၂၂ ဩဂုတ် ၂၀၁၇ - ၁၈:၄၀
 မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် ဆီးဂိမ်းအုပ်စု နောက်ဆုံးပွဲတွင် အိမ်ရှင်မလေးရှားအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဩဂုတ် ၂၁ ရက်က ပရိ သတ် ရှစ်သောင်းကျော် ဝင်ဆံ့ သော ရှာအလမ်ကွင်း၌ ယှဉ်ပြိုင် ခဲ့သည့် အဆိုပါပွဲတွင် ပထမပိုင်း မိနစ် ၂၀ ကျော်အထိ မြန်မာအ သင်းက အိမ်ရှင်အသင်းကို အ ပြန်အလှန် ယှဉ်ပြိုင်နိုင်ခဲ့သည်။သို့သော် နောက်ပိုင်းတွင် မလေးရှားအသင်းက ပိုဖိအားပေးကာ ပွဲချိန် ၃၃ မိနစ်နှင့် ၃၅ မိနစ်တို့၌ နှစ်ဂိုးဆက်သွင်းယူကာ ပထမ ပိုင်း၌ ဦးဆောင်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးဂိမ်းတွင် မြန်မာ ယူ-၂၂ အသင်း အိမ်ရှင်မလေးရှားကို ဂိုးပြတ်ရှုံး


ဩဂုတ် ၂၁ ရက်က ပရိ သတ် ရှစ်သောင်းကျော် ဝင်ဆံ့ သော ရှာအလမ်ကွင်း၌ ယှဉ်ပြိုင် ခဲ့သည့် အဆိုပါပွဲတွင် ပထမပိုင်း မိနစ် ၂၀ ကျော်အထိ မြန်မာအ သင်းက အိမ်ရှင်အသင်းကို အ ပြန်အလှန် ယှဉ်ပြိုင်နိုင်ခဲ့သည်။သို့သော် နောက်ပိုင်းတွင် မလေးရှားအသင်းက ပိုဖိအားပေးကာ ပွဲချိန် ၃၃ မိနစ်နှင့် ၃၅ မိနစ်တို့၌ နှစ်ဂိုးဆက်သွင်းယူကာ ပထမ ပိုင်း၌ ဦးဆောင်ခဲ့သည်။

ယခုပွဲတွင် မြန်မာအသင်း အနေဖြင့် မလေးရှားအသင်း၏ အဝေးဘောများကို ဖြတ်တောက် မှုအားနည်းခဲ့ပြီး အမြင့်ဘောများ ကိုလည်း မထိန်းနိုင်ခဲ့ပေ။ ထို့အ တူ မလေးရှားအသင်း၏ တောင် ပံတိုက်စစ်များကလည်း မြန်မာ နောက်တန်းကို အလုပ်ရှုပ်စေခဲ့ သည်။

ဒုတိယပိုင်းတွင် မြန်မာအ သင်းက သန်းပိုင်နှင့် ရွှေကိုတို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပြီး အိမ်ရှင်အသင်းကို ဖိအားပေးနိုင် ခဲ့သော်လည်း ပွဲချိန် ၈၂ မိနစ်၌ မလေးရှားအသင်းက တန်ပြန် တိုက်စစ်မှတစ်ဆင့် တတိယ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ မြန် မာအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် သန်းပိုင်က သွင်းယူခဲ့ သည်။

မလေးရှားအသင်းအနေဖြင့် မြန်မာအသင်းကို အနိုင်ယူခဲ့သော ကြောင့် လက်ကျန်တစ်ပွဲကျန်ရှိ သေးသော်လည်း အကြိုဗိုလ်လုပွဲ သို့ တက်ရောက်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် အုပ်စု(က)တွင် မြန်မာနှင့် မလေးရှားအသင်းတို့ အကြိုဗိုလ်လုပွဲ တက်ရောက်ပြီ ဖြစ် သည်။

မြန်မာအသင်းက လေးပွဲ ကစား၊ သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ကိုးမှတ်ရရှိကာ အုပ်စုပွဲကျန်မရှိတော့ဘဲ မလေးရှားအသင်းက သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်ဖြင့် လက်ကျန်တစ်ပွဲ ရှိသေးသည်။

မလေးရှားအသင်းသည် ဩဂုတ် ၂၃ ရက်တွင်  လာအိုအသင်း နှင့် ယှဉ်ပြိုင်ရမည့် အုပ်စုနောက် ဆုံးပွဲ၌ ရမှတ်တစ်မှတ် ရရှိရုံဖြင့် အုပ်စုပထမ ရရှိမည်ဖြစ်သည်။

=====================
251/ End