၁ နိုဝင်ဘာ ၂၀၂၆ - ၁၂:၂၁
ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ် / ခရစ်မာဖီ

အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ခရစ်မာဖီက သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းနှင့် ယှဉ်နိုင်သည့် အခြားသမ္မတမရှိကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ခရစ်မာဖီ (Chris Murphy) က လူမှုကွန်ရက် X တွင် ရေးသားဖော်ပြရာ၌ ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၏ သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ်ပြီး ဒုတိယအများဆုံးဟု သတ်မှတ်ခံရသူပင် ၎င်းနှင့် အနီးစပ်ဆုံးအဆင့်အထိ မယှဉ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် မဲပေးကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။

အဆိုပါပြောဆိုချက်သည် ဘလွန်းဘာ့ဂ် (Bloomberg) သတင်းဌာန၏ ဖော်ပြချက်ကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။ အဆိုပါသတင်းအရ ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ငွေချေးသက်သေခံလက်မှတ်များ အရောင်းအဝယ်ပြုလုပ်မှု အကြိမ်ရေ ၂၉,၀၀၀ နီးပါးရှိခဲ့ကြောင်း သိရပါတယ်။

ယင်းပမာဏသည် အမေရိကန်ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်အားလုံး၏ အရောင်းအဝယ်ပြုလုပ်မှု စုစုပေါင်း ၂၂,၂၀၀ ကြိမ်ထက်ပင် ပိုမိုများပြားနေကြောင်း ဘလွန်းဘာ့ဂ်၏ ဖော်ပြချက်တွင် ပါရှိပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha