၂၀ ဇူလိုင် ၂၀၁၇ - ၁၉:၀၄
အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သမ္မတနှင့် ဇနီး ကုသိုလ်ပြုအမျှပေးဝေ

နိုင်ငံတော်အ တွက် အသက်ပေးလှူသွားကြ သည့် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ နှစ်(၇၀) ပြည့် အာဇာနည်နေ့တွင် နိုင်ငံ တော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့က ကုသိုလ်ပြုအမျှပေးဝေခြင်းကို ဇူလိုင် ၁၉ ရက်က နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်အ တွက် အသက်ပေးလှူသွားကြ သည့် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ နှစ်(၇၀) ပြည့် အာဇာနည်နေ့တွင် နိုင်ငံ တော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့က ကုသိုလ်ပြုအမျှပေးဝေခြင်းကို ဇူလိုင် ၁၉ ရက်က နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တို့က ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညို ပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း နှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ပဓာန နာယက ဆရာတော် အပါအဝင် သံဃာ တော်ကိုးပါးထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ သည်။

ဆက်လက်၍ နိုင်ငံတော်သြ ဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး  နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မ တ၊ ဇနီးနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သြဝါဒါစရိယ ဈေး ကုန်းကျောင်းတိုက် ပဓာနနာယ ကဆရာတော်ထံမှ သံဝေဂကထာတရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းလောင်းအမျှ ပေးဝေကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ၊ ဇနီး နှင့် ဧည့်ပရိသတ်များက ဆရာ တော် သံဃာတော်များအား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်းနှင့် ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြည်ညိုခဲ့ ကြသည်။

=====================
251/ End