၂၇ ဇွန် ၂၀၁၇ - ၁၆:၃၉
UNFC ညီလာခံ သတင်းယူခြင်းအပေါ် တင်းကျပ်စွာပိတ်ပင်၍ သတင်းသမားအချို့သပိတ်မှောက်

UNFC ညီလာခံ သတင်းယူခြင်းအပေါ် တင်းကျပ်စွာပိတ်ပင်၍ သတင်းသမားအချို့သပိတ်မှောက်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)ညီလာခံကို ဇွန်လ ၂၀ ရက်ကစ၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေရာ မီဒီ ယာများ သတင်းယူခြင်းအပေါ် တင်းကျပ်စွာ ပိတ်ပင်ထားခြင်း ကြောင့် ညီလာခံနောက်ဆုံးနေ့ တွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ သတင်းထောက်များက သတင်း မယူဘဲ သပိတ်မှောက်ခဲ့သည်။

ညီလာခံအစပိုင်းရက်များ က ဖော်ပြခဲ့သည့် သတင်းများနှင့် ပတ်သက်၍ သတင်းဖိအားပေး ခြင်း၊ ညီလာခံတာဝန်ရှိသူအချို့ က သတင်းသမားများကို မချေ မငံ ဆက်ဆံခြင်းတို့ကြောင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ အကြား သီးသန့်ပြုလုပ်သည့် ညီလာခံနောက်ဆုံးနေ့ ဇွန်လ ၂၆ ရက်ကို သပိတ်မှောက်သည့် အနေဖြင့် သတင်းယူခြင်းမပြုဟု ၎င်းတို့က ဆိုသည်။

‘‘အဖွဲ့အစည်းတော်တော် များများက သူတို့ကို ပြည်သူ အတွက်၊ အမျိုးသားရေးအတွက် လို့ ကြွေးကြော်နေကြပေမယ့် သူ တို့လုပ်နေကြတဲ့ အကြောင်းအရာ တွေကိုတော့ ပြည်သူကို အမှန် အတိုင်း ချပြဖို့ ဝန်လေးနေကြ တယ်။ အခုနောက်ဆုံးနေ့ပွဲကို ကျွန်တော်တို့ သတင်းမယူဘဲ သပိတ်မှောက်တယ်ဆိုတာက ဒီ ဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကို စာဖတ်သူတွေ မသိစေချင်လို့ မဟုတ်ဘူး။ ဒီပွဲရဲ့ ဆုံးဖြတ်ချက် တွေကို မသိစေချင်လို့ အတင်း အကျပ် ပိတ်နေတာကို သိစေလို တဲ့အတွက်ဖြစ်တယ်’’ဟု ဧရာ ဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ကိုကျော်ခက ပြောသည်။

ထိုသို့ သပိတ်မှောက်ခြင်း သည် ဌာနအနေဖြင့်မဟုတ်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးမပါဝင်ကြောင်း ၎င်း ကဆိုသည်။

‘‘ပြည်သူတွေအနေနဲ့လည်း ဆွေးနွေးပွဲကနေ ဘယ်လိုရလဒ် ကောင်းတွေ ထွက်မလဲ မျှော်လင့် ကြမှာပဲ။ ဒီလို ရလဒ်တွေကို ကျွန် တော်တို့ မီဒီယာတွေအနေနဲ့ ရေး သား ဖော်ထုတ်ခွင့်မရရင် ပြည် သူတွေ သိခွင့်ရှိမှာမဟုတ်ဘူး’’ဟု ကိုကျော်ခက ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး UNFC ပြောရေးဆို ခွင့်ရှိသူများထံ ဇွန်လ ၂၆ ရက်က အကြိမ်ကြိမ် ဆက်သွယ်သော် လည်း အဆက်အသွယ် မရခဲ့ပေ။

ယခုကျင်းပနေသည့် UNFC ညီလာခံတွင် ကချင်လက်နက် ကိုင်အဖွဲ့ (KIO) အပါအဝင် အဖွဲ့ဝင်အဖွဲ့အစည်း လေးဖွဲ့ နုတ်ထွက်ခွင့်ပြုခြင်းနှင့် ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ဇိုမီး ပြန်လည်ပေါင်းစည်းရေး အစည်းအရုံး (ZRO)၊ ကူကီး အမျိုးသား အစည်းအရုံး (KNO) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တို့က UNFC အဖွဲ့ဝင် အဖြစ် လျှောက်ထားခြင်း စသည့် သတင်းများကို ရေးသားဖော်ပြခဲ့ ကြသည်။ ယင်းသို့ သတင်းများ ရေးသားမှုအပေါ် UNFC တာဝန် ရှိသူအချို့က သဘောမကျဟု ကိုကျော်ခက ဆိုသည်။

UNFC ပြင်ဆင်ဖွဲ့စည်းမည် ဆိုသော သတင်းများနှင့် ပတ် သက်ပြီး အစိုးရကUNFC အဖွဲ့ထံ ကိုယ်စားလှယ် စေလွှတ်၍ NCA ဆွေးနွေးစဉ်က မပါဝင်သည့် အဖွဲ့သစ်များ UNFC တွင် ပါဝင် လာမည်ဆိုပါက UNFC ကို အသိ အမှတ်ပြု ဆွေးနွေးမည်မဟုတ် ကြောင်း အသိပေးပြောကြားထား သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှု များကိုလည်း UNFC ညီလာခံ ရလဒ်အပေါ် ဆက်လုပ်မည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြော သည်။

=====================
251/ End