒါ မိုးအရမ်းကြီးတာ။ မိုးတိမ်တောင်ကြောင့် ရွာရင် အဲ ဒီလိုမျိုးတွေ သတိထားရမယ်’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။ ၎င်းက မိုးတိမ်တောင်ရာသီဥတုကို မေ ၃ ရက်ကပင် သတိပေးထားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ (လမ်း တံတားဌာန) မှ ဌာနစုမှူး ဦးသန်း ဟုတ်က ရန်ကုန်မြို့တွင် ယင်းကဲ့ သို့ ရေလျှံရခြင်းသည် မိုးရွာသွန်း လျှင် မိုးရေများမှာ ပုံမှန်အားဖြင့် ရန်ကုန်မြစ်ထဲသို့ စီးဆင်းသွားရ မည်ဖြစ်သော်လည်း ယခုအချိန် တွင် ဒီရေတက်ချိန်ဖြစ်၍ ရေလျှံရ ခြင်းဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ရေများသည် ယခုကဲ့သို့ ကြာမြင့်စွာ မတက်ကြောင်းနှင့် ခဏတာတက်ပြီးလျှင် ရေပြန်ကျ သွားတတ်ကြောင်း ၎င်းကဆို သည်။

လမ်းတံတားဌာနသည် ရန် ကုန်မြို့ ရေကြီးရေလျှံပပျောက် ရေး နှစ်စဉ်လုပ်ဆောင်နေပြီး ယခုနှစ်အတွက် ဘတ်ဂျက် ကျပ် ၁၂ ဘီလီယံသုံးစွဲမည်ဟု သတင်း ထုတ်ပြန်ထားသည်။

===================
251/End