အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အားနည်းချက်များ ဖြည့် ဆည်းရန်နှင့် ညီညွတ်စွာလုပ်ကိုင် ရန် ကယားပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၀င်များကို NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
ဦးဝင်းထိန်နှင့် ကယားပြည် နယ်ရှိ ဒီချုပ်ပါတီဝင်များ၊ ကယားပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကယား ပြည်နယ် မြို့နယ် ခုနစ်ခုမှ ပါတီ ဗဟိုအလုပ်အမှုဆောင်များသည် ဇူလိုင် ၈ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံစဉ် ယခု ကဲ့သို့ မှာကြားခြင်းဖြစ်သည်။
‘‘ဒီမှာရှိတဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံတာပါပဲ။ ပြည်နယ်မှာရှိ တဲ့ မြို့နယ်ခုနစ်မြို့နယ်ရဲ့ မြို့ နယ်အလိုက် လှုပ်ရှားမှုအနေအ ထားတွေ အဲဒါတွေကို အစီရင်ခံ စာ ဖတ်ကြားတယ်။ မြို့နယ်တွေ မှာရှိတဲ့ ကိုယ်စားလှယ်ရဲ့ အား သာချက်၊ အားနည်းချက်အဲဒါတွေကို မြို့နယ် အလုပ်အမှုဆောင် တွေကဖတ်ကြားတာ။ အဲဒီအပေါ် မှာ အားသာချက်ကို ဆက်ထိန်း ထားဖို့၊ အားနည်းချက်ကို ပြန် လည် ဖြည့်ဆည်းဖို့ဆိုတာတွေ ဦးဝင်းထိန်က အကြံပြုတာပေါ့’’ ဟု ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်စိုး က ပြောသည်။
အားနည်းချက်ဆိုရာတွင် ကိုယ်စားလှယ်များ အနေဖြင့် တစ်နှစ်ကျော် သက်တမ်းရှိသော် လည်း လုပ်ငန်းဆောင်ရွက်မှု အပိုင်းများ ကျွမ်းကျင်မှုမရှိသေး သည့် အခြေအနေများပါဝင် ကြောင်း ၎င်းက ဆိုသည်။
‘‘အစိုးရရယ်၊ လွှတ်တော် ရယ်၊ ပါတီဝင်တွေရယ် ညီညီ ညွတ်ညွတ်နဲ့ လုပ်ကြဖို့၊နောက်ပြီး တော့ ဌာနဆိုင်ရာ ၀န်ကြီးဌာနက ကိုယ့်မြို့နယ်သွားလို့ရှိရင် မြို့ နယ်က ပါတီနဲ့အဆက်အသွယ် လုပ်ဖို့ ဒါတွေပြောခဲ့တာ’’ ဟု ဦးဝင်းထိန်က ပြောသည်။
ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာ တွင် ကြုံတွေ့ရသည့် အခြေအနေ များကိုလည်း တင်ပြခဲ့ကြောင်း ဦးအောင်ကျော်စိုးက ပြောသည်။
‘‘အခက်အခဲရှိတာက လက် ရှိ ကျွန်တော်တို့ဘက်မှာ NCA မ ထိုးရသေးတဲ့အဖွဲ့ကလည်း ရှိတာကိုး။ တချို့သော ဒေသဖွံ့ဖြိုး ရေးကိစ္စရပ်တွေမှာတော့ ပွင့်ပွင့် လင်းလင်းပြောရရင် လုပ်ရကိုင်ရ တာ နည်းနည်းအခက်အခဲရှိ တယ်။ NCA မထိုးရသေးတဲ့အ ပေါ်မှာ ကျွန်တော်တို့ဘက်က ဖွံ့ ဖြိုးရေးလုပ်ငန်းကို လုပ်ချင်တဲ့ ပုံစံအတိုင်းလုပ်လို့မရသေးဘူး။ ဥပမာ ကျွန်တော်တို့ဘက်က လမ်းတံတားတွေ လုပ်ချင်တဲ့ကိစ္စ ရပ်တွေမှာ သူတို့ဘက်မှာ လုံခြုံ ရေးပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ သွားငြိတာတွေရှိတာပေါ့’’ဟု ၎င်း က ပြောသည်။
ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့ဥက္ကဋ္ဌနေရာ လစ် လပ်နေ၍ ပြည်နယ်အတွင်း ပါတီလုပ်ငန်းများ ကြီးကြပ်ရန် သုံးဦးပါသည့် ကြီးကြပ်ရေးကော်မတီ ကို ဇူလိုင် ၉ ရက်တွင် ဖွဲ့စည်းခဲ့ သည်။
‘‘ကယားပြည်နယ် ဥက္ကဋ္ဌကို နေရာက ဖယ်လိုက်တော့ ဥက္ကဋ္ဌ တာဝန်က လစ်လပ်နေတယ် လေ။ ကျန်တဲ့လူတွေက တစ် ယောက်နဲ့တစ်ယောက် အရည် အချင်း သိပ်မကွာတဲ့ အခါကျ တော့ ပြည်နယ်အလုပ်အမှု ဆောင်အဖွဲ့ရယ်လို့ အပြီးမရွေး သေးဘဲနဲ့ ယာယီပြည်နယ်စည်း ရုံးရေးကော်မတီ ဖွဲ့ပြီးတော့မှ အဲဒီကော်မတီမှာ အသစ်လေး ယောက်ထည့်တယ်။ အားလုံး ပေါင်း ၁၈ ယောက်။ အဲဒီ ၁၈ ယောက်ကို ပြည်နယ်ယာယီကြီး ကြပ်ရေးအဖွဲ့ဆိုပြီးတော့မှ ဦးလှ ထွေးရယ်၊ ဒေါက်တာအောင် ကျော်ဌေးရယ်၊ နန်းထွေးသူရယ် သုံးယောက်ကို ယာယီပြည်နယ် ကြီးကြပ်ရေးကော်မတီဆိုပြီး ရွေး ပြီးထားခဲ့တာ’’ဟု ဦးဝင်းထိန်က ပြောသည်။
အဆိုပါကြီးကြပ်ရေးကော်မ တီတွင်ပါဝင်သည့် ဦးလှထွေး သည် လက်ရှိ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ဒေါက် တာအောင်ကျော်ဌေးသည် လက်ရှိ ကယားပြည်နယ် ဗဟိုအလုပ် အမှုဆောင် အတွင်းရေးမှူးဖြစ် သည်။ ဒေါ်နန်းထွေးသူသည် ဖား ဆောင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဖြစ်သည်။
‘‘သူတို့သုံးယောက်က ပြည် နယ်မှာရှိတဲ့ ကိစ္စတွေကို ကြီးကြပ် ဆုံးဖြတ်လုပ်ရမယ်။ ပြီးတဲ့အခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဆက်သွယ်ပြီးတော့ ပါတီကိစ္စ တွေ လုပ်ရမှာပေါ့’’ဟု ဦးဝင်းထိန် ကဆိုသည်။
ကယားပြည်နယ်ရှိ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်ရပ်စဲရေး ဆောင်ရွက်ထားသော်လည်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေး သဘောတူစာချုပ် (NCA)တွင် KNPP ပါဝင်လက်မှတ်ရေး ထိုးရေးကို ညှိနှိုင်းနေဆဲပင်ဖြစ် သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကယားပြည်နယ် ရှိ လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော၊ ဘောလခဲ စသည့်မြို့နယ်ခုနစ်ခု အနက် ဘောလခဲမြို့နယ်မှ လွဲ၍ ကျန်သည့်မြို့နယ်များ၌ NLD ပါတီက နေရာအများစု အနိုင်ရရှိ ခဲ့သည်။
=====================
251/ End
အားနည်းချက်များဖြည့်ဆည်းရန်နှင့် ညီညွတ်စွာလုပ်ကိုင်ကြရန် ကယားပြည်နယ် ဒီချုပ်ပါတီဝင်များအား ဦးဝင်းထိန်မှာကြား ကယားပြည်နယ်ပါတီလုပ
၁၀ ဇူလိုင် ၂၀၁၇ - ၁၇:၀၈
News ID: 841585
အားနည်းချက်များ ဖြည့် ဆည်းရန်နှင့် ညီညွတ်စွာလုပ်ကိုင် ရန် ကယားပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၀င်များကို NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။ ဦးဝင်းထိန်နှင့် ကယားပြည် နယ်ရှိ ဒီချုပ်ပါတီဝင်များ၊ ကယားပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကယား ပြည်နယ် မြို့နယ် ခုနစ်ခုမှ ပါတီ ဗဟိုအလုပ်အမှုဆောင်များသည် ဇူလိုင် ၈ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံစဉ် ယခု ကဲ့သို့ မှာကြားခြင်းဖြစ်သည်။