အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံ ထားရသည့် The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာမခံပေး ရန် ကိုးကြိမ်မြောက်လျှောက်ထား တင်ပြရာတွင် ဗဟန်းမြို့နယ် တရားသူကြီးက အာမခံပေးခဲ့ သည်။
သြဂုတ် ၄ ရက်က ရုံးထုတ် စစ်ဆေးရာ ဦးကျော်မင်းဆွေကို ဗဟန်းမြို့နယ်တရားသူကြီးက အာမခံသူနှစ်ဦး၏ ခံဝန်ဖြင့် ကျပ် သိန်းတစ်ရာတန် အာမခံပေး ခြင်း ဖြစ်သည်။
‘‘ဒီမိုကရေစီလို့ နာမည်ခံ ထားတဲ့ အရပ်သားအစိုးရရောက် တဲ့အခါ သတင်းသမားတွေအပေါ် မှာရော တခြားသူတွေအပေါ်မှာ ပါ သတင်းမီဒီယာဥပဒေ (သို့မ ဟုတ်) ဒီထက်ပျော့ပျောင်းတဲ့ ဥပဒေမဟုတ်ဘဲနဲ့ တစ်ခါတည်း ထောင်ထဲတန်းထည့်လို့ရတဲ့ ပုဒ်မဆိုးတွေနဲ့ စွဲနေတာတွေဟာ မဆီလျော်ဘူးလို့ ခံစားရတယ်။
အထူးသဖြင့် ဒီနေ့လိုကာလမျိုး ပေါ့။ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားတယ်။ အစိုးရ ရော၊ လွှတ်တော်ရော။ သို့သော်လည်း မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး’’ဟု ဦးကျော်မင်း ဆွေက The Voice Daily သတင်း စာတိုက်တွင်ပြုလုပ်သည့် သတင်း စာရှင်းပွဲ၌ ပြောကြားသည်။
ယမန်နေ့က ရုံးထုတ်ရာ တွင် အမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိဘဲ တရားလိုပြသက်သေ တင်သွင်းမှုနှင့် အာမခံလျှောက် ထားတင်ပြမှုအတွက် အမိန့်ချမှတ် ခြင်းတို့သာ ပြုလုပ်ခဲ့သည်။
‘‘တရားလိုဘက်က သက် သေတင်သွင်းရာမှာ ဒုဗိုလ်မှူးကြီး လင်းထွန်းနဲ့အတူ တရားရုံးကို လိုက်ပါလာတဲ့ ဗိုလ်ကြီးကို သက် သေအဖြစ် တင်သွင်းတာကျွန် တော်တို့က ကန့်ကွက်လို့ တရား သူကြီးက အမိန့်ချပေးတာပေါ့။ တရားသူကြီးက ဥပဒေမှာပါတဲ့ အတိုင်း သက်သေတင်သွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က သဘောတူပါ တယ်’’ဟု ဦးကျော်မင်းဆွေ၏အ ကျိုးဆောင်ဥပဒေအကြံပေးရှေ့ နေဦးခင်မောင်မြင့်က ပြောသည်။
ထို့အပြင် ဦးကျော်မင်းဆွေ အမှုကိုချေဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ လျှောက်ထားတင်ပြထား ကြောင်း ၎င်းကပြောသည်။
၂၀၀၀ ပြည့်နှစ် ပြည်ထောင် စုတရားစီရင်ရေး ဥပဒေပုဒ်မ ၃၉ ဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၆၁(က)အရ အမှုကိုချေဖျက် ပေးရန် လျှောက်ထားခြင်းဖြစ် ကြောင်း ဦးခင်မောင်မြင့်က ပြော ကြားသည်။
မတ်လ ၂၆ ရက်ထုတ် The Voice Daily သတင်းစာတွင် ဖော် ပြခဲ့သည့် ‘ကျည်ထောင်စုသစ္စာ’ အမည်ရှိ သရော်စာဆောင်းပါး ကြောင့်တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည်ဆိုကာ အယ်ဒီ တာချုပ်ဦးကျော်မင်းဆွေနှင့် ဗြိတိ သျှကိုကိုမောင်တို့ကို ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုပြီး ဇွန်လ ၂ ရက်တွင် ဗဟန်းမြို့နယ်ရဲစခန်းက ဖမ်းဆီး ခဲ့သည်။
ဇွန်လ ၁၆ ရက်တွင် ဒုတိယ အကြိမ်ရုံးထုတ်ရာ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို အမှုနှင့် သက်ဆိုင်ခြင်းမရှိဆိုကာ လွှတ် ပေးခဲ့သည်။ သို့သော် ဗြိတိသျှကို ကိုမောင်နှင့် The Voice Daily သတင်းစာအယ်ဒီတာချုပ် ဦးကျော် မင်းဆွေတို့ကို တပ်မတော်က သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။ အမှု ကိုဇူလိုင် ၂၁ ရက်တွင် ဗဟန်းတရားရုံး၌ ရှစ်ကြိမ်မြောက်ရုံးထုတ်စစ်ဆေးပြီး သတင်းမီဒီ ယာဥပဒေပုဒ်မ ၂၅ (ခ)နှင့် တရားစွဲဆိုခံထားရသူ ဗြိတိသျှကိုကိုမောင်သည် ကျပ် ၁၀ သိန်းတန်အာမခံသူနှစ်ဦး လက်မှတ်ရေး ထိုးကာ အာမခံရရှိခဲ့သည်။ ဦးကျော်မင်းဆွေအမှုကို သြဂုတ် ၁၁ ရက်သို့ ထပ်မံချိန်းဆိုထား သည်။ ဦးကျော်မင်းဆွေသည် အင်းစိန်အကျဉ်းထောင်၌ နှစ်လ ကြာနေထိုင်ခဲ့ရပြီး လာမည့်ရုံးချိန်း များတွင် အချုပ်လွတ်ဖြင့် အမှုကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ် သည်။
=====================
251/ End
၅ ဩဂုတ် ၂၀၁၇ - ၁၈:၄၀
News ID: 846365
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံ ထားရသည့် The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာမခံပေး ရန် ကိုးကြိမ်မြောက်လျှောက်ထား တင်ပြရာတွင် ဗဟန်းမြို့နယ် တရားသူကြီးက အာမခံပေးခဲ့ သည်။