၁၁ ဇူလိုင် ၂၀၁၇ - ၁၆:၅၉
နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် အတည်ပြုထုတ်ပြန်

အဆင့်မြင့်အရာရှိနှင့် အဂတိလိုက်စားမှုဖြစ်နိုင်သည့် ရာထူးနေရာများမှ ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှု ကြေညာရမည့်အချက်ပါဝင် အဆင့်မြင့်အရာ ရှိနှင့် အဂတိလိုက်စားမှုဖြစ်ပေါ် နိုင်ခြေရှိသည့် ရာထူးနေရာများ တွင် တာဝန်ထမ်းဆောင်နေသူ များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာရန် အချက်ပါဝင်သော မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို အတည်ပြုထုတ်ပြန် ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 အဆင့်မြင့်အရာ ရှိနှင့် အဂတိလိုက်စားမှုဖြစ်ပေါ် နိုင်ခြေရှိသည့် ရာထူးနေရာများ တွင် တာဝန်ထမ်းဆောင်နေသူ များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာရန် အချက်ပါဝင်သော မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို အတည်ပြုထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက်ကို အစိုးရသစ် တာဝန်ယူပြီး သုံးလခန့်အကြာ တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ဇူလိုင် ၁၀ ရက်က အတည်ပြု ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းစီမံချက်ကို နိုင်ငံ့ဝန် ထမ်းအုပ်ချုပ်မှုပုံစံအသစ်၊ အရည်အချင်းကို အခြေခံ၍ စွမ်း ဆောင်ရည်ရှိမှုကို အားပေးသော အလေ့အထနှင့် စနစ်များ၊ ပြည် သူဗဟိုပြုဝန်ထမ်းများ ဖြစ်လာစေ ရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်း ဆောင်ရည်များကို မြှင့်တင်ပေး ခြင်း၊ နိုင်ငံ့ဝန်ထမ်း ကဏ္ဍ၏ ပွင့် လင်းမြင်သာမှုနှင့် လုပ်ငန်း အကောင်အထည်ဖော်မှု နည်း လမ်းများဟူ၍ နယ်ပယ်လေးခု ဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ပွင့် လင်းမြင်သာမှုနှင့် လုပ်ငန်း အကောင်အထည်ဖော်မှု နည်း လမ်းများဟူသော ခေါင်းစဉ် အောက်တွင် အဆင့်မြင့်ရာထူး နေရာများနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေရှိသော ရာထူး နေရာများအတွက် ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာချက်များ ပြု လုပ်စေရန်ဟူ၍ ထည့်သွင်းရေး ဆွဲထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားနိုင်မှု အခွင့် အလမ်းများနည်းပါစေရန် ယင်း ကဲ့သို့ အစီအစဉ်ကို နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက်တွင် ထည့်သွင်း ထားခြင်းဖြစ်ကြောင်း ယင်းစီမံ ချက် အတည်ပြုထုတ်ပြန်သည့် အခမ်းအနားမိန့်ခွန်းတွင် ထည့် သွင်း ပြောကြားခဲ့သည်။

‘‘အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းဟာ မဟာဗျူဟာ စီမံချက်တစ်ခုလုံးရဲ့ ရည်မှန်း ချက်အောင်မြင်ရေးကို အ ထောက်အကူ ဖြစ်စေမှာဖြစ်တဲ့ အပြင် ပြည်သူ့ဝန်ထမ်းအဖွဲ့ အစည်းတွေနဲ့ မိမိတို့ ဝန်ဆောင် မှုပေးနေတဲ့ လူ့ဘောင်အဖွဲ့ အစည်းကြားမှာ ယုံကြည်မှုကို လည်း တိုးတက်ဖြစ်ထွန်းစေပါ တယ်’’ဟု ၎င်းကပြောသည်။

အဆိုပါအဆင့်မြင့်နှင့် အဂ တိလိုက်စားမှုဖြစ်ပေါ်နိုင်ခြေရှိ သည့် ရာထူးနေရာများတွင် တာ ဝန်ထမ်းဆောင်နေသူများ၏ ပိုင် ဆိုင်မှုကို ဖွင့်ထုတ်ကြေညာခြင်း ကို ဦးစားပေး ၂နှစ်အတွင်း အကောင်အထည်ဖော်ရန် လျာ ထားကြောင်း စီမံချက်လုပ်ငန်း စဉ်၌ ဖော်ပြထားသည်။

ထိုသို့ ပိုင်ဆိုင်မှုများ ထုတ် ပြန်ရမည်ဆိုသောကိစ္စသည် နိုင်ငံ တော်၏ မူဝါဒပိုင်းဆိုင်ရာ လုပ် ငန်းစဉ်ဖြစ်နေခြင်းကြောင့် လိုက် နာရမည့်တာဝန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့် ကြိုင်က မှတ်ချက်ပြုသည်။

‘‘နိုင်ငံတော်ရဲ့မူဝါဒက ဝန် ထမ်းအားလုံးရဲ့ ဝန်ထမ်းစည်း ကမ်းနဲ့ဆိုရင်တော့ လိုက်နာရမယ့် သဘောရှိတာပေါ့’’ဟု ၎င်းကဆို သည်။

ထိုသို့ ပိုင်ဆိုင်မှုများကို ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက် ယူစဉ်ကလည်း ပေးထားခဲ့ပြီး ယခု ထပ်မံတောင်းဆိုပါကလည်း ပေးရမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမြင့် စိုးက မှတ်ချက်ပြုသည်။

နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်း လဲမှုဆိုင်ရာ မဟာဗျူဟာစီမံ ချက်ကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ် (UNDP)၏ နည်းပညာ ပံ့ ပိုးမှုနှင့် နိုင်ငံတကာအကူအညီ များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းစီမံချက်၏ လုပ်ငန်းကာလ ကို ၂၀၁၇ မှ ၂၀၂၀ အထိ သတ် မှတ်ကြောင်း    ကြေညာထား သည်။

=====================
251/ End