အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အရေး တွင် ပြည်ပမှ ၀င်ရောက်စွက်ဖက် သည့်သဘောသက်ရောက်ခြင်း ရှိ၊ မရှိရခိုင်အကြံပေးကော်မရှင် ၏ အစီရင်ခံစာပါအချက်အလက် များကို ကြည့်စေလိုကြောင်း မစ္စ တာကိုဖီအာနန်က တိုက်တွန်း ပြောကြားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်၏ အပြီးသတ်အစီ ရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်သွင်းခဲ့ပြီးနောက် ဩ ဂုတ် ၂၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ 7Day Daily သတင်းစာ၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခြင်းဖြစ် သည်။
‘‘နိုင်ငံခြားက ၀င်ရောက် စွက်ဖက်တဲ့သဘောသက်ရောက်၊ မသက်ရောက်က အချက်အ လက်တွေကို ကြည့်စေလိုတယ်လို့ ပြောကြားလိုပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် က ကော်မရှင်ဖွဲ့စည်းမှုကို အကြံ ပြုတာဖြစ်ပြီးတော့ လွှတ်တော်မှာ တင်တယ်။ လွှတ်တော်မှာမဲခွဲပြီး တော့ လွှတ်တော်မဲအရ ကော်မ ရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကော်မရှင်မှာ ပါဝင်သူတွေ၊ ကော်မရှင်အဖွဲ့ဝင်တွေကိုလည်း အခု စင်ပေါ်မှာ ထိုင်နေတဲ့အတိုင်း တွေ့မြင်နိုင်ပါတယ်။ မြန်မာ ခြောက်ဦး၊ နိုင်ငံတကာမှ သုံးဦး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခွင့်ရတဲ့ အတွက် အရမ်းဝမ်းမြောက်ပါ တယ်။ ဒီမှာရောနှောပြီးတော့ ပါ ၀င်တယ်ပေါ့။ သို့သော် မြန်မာ ကော်မရှင်ဖြစ်ပြီးတော့ နိုင်ငံခြား က ပါဝင်ဆောင်ရွက်မှုရှိတယ်။ ဒီ လိုမျိုးမြင်သင့်တယ်လို့ မြင်ပါ တယ်’’ ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စ တာကိုဖီအာနန်က ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကို ညှိ နှိုင်းပေါင်းစပ်ပေးရန် ၀န်ကြီးအ ဆင့် တာဝန်ခံတစ်ဦးခန့်အပ်ရန် ကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်း ထားသည်။
‘‘ရခိုင်ပြည်နယ်ဆိုင်ရာအ ကြံပေးကော်မရှင်ရဲ့အကြံပြုချက် များကို ထိရောက်စွာအကောင် အထည်ဖော်နိုင်ရန် ရခိုင်ပြည် နယ်နှင့်ပတ်သက်သည့် မူဝါဒများ ကို ညှိနှိုင်းပေါင်းစပ်ပေးသည့် တာဝန်တစ်ခုတည်းကိုသာ ယူ သည့် ၀န်ကြီးအဆင့်တာဝန်ခံတစ် ဦး ခန့်အပ်ရန် ကျွန်တော်တို့အဆို ပြုထားပါတယ်’’ ဟု ကော်မရှင် ဥက္ကဋ္ဌကိုဖီအာနန်က ပြောကြား သည်။ ‘‘၀န်ကြီးအဆင့်ရှိသည့် တာဝန်ခံသည် လုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် လုံလောက်သည့်ဝန်ထမ်းအင် အားနဲ့ဖွဲ့စည်းထားတဲ့အမြဲတမ်း အထောက်အကူပြုအဖွဲ့ (Secr- etariat) မှ လုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးရပါမယ်။ ထိုအ ထောက်အကူပြုအဖွဲ့ဟာ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းမှု နဲ့ဖွံ့ဖြိုးတိုးတက်ရေးအကောင်အ ထည်ဖော်ရေးဗဟိုကော်မတီရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ရ မှာ ဖြစ်ပြီး ဗဟိုကော်မတီရဲ့လုပ် ငန်းများကိုလည်း အထောက်အပံ့ ပြုရပါမယ်’’ ဟု မစ္စတာကိုဖီအာ နန်က ပြောသည်။
ကော်မရှင်၏အပြီးသတ်အ စီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ IDP ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထား သည့် အကူအညီများပေးနိုင်မှု၊ သတင်းယူခွင့်၊ ပညာရေး၊ ကျန်း မာရေး၊ မူးယစ်ဆေးဝါးများစ သည့် ကဏ္ဍများကို ဖော်ပြထား သည်။
ထို့အပြင် နိုင်ငံရေးကဏ္ဍ နှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြု မှု၊ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍ၊ တရားမျှတမှုရရှိရေး၊ ယဉ်ကျေးမှု ဆိုင်ရာဖွံ့ဖြိုးမှု၊ နယ်စပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံနှင့်ဆက်ဆံရေး၊ ဒေသအတွင်း ရှိ နိုင်ငံများနှင့်ဆက်ဆံရေး၊ ကော်မရှင်၏အကြံပြုချက်များ အား အကောင်အထည်ဖော် ဆောင်ရွက်မှုစသည့်ကဏ္ဍများ ထည့်သွင်းဖော်ပြထားသည်။
အထက်ပါကဏ္ဍအားလုံး အတွက် အဓိကတွေ့ရှိချက်များ နှင့် အကြံပြုချက်များကို ကော်မ ရှင်က အသေးစိတ်ရေးသားထား သည်။
နိုင်ငံသားဖြစ်မှုကဏ္ဍတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် နှင့် ၁၉၈၂ နိုင်ငံသားဥပဒေဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြားကာ အဓိက တွေ့ရှိချက်များနှင့် အကြံပြုချက် များကိုဖော်ပြထားသည်။
လွတ်လပ်စွာသွားလာခွင့် ကဏ္ဍတွင် ရခိုင်ပြည်နယ်၌နေ ထိုင်သူအားလုံးနိုင်ငံသားစိစစ်ခံ ရမည့်သူ၏ သက်သေခံကတ်ပြား (NVC)(သို့မဟုတ်) အမျိုးသား မှတ်ပုံတင် (သို့မဟုတ်)နိုင်ငံသား စိစစ်ရေးကတ်ရှိမှုတို့အပေါ်တွင် အခြေမခံဘဲ လွတ်လပ်စွာသွား လာခွင့်ပြုသင့်ပါသည်ဟု ထည့် သွင်းရေးသားထားသည်။
ရခိုင်ပြည်နယ်အတွင်း၌ နိုင် ငံသားဖြစ်သူများကို သွားလာခွင့် ပိတ်ပင်မထားကြောင်းနှင့် နိုင်ငံ သားဖြစ်၊ မဖြစ်မသိဘဲ သွားချင် ရာကို သွားခွင့်ပြုရန်မှာ နိုင်ငံတ ကာစံနှုန်းအရလည်း မသင့်တော် ကြောင်း ယခင်အစိုးရလက်ထက် ပြည်နယ်ဥပဒေချုပ်တာဝန်နှင့် ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိ သူ တာဝန်ဆောင်ရွက်ခဲ့သူ ဦးလှ သိန်းက မှတ်ချက်ပြုသည်။
‘‘နိုင်ငံသားမဟုတ်တဲ့ လူ တစ်ယောက်ဟာ တခြားနိုင်ငံတစ် နိုင်ငံမှာ သွားချင်သလိုသွား၊ လာ ချင်သလိုလာ အဲဒီလိုခွင့်ပြုဖို့က ခက်တယ်။ နိုင်ငံတကာမှာလည်း အဲဒီလိုရှိမှာမဟုတ်ဘူး။ ကိုဖီအာ နန်ပြောလိုတဲ့ဟာက နိုင်ငံသားရ ပြီးတဲ့လူကို လွတ်လွတ်လပ်လပ် သွားပါစေလို့ သဘောမျိုးဖြစ်လိမ့် မယ်လို့ သုံးသပ်တယ်လေ’’ ဟု ဦးလှသိန်းက မှတ်ချက်ပြုသည်။
ကော်မရှင်၏ အလေးအ နက်ဖော်ပြခဲ့သည့် ကဏ္ဍများမှာ ရခိုင်ပြည်နယ်၏စီးပွားရေနှင့် လူ မှုရေးဖွံ့ဖြိုးမှု၊ နိုင်ငံသားစိစစ်မှု၊ နိုင်ငံသားကတ်ပြားထုတ်ပေးမှု၊ လွတ်လပ်စွာသွားလာခွင့်၊ အခွင့် အရေးကိစ္စနှင့် ဥပဒေရှေ့မှောက် တန်းတူညီမျှဖြစ်စေရန်တို့ဖြစ်ပြီး အကြံပြုချက်များအပေါ် ဦးစား ပေးဆောင်ရွက်ရန် ဆုံးဖြတ်ချက် ကိုနိုင်ငံတော်အစိုးရက အကဲ ဖြတ်မည်ဖြစ်ကြောင်း မစ္စတာ ကိုဖီအာနန်က သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ် ကိစ္စရှေ့ဆက်လှမ်းနိုင်ရေးအ တွက် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေဖြင့် နိုင်ငံတွင်းကြိုးပမ်းအား ထုတ်မှုများကိုခိုင်မာရက်ရောပြီး ဘက်မလိုက်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သင့်ကြောင်း မစ္စတာကိုဖီအာနန်က တိုက်တွန်း သည်။
‘‘နိုင်ငံတကာအသိုင်းအ၀ိုင်း နဲ့ အစိုးရအကြားရခိုင်နဲ့ဆက်စပ် တဲ့ကိစ္စရပ်တွေမှာ တင်းမာမှုရှိပါ တယ်။ သို့သော်လည်း ဆက်လက် မဆောင်ရွက်နိုင်တဲ့အခြေအနေ တော့ မဖြစ်လာသင့်ပါဘူး။ နှစ် ဦးနှစ်ဖက်ယုံကြည်မှုနဲ့ပူးပေါင်း ဆောင်ရွက်မှုကို ဦးတည်စေတဲ့ ပေါင်းကူးတံတားတည်ဆောက်ဖို့ ရာဖြစ်နိုင်ပါတယ်’’ ဟုကော်မရှင် ဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားသည်။
ကော်မရှင်သည်ရန်ကုန်မြို့ ၌ သတင်းစာရှင်းလင်းပွဲမပြုလုပ် မီဩဂုတ် ၂၄ ရက်နံနက်တွင် နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင် ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်း စုကြည်နှင့်နေပြည်တော်၌ တွေ့ ဆုံကာ အပြီးသတ်အစီရင်ခံစာ ကို ပေးအပ်ခဲ့သည်။
ထို့အပြင် ကော်မရှင်သည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအ ကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့်တွေ့ဆုံ၍ အပြီး သတ်အစီရင်ခံစာအပေါ် အပြန် အလှန်ဆွေးနွေးခဲ့သည်။
‘‘အကြံပြုချက်တွေ အ ကောင်အထည်ဖော်နိုင်မယ့် အ ခွင့်အလမ်းကတော့ ရှိတယ်လို့ ကျွန်တော်ထင်မြင်ယူဆပါတယ်။ ဘာကြောင့်လဲဆိုရင် မနေ့က လည်း အစိုးရအဖွဲ့၊ ၀န်ကြီးအဖွဲ့ တစ်ဖွဲ့လုံးနီးပါးနဲ့ တွေ့ဆုံပြီး တော့ အစီရင်ခံစာအကြောင်းကို ပဲ တစ်ချက်ချင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်’’ ဟု မစ္စတာကိုဖီအာ နန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
အလားတူကော်မရှင်သည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်တွေ့ဆုံကာ အပြီးသတ် အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
တွေ့ဆုံမှုတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကော်မ ရှင်အနေဖြင့် အချိန်ကန့်သတ် ချက်၊ သွားလာမှုကန့်သတ်ချက် များကြောင့် အကြောင်းအရာ အ ချက်အလက်ပိုင်းတွင် မပြည့်စုံနိုင် ဟု ယူဆပါကြောင်းနှင့် အစီရင် ခံစာပါ အချက်အလက်လွဲမှားမှု လိုအပ်ချက်များ ရှိနေကြောင်း ထည့်သွင်း ပြောကြားသည်ဟု ထုတ်ပြန်ချက်၌ဖော်ပြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်၏ လုပ်ငန်းတာဝန် များလုပ်ဆောင်ချိန်တွင် ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်သည် မြန်မာ စိတ်ဓာတ်များဖြစ်ပေါ်ရန် တည် ဆောက်ယူခဲ့ပြီး ပြည်နယ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင် အဖွဲ့ဝင်ဦးဝင်းမြက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ကော်မရှင်သည် အပြီးသတ် အစီရင်ခံစာတင်သွင်းရန် စတင် ဖွဲ့စည်းချိန်မှစ၍ တစ်နှစ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ သံတွဲ၊ ကျောက် ဖြူ၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီး တောင်၊ ရန်ကုန်နှင့်နေပြည်တော် အပါအ၀င် ဘန်ကောက်၊ ဒါကာ၊ ကော့ဘဇားနှင့် ဂျီနီဗာသို့ သွား ရောက်ခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲ ၁၅၅ ကြိမ်ပြုလုပ်ခဲ့သည်ဟု အစီ ရင်ခံစာ၌ ဖော်ပြသည်။
ဆက်လက်၍ ကော်မရှင် သည် ရခိုင်အရေးတွင် ပါဝင် ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကိုယ် စားလှယ်ဦးရေ ၁,၁၀၀ ဖြင့်တွေ့ ဆုံခဲ့သည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပေးကော်မရှင်ကို ပြည်တွင်း ပညာရှင်ခြောက်ဦး၊ ပြည်ပပညာ ရှင်သုံးဦး စုစုပေါင်းကိုးဦးဖြင့် ၂၀၁၆ စက်တင်ဘာတွင် ဖွဲ့စည်း ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ်ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာကိုဖီအာနန် က တာဝန်ယူခဲ့သည်။
ရခိုင်ပြည်နယ်အရေးကိစ္စ ပိုမိုဆိုးရွားသွားစေမည့် မီးလောင် ရာလေပင့်ခြင်းများကို ရှောင်ကြဉ် ပြီး ပြဿနာဖြေရှင်းရေးကို အ လေးထားအာရုံစိုက်ကြရန် အ ရေးကြီးကြောင်း နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဩဂုတ် ၂၄ ရက်ညတွင် သတင်းထုတ်ပြန် သည်။
ရခိုင်ပြည်နယ်ဆိုင်ရာအ ကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့်ပတ်သက်၍ ယင်း သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရခိုင် ပြည်နယ်အတွက် ရှေ့ဆက် ဆောင်ရွက်သင့်သည့် အပြုသ ဘောဆောင်သောနည်းလမ်းများ ရှာဖွေနိုင်ရန်ဆက်လက်ကြိုးပမ်း အားထုတ်ပေးခဲ့ကြသည့် ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်နှင့်တကွ ကော်မရှင်အဖွဲ့ဝင်များအားလုံး ကို ကျေးဇူးဥပကာရအထူးတင်ရှိ ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ နေ ထိုင်သူအားလုံးအတွက် ကောင်း မွန်သည့်လမ်းကြောင်းတစ်ရပ် ရှာဖွေရာတွင် နေ့ချင်းညချင်းဖြေ ရှင်းနိုင်မည်မဟုတ်သည့် အခက် အခဲများရှိနေသည်ကိုလည်း အ သိအမှတ်ပြုလက်ခံရန် လိုအပ် ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အ သိုင်းအ၀ိုင်းများအကြား စိတ်နေ စိတ်ထားခံယူချက်များပြောင်းလဲ လာစေရန်နှင့် ယုံကြည်မှုတည် ဆောက်နိုင်ရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်သည်။
=====================
251/ End
ပြည်ပမှ ၀င်ရောက်စွက်ဖက်သည့်သဘော ရှိ၊ မရှိ အစီရင်ခံစာကို ကြည့်စေလိုကြောင်း ကိုဖီအာနန်ပြောကြား ရခိုင်အရေးညှိနှိုင်းရန် ၀န်ကြီးအဆင့်
၂၅ ဩဂုတ် ၂၀၁၇ - ၁၈:၃၅
News ID: 850475
ရခိုင်ပြည်နယ်အရေး တွင် ပြည်ပမှ ၀င်ရောက်စွက်ဖက် သည့်သဘောသက်ရောက်ခြင်း ရှိ၊ မရှိရခိုင်အကြံပေးကော်မရှင် ၏ အစီရင်ခံစာပါအချက်အလက် များကို ကြည့်စေလိုကြောင်း မစ္စ တာကိုဖီအာနန်က တိုက်တွန်း ပြောကြားသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်၏ အပြီးသတ်အစီ ရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်သွင်းခဲ့ပြီးနောက် ဩ ဂုတ် ၂၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ 7Day Daily သတင်းစာ၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခြင်းဖြစ် သည်။