အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်တွင် အ ကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ် များအပေါ် နိုင်ငံတော်အကြီးအကဲ များကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဩဂုတ် ၂၅ ရက်ညနေတွင် သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဩဂုတ် ၂၅ ရက် ညနေ ၃ နာရီခွဲတွင် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာဝန်ကြီး၊ အတိုင်ပင်ခံရုံးဝန် ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ သမ္မတရုံးဒုဝန် ကြီးများကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ အစည်းအဝေး ခေါ်ယူကျင်းပကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဩဂုတ် ၂၅ ရက် နံနက်တွင် ပြည်ထဲရေးဝန်ကြီးသည် နိုင်ငံ တော်သမ္မတနှင့် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ လာရောက် ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း အ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနေ မှုအခြေအနေကို တင်ပြခဲ့သည်ဟု ဆိုသည်။
နိုင်ငံတော် သမ္မတရုံးက လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက် သွယ်ကာ လိုအပ်သော လုံခြုံရေး တပ်ဖွဲ့များ ထပ်မံဖြည့်တင်းရေး၊ ရဟတ်ယာဉ်သုံးစွဲရေးတို့ကို ညှိ နှိုင်းဆောင်ရွက်ခဲ့ကြောင်း ဆက် လက်ဖော်ပြထားသည်။
ထို့အပြင် ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် (ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း)) က နိုင်ငံတော်သမ္မတထံ ရခိုင်ပြည် နယ်အခြေအနေကို ဆက်သွယ် သတင်းပို့ပြီး ဒေါ်အောင်ဆန်းစု ကြည်ကို သမ္မတအိမ်တော်၌ လာရောက်တွေ့ဆုံကာ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ ကာကွယ်ရန်နှင့် အကြမ်းဖက်သမားများကို ထိရောက် စွာ နှိမ်နင်းရေးကိစ္စများ ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ရဲတပ်ဖွဲ့ဝင်အင် အားတိုးမြှင့်ထားပြီး တပ်မတော် ကလည်း တပ်ဖွဲ့အင်အားဖြည့် တင်းကာ ဒေသခံပြည်သူများ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ရေး စီစဉ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဩဂုတ် ၂၅ ရက် နံနက်အစောပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့သည်။ အကြမ်းဖက်သမား၇၇ ဦးကို အသေဖမ်းဆီးရမိကာနှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။
တစ်ပြိုင်နက်တည်းမှာပင် ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ် ဖွဲ့ဝင်များအပေါ် အကြမ်းဖက် သမားများ၏ ကြမ်းတမ်းရက်စက် သည့် တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ထုတ်ပြန်ကြေ ညာသည်။
ယင်းဒေသ၌ သတ္တိရှိရှိ၊ ရွပ် ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေ သည့် ရဲဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ချီးကျူးဂုဏ်ပြု ကြောင်းနှင့် နိုင်ငံအတွက် အသက်ပေးလှူသွားသည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ပြန်သည်။
အကြမ်းဖက်တိုက်ခိုက်မှု များသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် သဟ ဇာတဖြစ်မှုတို့အတွက် ကြိုးပမ်း အားထုတ်မှုများကို ထိခိုက်ယုတ် လျော့စေရန် ဦးတည်ချက်ဖြင့် ဆောင်ရွက်နေသည်မှာ ထင်ရှား ကြောင်းနှင့် ယင်းလုပ်ရပ်များကြောင့် အစိုးရ၏ လုပ်ငန်းများ ယိမ်းယိုင်မည်မဟုတ်ကြောင်း သတိပေးထားသည်။
တစ်ချိန်တည်းတွင် အကြမ်း ဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ သည် လက်ရှိ အကြမ်းဖက်မှုဖြစ် စဉ်၌ ပါဝင်သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ နှင့် ၎င်းအကြမ်းဖက်သမားများ အတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက် အုပ်စုဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက် ဖြင့် ကြေညာသည်။
=====================
251/ End
ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်
၂၆ ဩဂုတ် ၂၀၁၇ - ၁၉:၁၇
News ID: 850685
ရခိုင်ပြည်နယ်တွင် အ ကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ် များအပေါ် နိုင်ငံတော်အကြီးအကဲ များကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဩဂုတ် ၂၅ ရက်ညနေတွင် သတင်းထုတ်ပြန်သည်။