၈ ဇူလိုင် ၂၀၁၇ - ၀၈:၅၂
နိုင်ငံ့စီးပွားရေးကို ခန့်မှန်းသည်ထက် ပိုတိုးတက်ရန် ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံ့စီးပွားရေးတိုးတက် မှုကို ခန့်မှန်းထားသည်ထက် ပိုမို တိုးတက်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ဈေးကွက်အခြေအနေမည် သို့ပင်ဖြစ်စေကာမူ သူတစ်ပါး ထက် ခြေတစ်လှမ်းသာရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။ အမျိုးသားစီမံကိန်းကော်မ ရှင်အစည်းအဝေးကို ဇူလိုင် ၇ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခြင်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံ့စီးပွားရေးတိုးတက် မှုကို ခန့်မှန်းထားသည်ထက် ပိုမို တိုးတက်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ဈေးကွက်အခြေအနေမည် သို့ပင်ဖြစ်စေကာမူ သူတစ်ပါး ထက် ခြေတစ်လှမ်းသာရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

အမျိုးသားစီမံကိန်းကော်မ ရှင်အစည်းအဝေးကို ဇူလိုင် ၇ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်က စီးပွားရေးဈေးကွက် တွင် လက်ရှိဈေးကွက်အပြင် အ ခြားဈေးကွက်များကို တီထွင်ဖန် တီးနိုင်သည့် စွမ်းအားများဖြင့် ဖော်ဆောင်ရမည်ဟု ဆိုသည်။

ဆက်လက်၍ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည် နယ်အစိုးရများ ချိတ်ဆက်ဆောင် ရွက်ရန် အရေးကြီးပြီးဖက်ဒရယ် စနစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ တာဝန်၊ ဝတ္တရားများ နှင့် လုပ်ပိုင်ခွင့်များကိုထည့်သွင်း စဉ်းစား၍ အမျိုးသားစီမံကိန်းကိုချဉ်းကပ်ရမည်ဟု ၎င်းကဆိုသည်။

မြန်မာ့စီးပွားရေးကို ကမ္ဘာ့ ဘဏ်က ၆ ဒသမ  ၅ ရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၆ ဒသမ ၄ ရာခိုင်နှုန်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၆ ဒသမ ၃ ရာခိုင်နှုန်း နှင့် AMRO အဖွဲ့က ၆ ရာခိုင်နှုန်းတိုး တက်မည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က အစည်းအဝေးတွင် ပြောသည်။ ထို့ကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းရေးဆွဲသည့် အခါနိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားနှင့် နိုင်ငံတော်စီးပွား ရေးမူဝါဒများကို ချိတ်ဆက်ဆောင်ရွက်ရန် သမ္မတကတိုက်တွန်းခဲ့သည်။

 ထို့အပြင်လုပ်ငန်းစီမံကိန်း များနှင့်လုပ်ငန်းများသည်လည်း ဖြစ်မြောက်နိုင်စွမ်းရှိ၊မရှိ၊ စီးပွားရေးအရတွက်ခြေကိုက်မှု ရှိ၊ မရှိ၊ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအကျိုးရှိ၊မရှိတို့ကို ဘက်စုံလေ့လာသင့်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်ကဆိုသည်။ ထို့နောက်သမ္မတက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်  အမျိုးသားစီမံကိန်း ရေးဆွဲရာတွင် ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များကို အ လေးထား သုံးသပ်ရမည်ဟုဆို သည်။

 လက်ရှိအစိုးရ၏ပထမဦး ဆုံးရေးဆွဲခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ အားနည်းချက်များကို စိစစ်သုံး သပ်ပြုပြင်ရမည်ဟု သမ္မတဦး ထင်ကျော်ကဆိုသည်။ ထို့အပြင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိစီမံကိန်းအ တွက် ဦးစားပေးအစီအစဉ်များ၊လုပ်ငန်းရပ်များနှင့် လုပ်နည်းစနစ် များလည်း ထည့်သွင်းဆွေးနွေးရ မည်ဟု သမ္မတကဆက်လက်ပြော ကြားသည်။

 ပြည်ထောင်စုတိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဟူ၍ မခွဲခြားဘဲ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ရာတွင်လည်း သတ် မှတ်ထားသည့် မူဘောင်များကို မကျော်လွန်စေရေးသည်အရေး ကြီးကြောင်း သမ္မတကပြောသည်။

 ထိုဆွေးနွေးပွဲတွင်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော် ဝင်းက အမျိုးသားစီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည် ဖော်ခြင်းတို့ကို တင်ပြခဲ့ပြီး ပြည် ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က လျှပ်စစ်ကဏ္ဍ၊ အထူးစီးပွားရေး ဇုန် ကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍ များဆွေးနွေးခဲ့ကြောင်း သမ္မတရုံး ကသတင်းထုတ်ပြန်သည်။

=====================
251/ End