အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းဒေသကြီး ရှိ ခရိုင်လေးခုတွင် စားသုံးသူများ အတွက် သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာများ ဖွင့်လှစ်ထား သော်လည်း တစ်လအတွင်း လာ ရောက်တိုင်ကြားသူ အနည်းငယ် သာရှိကြောင်း မန္တလေးတိုင်းဒေ သကြီးစားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ပြော သည်။
စားသုံးသူများအတွက် သ တင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ များကို မန္တလေး၊ မြင်းခြံ၊မိတ္ထီလာနှင့် ကျောက်ဆည် ခရိုင်တို့တွင် ဇွန်လဆန်းကစတင် ဖွင့်လှစ်ခဲ့သည်။
‘‘တိုင်ကြားမှုတွေနည်းသေး တယ်။ တချို့တိုင်ကြားတာတွေ က ဖုန်းနဲ့ဆက်ပြီးတိုင်တယ်။ ဖြေ ရှင်းဖို့သွားတော့ တိုင်တဲ့သူကိုမ တွေ့ရတော့ဘူး။ ဒါပေမဲ့သူတို့ တိုင်တဲ့ကိစ္စတွေကို ဖြေရှင်းပေးခဲ့ ပါတယ်’’ ဟုအထက်ပါပုဂ္ဂိုလ်က ပြောသည်။
စားသုံးသူရေးရာဦးစီးဌာန သည် စားသုံးသူများနစ်နာမှုမရှိ စေရန် ဖြေရှင်းဆောင်ရွက်ပေး နေပြီး အစားအသောက်နှင့်သာ သက်ဆိုင်သည့် ဌာနမဟုတ်ဘဲအ ခြားသော ဝန်ဆောင်မှုလုပ်ငန်း များတွင် နစ်နာမှုများကို ဖြေရှင်း ပေးနေကြောင်း၊ CICC ဖွင့်လှစ်ပြီး တစ်လအတွင်း မန္တလေးခရိုင်မှ တိုင်ကြားမှု သုံးခုခန့်နှင့်ကျောက် ဆည်ခရိုင်မှ တိုင်ကြားမှုတစ်ခု သာရှိခဲ့ပြီး ဖြေရှင်းပေးရန် ကိစ္စအ ချို့ ကျန်နေသေးကြောင်း ၎င်းက ရှင်းပြသည်။
‘‘တိုင်ကြားတဲ့ထဲကတစ်ခု ဆိုရင် ဆိုင်မှာလျှပ်စစ်ဒယ်အိုး သွားဝယ်တယ်။ ဆိုင်မှာက မီးသုံး ခွင့်မရှိလို့စမ်းမပေးလိုက်နိုင်ဘူး။ အိမ်ရောက်လို့ သုံးမယ်လုပ်တော့ သုံလို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဆိုင်ကို ပြန်ပို့ပြီး စမ်းခိုင်းတယ်။ ၂ ရက်လောက်အကြာဆိုင်က ပြန် ပေးတော့အိမ်မှာစမ်းကြည့်တော့ မရလို့ဆိုပြီး စားသုံးသူရေးရာကို လာတိုင်တယ်။ ဆိုင်ရှင်နဲ့စားသုံး သူ နှစ်ဦးကိုတွေ့ပြီးစမ်းသပ် ကြည့်တဲ့အခါမှာ ဝယ်တဲ့ပစ္စည်း ကအကောင်းဖြစ်နေတာကို တွေ့ ရတယ်။ ဆိုင်ရှင်ဘက်ကလည်း ဒီ လိုတိုင်ကြားလို့ ရတယ်ဆိုတာကို သိရှိသွားပြီး ဝယ်တဲ့သူဘက်က လည်းသူ့အမှားဆိုပြီး ပြန်တောင်း ပန်ပြီး ပြေလည်သွားပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ဖြေရှင်း ပေးခဲ့ရသော ကိစ္စတစ်ခုကိုပြောပြ သည်။စားသုံးသူရေးရာနစ်နာမှု များတိုင်ကြားနိုင်ရန် အသိပညာ ပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နေပြီး လစဉ် အခြေခံပညာကျောင်းများ၊ ရပ် ကွက်များ၊ ကျေးရွာများတွင် ပညာ ပေးဟောပြောပွဲများ ပြုလုပ်ရန်ရှိ ကြောင်း စားသုံးသူရေးရာဦးစီး ဌာနမှ သတင်းရရှိသည်။
=====================
251/ End
၄ ဇူလိုင် ၂၀၁၇ - ၁၅:၅၂
News ID: 840409
မန္တလေးတိုင်းဒေသကြီး ရှိ ခရိုင်လေးခုတွင် စားသုံးသူများ အတွက် သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာများ ဖွင့်လှစ်ထား သော်လည်း တစ်လအတွင်း လာ ရောက်တိုင်ကြားသူ အနည်းငယ် သာရှိကြောင်း မန္တလေးတိုင်းဒေ သကြီးစားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ပြော သည်။