အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက လက်ဝှေ့သမားတွေ ပါဝင်ထိုးသတ်မယ့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို လာမယ့် ဇွန်လ ၂၅ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို လက်ဝှေ့နေးရှင်းဖိုက် (Lethewi Nation Fight) လို့ နာမည် ပေးထားပြီး စုစုပေါင်းတွဲဆိုင်း ၇ ပွဲ ပါဝင်ထိုးသတ်ကြမှာပါ။
အဓိကတွဲဆိုင်းအဖြစ် မြန်မာလက်ဝှေ့ကျော် စောဂေါ်မူတိုက မွေထိုင်းလက်ဝှေ့မှာ နာမည်ကြီးနေတဲ့ ၀ီဂျစ်ခေါ်ဖရာ့စမွေ နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။
ထိုင်းဖိုက်ချန်ပီယံဝီဂျစ်ဟာ မြန်မာကစားသမားတွေနဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၃ ပွဲလောက် ထိုးသတ်ဖူးပြီး ပြိုင်ဘက်ကောင်းဖြစ်တာကြောင့် ပွဲကောင်းတပွဲဖြစ်နိုင်တယ်လို့ တွဲဆိုင်းစီစဉ်သူ ဦးစိုင်းဇော်ဇော်ကပြောပါတယ်။
နောက်ထပ် နိုင်ငံတကာတွဲဆိုင်းတွေမှာ ၂၀၁၆၊ ၂၀၁၇ ရိုးရာလက်ဝှေ့ချန်ပီယံ မိုက်ရိုင်းလေးနဲ့ ဥဇဘက်ကစ္စတန်ချန်ပီယံ တိုဘာဘေး၊ ကြယ်စင်ဖြိုးနဲ့ ထိုင်းနိုင်ငံက မွေထိုင်းလက်ဝှေ့ ကစားသမားဒင်ဘိုဆိုင်း၊ မိုးဟိန်း နဲ့ ကမ္ဘောဒီးယား လက်ဝှေ့ကစားသမား လိုင်ဖျား၊ ကရင်လေး (ခေါ်) ဖာ့ဒါးဝယ်နဲ့ ထိုင်းလက်ဝှေ့ကစားသမား ဘိုနမ်တို့ ယှဉ်ပြိုင်ထိုး သတ်မှာဖြစ်ပါတယ်။
ပြည်တွင်းတွဲဆိုင်းနှစ်ပွဲမှာတော့ ဒေါင်းဖြူလေးနဲ့ ခွန်လင်းထက်၊ ဆ လိုင်းချမ်းမြေ့ကို နဲ့ရဲရင့်သွေးတို့ ပါဝင်ထိုးသတ်ကြမှာပါ။
လက်ဝှေ့နေးရှင်းဖိုက် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဇွန်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှာစတင် မှာဖြစ်ပြီး သိမ်ဖြူလက်ဝှေ့ရုံမှာ ထိုးသတ်ကြမှာပါ။
လက်မှတ်ဈေးနူန်းတွေ အဖြစ် ၅၀၀၀ ကျပ်ကနေ ၅ သောင်းကျပ်အထိ သတ်မှတ်ထားပါ တယ်။
=====================
251/ End
၁၈ ဇွန် ၂၀၁၇ - ၁၈:၄၃
News ID: 837289
မြန်မာ၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက လက်ဝှေ့သမားတွေ ပါဝင်ထိုးသတ်မယ့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို လာမယ့် ဇွန်လ ၂၅ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။