အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရာသီတုပ်ကွေးရောဂါ (H1N1)ဖြစ်ပွားသူဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက် ရှိအချိန်ထိ ၁၃ ဦး ဖြစ်ပွားကာ သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိ အခြေအနေအရ ရန်ကုန်တိုင်းအတွင်း ရောဂါဖြစ် ပွားသူ သုံးဦးအနက် နှစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ကျန်တစ်ဦးသည် ရန်ကုန်အထွေ ထွေရောဂါကုဆေးရုံကြီး၌ ကုသ မှုခံယူနေကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။ ချင်းပြည် နယ် မတူပီမြို့နယ်တွင် ရောဂါ ဖြစ်ပွားသူ ၁၀ ဦးအနက် သေဆုံး သူတစ်ဦးရှိခဲ့သည်။
ရာသီတုပ်ကွေးရောဂါဖြစ် ပွားနေသူသုံးဦးကို ရန်ကုန်မြို့ရှိ ဆေးရုံနှစ်ရုံတွင် ကုသမှုပေးနေသ ဖြင့် အစိုးရဆေးရုံနှင့် ပုဂ္ဂလိက ဆေးရုံများ၌ ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ်ပွားမှု မရှိ စေရန် စောင့်ကြည့်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ညွှန် ကြားထားကြောင်း ယမန်နေ့က ပြုလုပ်သော ရာသီတုပ်ကွေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးမှူး ဒေါက်တာသာ ထွန်းကျော်ကလည်း ပြောသည်။
ပုဂ္ဂလိကဆေးရုံများမှ တာ ၀န်ရှိသူများကို ရာသီတုပ်ကွေး ရောဂါ (H1N1) လက္ခဏာရှိသည့် လူနာများ တွေ့ရှိပါက ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားရန် နှင့် လိုအပ်ပါက လူနာများ၏ သွေးနမူနာများကိုရယူကာ အမျိုး သားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ ဆောင်ဓာတ်ခွဲစမ်းသပ်မှုများ ပြု လုပ်ပေးမည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း အစိုးရကထုတ်ပြန်ပြီးနောက် ရောဂါကူးစက်မခံရစေရန် ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်ထားသူများကို ရန်ကုန်မြို့လယ်ရှိ ကားမှတ်တိုင် တစ်ခု၌ ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
‘‘ဆရာတို့ဆီမှာ ဘာရောဂါ တွေဖြစ်နေလဲဆိုတာကို ကိန်း ဂဏန်းတွေ၊ အချက်အလက်တွေ သိချင်တယ်။ ဒါတွေကို အခြေပြု ပြီးတော့ ဒီရောဂါဖြစ်တာဘယ် လောက်ရှိလဲဆိုတာကို ရှာရမယ်။ ဒီရောဂါက ဓာတ်ခွဲစစ်ဆေးမှ သိ နိုင်တယ်။ လူတိုင်းကိုလည်း ဓာတ်ခွဲစစ်ဆေးစရာမလိုဘူး။ အ ဆုတ်ရောင်တဲ့လက္ခဏာနဲ့ ဆိုး ဆိုးရွားရွားဖြစ်တဲ့ သူတွေကိုပဲ ဆရာတို့က ဓာတ်ခွဲဖို့အတွက် နမူ နာယူပြီး လုပ်သွားမယ်။ဒါကြောင့် နောက်ထပ်ဆေးရုံတွေမှာ လူနာ တွေရှိသေးလားဆိုတာကို သိရ အောင် ရောဂါထောက်လှမ်းတာ ပေါ့’’ဟု ၎င်းက ဆိုသည်။
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယင်းရောဂါနှင့်ပတ် သက်၍ လက်ရှိတွင် ဆေးရုံကြီး များ၌ လူနာအတွက် ဆေးကုသမှု ပိုင်းဆိုင်ရာများကို ကြိုတင်ပြင် ဆင်ထားသလို နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သည့် တမူး၊ မြစ်ကြီးနား၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း စသောနေရာများ ၌ ရောဂါထောက်လှမ်းခြင်းနှင့် ရောဂါရှာဖွေစစ်ဆေးသည့် စက် များထားကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေါက်တာဝင်းလွင်က ပြောသည်။
‘‘လေဆိပ်မှာ ကွန်ပျူတာ စနစ်နဲ့ ရောဂါစောင့်ကြပ်မှုတွေ လုပ်နေတယ်။ သင်္ဘောဆိပ်နဲ့ နယ်စပ်တွေမှာတော့ ရောဂါစစ် ဆေးတဲ့ကိရိယာတွေ (Test)နဲ့ စစ်ဆေးပေးနေတယ်။ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း ဓာတ်ခွဲဖို့အ တွက် လိုအပ်တဲ့ လူနာတွေရှိရင် အကြောင်းကြား၊ ဆရာတို့ဘက် ကနေ ဓာတ်ခွဲစမ်းသပ်ပေးမယ်လို့ ပြောထားတယ်။ အားလုံးကို ကာ ဗာဖြစ်အောင်လုပ်သွားမယ်။ ဗိုင်း ရပ်စ်ပိုးကြောင့် ရောဂါပြင်းထန် လာတဲ့သူတွေ၊ ဘယ်လောက်များ လဲဆိုတာ စောင့်ကြည့်မယ်’’ဟု ဒေါက်တာဝင်းလွင်က ဆိုသည်။
ဇူလိုင် ၆ ရက်က ဧရာဝတီ တိုင်းဒေသကြီး အသုတ်မြို့နယ်မှ အမျိုးသမီးတစ်ဦးသည် ဖျား၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်၍ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ လာကာ ဓာတ်ခွဲစစ်ဆေးချက်အရ Influza Type A.A/H1N1 Pdm -Positive ဖြစ်နေသဖြင့် အဆိုပါ ဆေးရုံကြီး၏ အထူးကြပ်မတ်ကု သဆောင်တွင် လက်ရှိအချိန်အ ထိ ဆေးကုသမှုခံယူနေရသည်။ အလားတူရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ အမျိုးသားတစ်ဦးသည်လည်း ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းဖြစ်ပြီး မသက်သာ၍ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်။ အဆိုပါလူနာနှစ်ဦးမှာ သက်သာခြင်းမရှိသေးပေ။
ထို့အပြင် နေပြည်တော် ရေ ဆင်း၊ မွေးမြူရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦး မှာ ဇူလိုင် ၈ ရက်မှစ၍ အဆိုပါရောဂါဖြစ်ပွားနေသဖြင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) တွင် ဆေးကုသမှုခံယူနေရပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေသည်။
ချင်းပြည်နယ် မတူပီမြို့ပေါ် ရပ်ကွက်တွင် ထိုရောဂါဖြစ်ပွားသူ ၁၀ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ သည်။ သေဆုံးခဲ့သူသည်ရာသီတုပ်ကွေးဖြစ်ပွားမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ပြင်းထန်အ ဆုတ်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
‘‘ရန်ကုန်ဆေးရုံကြီးမှာ တခြားရောဂါ အခြေအနေတွေ ကြောင့် ရောက်လာတဲ့လူတွေမှာ ဒီလက္ခဏာပေါ်လာပြီဆိုရင် ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်သွား မယ်။ ကုသပေးသွားမယ်။ လူနာ တိုင်းကိုတော့ စမ်းသပ်ဖို့ အစီအ စဉ်မရှိပါဘူး။ ဆေးရုံဝန်ထမ်းတွေ ကိုလည်း လက္ခဏာပြလာရင် တော့ စမ်းသပ်ကုသမှုတွေလုပ် ပေးသွားမယ်။ အစုလိုက် အပြုံ လိုက်ဖြစ်လာမယ်ဆိုရင် ကုသမှု အစီအစဉ်ကိုပြောင်းပြီး ကုသပေး သွားမယ်။ ဒါကိုလည်း ကြိုတင် စီ စဉ်မှုတွေ လုပ်သွားမှာပါ’’ ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက် တာအေးကိုကိုက ဆိုသည်။
ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A (H1N1) 2009) အပါအ၀င် ရာသီတုပ် ကွေးရောဂါဖြစ်ပွားမှုသည် တစ် ကမ္ဘာလုံးလူဦးရေ၏ ၅ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ် ပွားနေကာ ရောဂါဖြစ်ပွားသူ၏ ၁ ရာခိုင်နှုန်းအောက်သာ သေဆုံးမှု ရှိပြီး ၂၀၀၉ က ကမ္ဘာ့ကပ်တုပ် ကွေးအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင်ယင်းရောဂါ သည် ၂၀၀၁ ကတည်းက စတင် ၀င်ရောက်ခဲ့ပြီးနောက် ၂၀၀၉ က ယင်းရောဂါဖြစ်ပွားသူ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၁၇၆ ဦးရှိ ခဲ့ပြီး ၂၀၁၆ ၌ ကိုးဦးရှိခဲ့သည်ဟု ဆိုသည်။
=====================
251/ End
ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေသူ ၁၃ ဦးရှိ၊ တစ်ဦးသေဆုံး အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများတွင် ရာသီတုပ်ကွေး (H1N1) ဖြစ်ပွားမှုမရှိစေရေး
၂၅ ဇူလိုင် ၂၀၁၇ - ၁၈:၂၄
News ID: 844226
ရာသီတုပ်ကွေးရောဂါ (H1N1)ဖြစ်ပွားသူဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက် ရှိအချိန်ထိ ၁၃ ဦး ဖြစ်ပွားကာ သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။