၁၅ ဇွန် ၂၀၁၇ - ၁၁:၅၄
အာဇာနည်နေ့ဆွမ်းကပ်ပွဲသို့ ဦးတင်ဦး တက်ရောက်နိုင်သည်ကို မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်မှာကြား

ဦးတင်ဦး ဇွန်လကုန်ပိုင်းတွင် ဆေးရုံမှဆင်းနိုင်မည်ဟုဆို နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်ဆေးရုံကြီး နှလုံးကု သဆောင်၌ ဆေးကုသမှုခံယူနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) နာယက ဦးတင်ဦးကို ဇွန်လ ၁၄ ရက်နံနက်က သွား ရောက် ကြည့်ရှုအားပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်ဆေးရုံကြီး နှလုံးကု သဆောင်၌ ဆေးကုသမှုခံယူနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) နာယက ဦးတင်ဦးကို ဇွန်လ ၁၄ ရက်နံနက်က သွား ရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးနှောက်သွေးကြောပိတ်၍ ကိုယ်တစ်ခြမ်းလေဖြတ်နေသည့် ဦးတင်ဦးကို ဒေါ်အောင်ဆန်းစု ကြည်သည် ၎င်း၏ပြည်ပခရီးစဉ် မတိုင်မီ ဇွန်လ ၃ ရက်က ပထမ အကြိမ် လာရောက်ကြည့်ရှုအား ပေးပြီးနောက် ယခုဒုတိယအ ကြိမ်လာရောက် ကြည့်ရှုခြင်းဖြစ် သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံ သို့ ဇွန်လ ၄ ရက်ကစ၍တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ရာ ဇွန်လ ၁၄ ရက် နံနက်တွင်မြန်မာ နိုင်ငံသို့  ပြန်လည်ရောက်ရရှိခဲ့ သည်။

ရန်ကုန်ဆေးရုံကြီးသို့ တစ် နာရီကျော်ကြာ လာရောက်ခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည် သည် ဆေးကုသနေသော လူနာ များကို လိုက်လံကြည့်ရှုခဲ့ပြီး ဆေး ရုံဝင်းအတွင်း ၎င်းကို လာရောက် ကြည့်ရှုနှုတ်ဆက်သည့် ပြည်သူ များကိုလည်း ပြန်လည်နှုတ်ဆက် ခဲ့သည်။

ဦးတင်ဦးသည် မေလ ၁၈ ရက် ကစတင်၍ ရန်ကုန်ဆေးရုံ၌ ဆေး  ကုသမှုခံယူနေရသဖြင့် လက်ရှိ ကျန်းမာရေးအခြေအနေသည် တိုးတက် ကောင်းမွန်နေကာ အ စောဆုံးအနေဖြင့် ဇွန်လကုန်ပိုင်း ဆေးရုံမှဆင်းမည်ဟု ရန်ကုန် ဆေးရုံအုပ်ကြီး ဒေါက်တာအေး ကိုကိုက ပြောသည်။

‘‘အခုဒုတိယအကြိမ်နိုင်ငံ ခြား ခရီးစဉ်က အပြန်လာကြည့် တာပါ။ သူ့(ဒေါ်အောင်ဆန်းစု ကြည်) အနေနဲ့ လူနာရဲ့တိုးတက် လာတဲ့ ကျန်းမာရေးအခြေအနေ ကို အားရကျေနပ်မှုရှိပါတယ်။ လူနာဦးတင်ဦးကို မှာကြားခဲ့တာ က ဆရာဝန်ကြီးတွေ ပြောစကား ကို နားထောင်ဖို့၊ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့၊ နေ့လယ်နေ့ခင်းမှာ အနားယူ အပန်းဖြေဖို့၊ ကျန်းမာ ရေးကို အထူးဂရုစိုက်ဖို့ပေါ့’’ ဟု ဒေါက်တာအေးကိုကိုက ဒေါ် အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုသည့် အခြေအနေနှင့်ပတ် သက်ပြီး ရှင်းပြသည်။

လာမည့်ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ဒေါ်အောင်ဆန်းစု ကြည် ရန်ကုန်သို့ ပြန်လာမည်ဖြစ် ရာ အာဇာနည်နေ့ဆွမ်းကပ်သည့် အခမ်းအနားသို့ ဦးတင်ဦးတက် ရောက်နိုင်သည့် အခြေအနေကို တွေ့လိုသည်ဟု ဒေါ်အောင်ဆန်း စုကြည်က မှာကြားခဲ့ကြောင်း ဒေါက်တာအေးကိုကိုက ပြော ကြားသည်။

‘‘ဆေးရုံဆင်းဖို့နဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့ဆရာဝန် ကြီး ၁၅ ဦးနဲ့ လူနာရှင်တွေနဲ့ တိုင် ပင်ပြီးဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ လူနာအနေနဲ့ အိမ်မှာဆက် ပြီးတော့ လေ့ကျင့်ခန်းတွေဆောင် ရွက်သွားဖို့ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည် သည်ပထမအကြိမ် လာရောက် ကြည့်ရှုစဉ် ဦးတင်ဦးကို စကား ပြောဆိုနိုင်အောင် လေ့ကျင့်ရန် ပြောကြားခဲ့သည်။ သို့ရာတွင် ဦး တင်ဦးအနေဖြင့် လက်ရှိအချိန်ထိ စကားပီပြင်အောင် ပြောဆိုနိုင် ခြင်းမရှိသေးကြောင်းနှင့် စကား ပြောဆိုနိုင်ရေး ဆက်လက်လေ့ကျင့်ရမည် ဖြစ်ကြောင်းသိရသည်။

ဦးတင်ဦးအနေဖြင့် မတ် တတ်ရပ်နိုင်၊ ထိုင်နိုင်ပြီဖြစ်သော် လည်း စကားပီပီသသ မပြောနိုင် သေးခြင်း၊ လေဖြတ်ထားသည့် ညာဘက်လက်နှင့် ခြေများ မလှုပ်  ရှားနိုင်သေးခြင်းတို့ကြောင့် လေ့ ကျင့်ခန်းများ ဆက်လုပ်ရမည်ဖြစ် ကြောင်း၊ ၎င်း၏နေအိမ်တွင်လေ့ ကျင့်ခန်းများလုပ်ရန် ကြိုတင်ပြင် ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

‘‘ကြိုတင်ပြင်ဆင်မှုတွေအား လုံးလုပ်ပြီးရင်တော့ ဆေးရုံက ဆင်းဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစော ဆုံး ဒီဇွန်လကုန်မှာ ဆေးရုံက ဆင်း နိုင်လိမ့်မယ်လို့ ခန့်မှန်းပါ တယ်’’ဟု ဒေါက်တာအေးကိုကို ကပြောသည်။

ဦးတင်ဦးကို ဒေါက်တာအေး  ကိုကို ဦးဆောင်ပြီး သက်ဆိုင်ရာ ဆရာဝန်ကြီး ၁၅ ဦးပါသည့် ဆေး ကုသရေးအဖွဲ့ဖွဲ့စည်းကာ ကုသ နေခြင်းဖြစ်သည်။

=====================
251/ End