၂၀ ဩဂုတ် ၂၀၁၇ - ၁၈:၃၁
ဒေါက်တာတင်မျိုးဝင်း နှလုံးရောဂါခွဲစိတ်ကုသရန် စင်ကာပူသို့ သွားရောက်

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် နှလုံးရောဂါ ခွဲစိတ်ကုသမှုခံယူရန် ဩဂုတ် ၁၉ ရက် တွင် စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီး ဩဂုတ် ၂၁ ရက်၌ ကုသမှု ခံယူမည်ဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ ဝင် ဦးအောင်စိုးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် နှလုံးရောဂါ ခွဲစိတ်ကုသမှုခံယူရန် ဩဂုတ် ၁၉ ရက် တွင် စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီး ဩဂုတ် ၂၁ ရက်၌ ကုသမှု ခံယူမည်ဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ ဝင် ဦးအောင်စိုးက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းသည် ဩဂုတ် ၁၁ ရက် မွန်းလွဲက ရင်ဘတ်အောင့်၍ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကာ ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

‘‘နှလုံးသွေးကြောပိတ်ပေါ့ဗျာ။ ကျဉ်း ရာကနေ အလုပ်များတော့၊ ဂရုမစိုက်နိုင် တော့ သွေးကြောနည်းနည်းပိတ်တာ ခွဲ လိုက်ရင် ကောင်းသွားမှာပါ’’ဟု ဦးအောင် စိုးက ပြောသည်။

ဒေါက်တာတင်မျိုးဝင်း၏ နှလုံး သွေးကြောပိတ်ရောဂါအ ခြေအနေသည် အန္တရာယ်ရှိသည် ဟုယူဆ၍ စင်ကာပူနိုင်ငံသို့ သွားရောက်ဆေးကုသရန် ဆုံးဖြတ်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာအေးကိုကိုက ပြောသည်။

‘‘မစိုးရိမ်ရဘူးလည်း မဟုတ် ဘူး။ စိုးရိမ်ရတယ်လည်းမဟုတ် ဘူး။ စောစောကုသမှုခံယူတာက တော့ အကောင်းဆုံးပါ’’ဟု ဒေါက်တာအေးကိုကိုက ပြောသည်။

၎င်းသည် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ မိသားစုဆရာဝန်အ ဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိအစိုးရလက်ထက်တွင် အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် တာဝန်ယူကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) တွင် ပါဝင်လာရေးညှိနှိုင်းနေသူဖြစ်သည်။

၎င်းသည် ဆေးရုံမတက်မီ ဩဂုတ် ၁၁ ရက် နံနက်ကပင် ရန် ကုန်မြို့၌ ကျင်းပသည့် ကော်မရှင်နှင့် UNFC နိုင်ငံရေးဆိုင်ရာ ဆွေး နွေးညှိနှိုင်းရေး ကိုယ်စားလှယ်အ ဖွဲ့ (DPN) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဦးဆောင်တက် ရောက်ပြီး နေ့လယ် ဆွေးနွေးပွဲ အပြီးတွင် မိန့်ခွန်းပြောကြားခဲ့ သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် NCA လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ရန် လာမည့်စက်တင်ဘာတွင် တွေ့ဆုံရန် စီစဉ်ထားသည်။

=====================
251/ End