၅ ဇူလိုင် ၂၀၁၇ - ၁၆:၅၆
အစိုးရနှင့်ဆွေးနွေးမည့် UNFC ၏ DPN အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

အစိုးရနှင့် ဆွေးနွေးမည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ရေးကိုယ်စားလှယ်အဖွဲ့ (DPN )ကို ပြင်ဆင်ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ KIO အပါအဝင် UNFC အဖွဲ့ ဝင်ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းခဲ့သော ယခင် DPN အဖွဲ့သည် ဇွန်လက ကျင်းပခဲ့သည့် ဒုတိယအကြိမ် UNFC ညီလာခံ တွင် သက်တမ်းကုန်ဆုံးပြီဖြစ်၍ ညီလာခံအပြီး၌ ပြန်လည်ဖွဲ့စည်း ခြင်းဖြစ်ကြောင်း UNFC နှင့်နီးစပ် သူများထံမှ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနှင့် ဆွေးနွေးမည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ရေးကိုယ်စားလှယ်အဖွဲ့ (DPN )ကို ပြင်ဆင်ဖွဲ့စည်းကြောင်း သတင်းရရှိသည်။

KIO အပါအဝင် UNFC အဖွဲ့ ဝင်ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းခဲ့သော ယခင် DPN အဖွဲ့သည် ဇွန်လက ကျင်းပခဲ့သည့် ဒုတိယအကြိမ် UNFC ညီလာခံ တွင် သက်တမ်းကုန်ဆုံးပြီဖြစ်၍ ညီလာခံအပြီး၌ ပြန်လည်ဖွဲ့စည်း ခြင်းဖြစ်ကြောင်း UNFC နှင့်နီးစပ် သူများထံမှ သိရသည်။

UNFC ညီလာခံတွင် KIO အပါအဝင် အဖွဲ့ဝင်လေးဖွဲ့ကို နုတ်ထွက်ခွင့်ပြုခဲ့၍ လက်ရှိ၌ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့သာ ကျန်ရှိတော့ရာ DPN ပြန်လည်စုဖွဲ့ရာတွင်အဆိုပါငါးဖွဲ့မှ ကိုယ်စားလှယ် ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ခေါင်းဆောင်သည် ယခင် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်ပင်ဖြစ်ကြောင်း ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက်သတင်းနှင့် မီဒီယာကွန်ရက်က ဇူလိုင် ၃ ရက်တွင် သတင်းဖော်ပြသည်။

DPN ပြန်လည်စုဖွဲ့ရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ် KNPP မှ ခူဦးရယ်၊ ဒုအဖွဲ့ခေါင်းဆောင် အဖြစ် NMSP မှ နိုင်အောင်မငေး ဖြစ်ပြီး အဖွဲ့ဝင်များသည် SSPP မှ ဗိုလ်မှူးကြီး စေအွန်နှင့် အခြားတစ်ဦး၊ NMSP မှ ဒေါက်တာနိုင်ရွှေ သိန်း၊ ANC မှ ဗိုလ်မှူးကြီးမင်းထွန်း နှင့် ဦးထွန်းဇော်၊ LDU မှ နာဗစ်ဘို၊KNPP မှ ဗိုလ်မှူးကြီး ဘုန်းနိုင်တို့ ဖြစ်ကြောင်း သတင်းဖော်ပြချက် အရ သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်း လိုက်သည့် DPN အနေဖြင့် UNFCဘက်က အဆိုပြုထားသည့် NCA ဆိုင်ရာ အချက်ကိုးချက်ကို ယခင် မူအတိုင်း အစိုးရနှင့်ဆက်လက် ဆွေးနွေးမည်ဟု DPN အဖွဲ့ခေါင်း ဆောင် ခူဦးရယ် UNFC ညီလာခံ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်း များ NCA လက်မှတ်ထိုးနိုင်ရေး အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့သည် ငါးကြိမ်မြောက် တရားဝင် ဆွေးနွေးထားပြီး အလွတ်သဘော ဆွေးနွေးမှုများ လည်း ပြုလုပ်ထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးနိုင်ရေး နိုင်ငံရေးနှင့် တပ်ပိုင်းဆိုင်ရာ အချက်နှစ်ချက်ကို အဓိကညှိနှိုင်းရန် ကျန်ရှိနေကြောင်း ခူဦးရယ်က ဇွန်လ ၁၀ ရက်က ချင်းမိုင်မြို့၌ ကျင်းပခဲ့ သော ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏အလွတ်သဘော ဆွေး နွေးပွဲအပြီးတွင် ပြောကြားထား သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ဇူလိုင် အတွင်း ကျင်းပရန် စီစဉ်ထား သည်။

=====================
251/ End