အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ သြဂုတ် ၂၅ ။ ။ ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခံရမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကြီးကြပ်နေပြီး မောင်တောဒေသအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့စခန်းများ အပေါ် တိုက်ခိုက်မှုများအား ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။
"နိုင်ငံအတွက် အသက်ပေးလှူသွားသည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း တစ်သားတည်း ရပ်တည်လျက်ရှိပြီး ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှတဆင့် သဘောထားကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယင်းအပြင် ယနေ့ တိုက်ခိုက်မှုများသည်ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှု တို့အတွက် ကြိုးပမ်းအားထုတ်နေမှုများကို ထိခိုက်ယုတ်လျော့သွားစေရန် ဦးတည်ချက်ရှိရှိ စနစ်တကျ စီမံဆောင်ရွက်နေသည့် လုပ်ရပ်များဖြစ်သည်မှာ ထင်ရှားနေသည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရာတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အစိုးရအနေဖြင့် လက်တွေ့ကျပြီး ရေရှည် တည်တံ့သည့် ဖြေရှင်းချက်များဖြင့် ထိထိရောက်ရောက် ဖြေရှင်းသွားမည်ဟု ပြောထားသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့် ယနေ့ ၁၅၃၀ နာရီအချိန်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (နေပြည်တော်) ၌ ရခိုင်ပြည်နယ်အရေး အစည်းအဝေး ခေါ်ယူခဲ့သည်။
ယနေ့ တိုက်ခိုက်မှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ဦး ၊ လဝက ဝန်ထမ်း ၁ ဦး ၊ တိုက်ခိုက်သူများဘက်မှ ၇၇ ဦး၊ အရှင်ဖမ်းမိထားသူ ၂ ဦး၊ နှစ်ဖက် သေဆုံးသူ ၈၉ဦးအထိ ရှိလာပြီဖြစ်သည်။
=====================
251/ End
၂၅ ဩဂုတ် ၂၀၁၇ - ၁၉:၂၉
News ID: 850493
ရန်ကုန် ၊ သြဂုတ် ၂၅ ။ ။ ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခံရမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကြီးကြပ်နေပြီး မောင်တောဒေသအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့စခန်းများ အပေါ် တိုက်ခိုက်မှုများအား ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။