အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောဒေသတွင် လတ် တလောဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ကိုင်တွယ်ဖြေ ရှင်းရာ၌ လူမျိုးရေး၊ ဘာသာရေးအသွင် သဏ္ဌာန်မဖြစ်စေရန် ဆောင်ရွက်နေ ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင် တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးတည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများကိုသာ နှိမ်နင်းနိုင် ရေး ဦးတည်ဆောင်ရွက်နေပြီး အကြမ်း ဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသူများကို ဦးတည်ခြင်းမရှိဟု နိုင်ငံ တော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ထားသည်။‘‘လူမျိုးရေးကို ဦးတည်သွား မှာစိုးတယ်။ ဒီအချိန်မှာ ငါတို့က ပြတ်ပြတ်သားသားလုပ်နေတာ။ လူမျိုးရေးကို မကူးစက်စေချင် ဘူး။ ဘာသာရေးမကူးစက်စေ ချင်ဘူး’’ဟု ရဲမှူးချုပ် သူရစန်းလွင် က ပြောသည်။
သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်တွင် မောင်တောဒေ သရှိ ရဲစခန်းနှင့် ရဲကင်းများအား ရာနှင့်ချီသည့် လူအုပ်စုများက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန် ထမ်းတစ်ဦးကျဆုံးခဲ့သည်။
သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ်ရှင်းလင်းခဲ့သည်။
အကြမ်းဖက်သမားများအ နေဖြင့် ကလေးသူငယ်များကို ရှေ့ကထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို ရန်ပြုခြင်းများ၊ လူနည်းစုတိုင်း ရင်းသားကျေးရွာများကို လူအုပ်စု ဖြင့် ဝင်ရောက်၍ မီးရှို့ခြင်း၊ အ ကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေပြီး ယင်းသို့ အကြမ်းဖက်မှုများတွင် ပါဝင်သော လူပုဂ္ဂိုလ်အားလုံးသည် အကြမ်း ဖက်မှုမြောက်မည် အစိုးရက သတင်းထုတ်ပြန်ထားသည်။
အစွန်းရောက်အကြမ်းဖက် သမားများနှင့် ပတ်သက်ဆက် နွှယ်ခြင်းမရှိသူ ဘင်္ဂါလီများအနေ ဖြင့် စိုးရိမ်ပူပန်မှုမရှိကြရန် လိုအပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်အရ ဆောင်ရွက်ရာတွင် တုတ်၊ ဓား၊ လက်နက်များကိုင် ဆောင်ခြင်း၊ ရန်လိုခြင်းနှင့် ရန်ပြု ခြင်းများ မပြုလုပ်ဘဲ အသာတ ကြည် ပူးပေါင်းဆောင်ရွက်ရန် အစိုးရက အသိပေးတိုက်တွန်း ထားသည်။
မောင်တောအကြမ်းဖက်မှု အား ဖြေရှင်းရာတွင် တစ်ဖက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း ဆက်ဆံဆက်သွယ်မှု တောက် လျှောက် ဆောင်ရွက်ထားပြီး လို အပ်ပါက ပူးပေါင်းဆောင်ရွက်နေ သည်ဟု ၎င်းက ဆိုသည်။ ‘‘နှစ်နိုင် ငံဆက်သွယ်မှုကို တည်ဆောက် ထားတယ်’’ဟု ရဲမှူးချုပ် သူရစန်း လွင်က ပြောသည်။
၂၀၁၂ ဇွန်လနှင့် အောက်တို ဘာလအတွင်း ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းအကြား အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့၍ ရခိုင်နှင့် မွတ်စလင် စုစုပေါင်း အနည်းဆုံး ၁၉၂ ဦး သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
=====================
251/ End
မောင်တောဒေသ အကြမ်းဖက်မှု လူမျိုးရေး၊ ဘာသာရေးပုံစံ မဖြစ်စေရန် ဆောင်ရွက်နေဟု ရဲမှူးချုပ် သူရစန်းလွင်ပြောကြား
၃၀ ဩဂုတ် ၂၀၁၇ - ၁၈:၂၄
News ID: 851450
မောင်တောဒေသတွင် လတ် တလောဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ကိုင်တွယ်ဖြေ ရှင်းရာ၌ လူမျိုးရေး၊ ဘာသာရေးအသွင် သဏ္ဌာန်မဖြစ်စေရန် ဆောင်ရွက်နေ ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။