၇ ဇူလိုင် ၂၀၁၇ - ၁၆:၁၉
အပစ်ရပ်ထားသော်လည်း အမြဲသတိရှိရန် တပ်ဖွဲ့ဝင်များအား KNU တပ်ပိုင်းခေါင်းဆောင်များ ပြောကြား

အစိုးရနှင့် အပစ်ရပ်စဲ ထားသော်လည်း တပ်ဖွဲ့ဝင်များ အနေဖြင့် ပေါ့လျော့စွာမနေဘဲ တပ်၏ စည်းမျဉ်းစည်းကမ်း အတိုင်း အမြဲသတိရှိစွာ နေထိုင် ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ပိုင်းခေါင်းဆောင် များက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနှင့် အပစ်ရပ်စဲ ထားသော်လည်း တပ်ဖွဲ့ဝင်များ အနေဖြင့် ပေါ့လျော့စွာမနေဘဲ တပ်၏ စည်းမျဉ်းစည်းကမ်း အတိုင်း အမြဲသတိရှိစွာ နေထိုင် ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ပိုင်းခေါင်းဆောင် များက ပြောကြားသည်။

KNU ထိန်းချုပ်နယ်မြေရှိ KNLA စစ်ဌာနချုပ်၌ ဇူလိုင် ၅ ရက်က ကျင်းပသော (၆၈) နှစ် မြောက် ကော်သူးလေတပ်မတော် နေ့တွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့်  ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစော ဘောကျော်ဟဲတို့က ပြောကြားခဲ့ ကြောင်း KIC သတင်းဌာနက ဖော်ပြခဲ့ပြီး ၎င်းတို့၏ ပြောကြား မှုကို KNU ဒုဥက္ကဋ္ဌပဒိုစောကွယ် ထူးဝင်းက အတည်ပြုသည်။

‘‘ကျွန်တော်တို့က ငြိမ်းချမ်း ရေးတည်ဆောက်နေတာပါ။ တပ်ဆိုတာ အမြဲတမ်းသတိနဲ့ နေရတာပေါ့။ တော်လှန်ရေး သတိဆိုတာ အမြဲတမ်းရှိနေရ မယ်။ ဒါကိုပြောနေတာပါ’’ဟု ပဒို စောကွယ်ထူးဝင်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ‘‘ဘာ ဖြစ်လို့လဲဆိုရင် ငြိမ်းချမ်းရေးဖြစ် စဉ်မှာ တစ်ဖက်က ကျွန်တော်တို့ အဖွဲ့အစည်းကနေပြီးတော့ နိုင်ငံ ရေးတွေ့ဆုံဆွေးနွေး ငြိမ်းချမ်း ရေးတည်ဆောက်တဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့တွေကလည်း အမြဲတမ်း သတိရှိဖို့၊ပေါ့ပေါ့လျော့ လျော့ မနေဖို့ သဘောကိုဆိုလို တာပါ။ အပစ်အခတ်ရပ်စဲရေး လုပ်တော့ တိုက်ပွဲမရှိတော့ အေး အေးဆေးဆေး ပေါ့ပေါ့ဆဆ မနေကြဖို့၊ တပ်ရဲ့စည်းမျဉ်းစည်း ကမ်းနဲ့ နေကြဖို့ ဒါကိုဆိုလိုတာ ပေါ့’’ဟု ပြောသည်။

ထို့အပြင် နှစ်ဖက် ပဋိပက္ခ မဖြစ်ရေး၊ တိုက်ပွဲများမဖြစ်ပွား ရေးတို့အတွက်လည်း သတိရှိ ရန် လိုအပ်ကြောင်း ပဒိုစောကွယ် ထူးဝင်းက ဆိုသည်။

နိုင်ငံရေးဖိအားပေးမှုအပါ အဝင် နည်းပေါင်းစုံဖြင့် ဖိအား ပေးမှုများနှင့် ကရင်လက်နက်ကိုင် အဖွဲ့များ မည်မျှကွဲပြားနေစေကာ မူ မိမိနယ်မြေ၊ မိမိအမျိုးသားများ၏ လုံခြုံရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် တာဝန်ရှိကြောင်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားခဲ့ကြောင်း KICသတင်းတွင် ဖော်ပြထားသည်။

အဆိုပါအခမ်းအနားသို့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲတို့ တက် ရောက်မိန့်ခွန်းပြောကြားပြီး စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က သဝဏ်လွှာပေးပို့ခဲ့သည်။

၂၀၁၂ ကစ၍ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွင် အစိုးရနှင့် KNU အကြား အပစ် ရပ်စဲရေးအဆင့်သာ ရှိနေသေး ကြောင်း ငြိမ်းချမ်းရေးအပြည့်အဝ ရရှိရေး စားပွဲဝိုင်းတွင် ဆွေးနွေး နေဆဲအဆင့်သာ ရှိနေသေး၍ တပ်ဖွဲ့ဝင်များအနေဖြင့် သတိ လက်လွတ် မနေဘဲ နိုးနိုးကြား ကြားရှိနေရန် တိုက်တွန်းကြောင်း ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲ ရေး ဆောင်ရွက်မှုကို ယခင်အစိုး ရ လက်ထက် ၂၀၁၂ ကစတင်ခဲ့ ရာ တိုင်းရင်းသားအဖွဲ့ ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် သဘောတူညီမှုများ ရရှိခဲ့ သည်။ ၂၀၁၅ အောက်တိုဘာ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာ၌ KNU အပါအဝင် လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်။

KNU အနေဖြင့် အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများ အစိုးရ၊ တပ်မတော်ခေါင်းဆောင် များနှင့် နီးကပ်သည့် ဆက်ဆံရေး တည်ဆောက်ထားသည်။ ထို့ အပြင် NCA ထိုးပြီးနောက်ပိုင်း တွင်လည်း တပ်မတော်နှင့် KNU ကြား ထိတွေ့တိုက်ပွဲမရှိ သလောက် နည်းပါးခဲ့သည်။

=====================
251/ End