၁ စက်တင်ဘာ ၂၀၁၇ - ၁၈:၃၅
အစ္စလာမ်ဘာသာဝင်ရွာသားများက အကြမ်းဖက်သမား (၇)ဦးကို ဖမ်းဆီး၍ ရဲလက်အပ်

ရန်​ကုန်​ ၊စက်တင်ဘာ ၁ ။ ။ ARSA အစွန်းရောက် အကြမ်းဖက်သမားများကို အကြမ်းဖက်မှုမလိုလားသူမောင်တောဒေသခံ အစ္စလာမ်ဘာသာဝင်ရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်းအစိုးရ သတင်းထုတ်​ပြန်​​ရေး​ကော်​မတီမှသိရသည်​။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်​ကုန်​ ၊စက်တင်ဘာ ၁ ။          ။  ARSA အစွန်းရောက် အကြမ်းဖက်သမားများကို အကြမ်းဖက်မှုမလိုလားသူမောင်တောဒေသခံ အစ္စလာမ်ဘာသာဝင်ရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်းအစိုးရ သတင်းထုတ်​ပြန်​​ရေး​ကော်​မတီမှသိရသည်​။

သြဂုတ် ၃၁ရက်နေ့လည် ၁၂ နာရီ ၅၀ မိနစ်တွင် မောင်တောမြို့နယ်ရှိ ကျေးရွာသား (၆၀)ခန့်သည် ရော်ဖီအဏ္ဏဝါ(၂၈)နှစ်  ကိုမသင်္ကာသဖြင့် ဖမ်းဆီးထား ခဲ့ပြီးမင်္ဂလာကြီး ချောင်းဝကင်းစခန်း သို့လာရောက် အကြောင်းကြားခဲ့ခြင်းဖြစ်​​​ကြောင်း ​ကော်​မတီ၏ ယ​နေ့ (စက်​တင်​ဘာ ၁) ထုတ်​ပြန်​ချက်​တွင်​​ဖော်ပြထားသည်။

အလားတူ ညနေ ၄ နာရီခွဲတွင် ဟာမီဒူလာ (၂၀)နှစ် အပါအ၀င် ကျား ၄ ဦးနှင့် မိချောင်း တက်ရွာမှ အဏ္ဏဝါဖိုက်ဆဲ (၂၂)နှစ်တို့ ၅ ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားကြောင်း ဖုန်းဖြင့် ထပ်မံအကြောင်းကြားခဲ့ သည်ဟု ထုတ်​ပြန်​ချက်​အရသိရသည်​။

ထိုကဲ့သို့အကြောင်းကြားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူ ၆ ဦးအား သွားရောက်ခေါ်ဆောင်စစ်ဆေးခဲ့ရာ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ကို စစ်ဆေးသိရှိ ရ​ကြောင်းလည်း ထုတ်​ပြန်​ချက်​တွင်​​ဖော်​ပြထားသည်။

ထို့အပြင် နေ့လည် ၁၁ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ်စိမ်းညှင်းပြာ ကျေးရွာအုပ်စုရှိ ပြင်ရှည်အလယ်ရွာနေ အဒူတာလစ်(၂၂)နှစ် သည် မေယုတောင်ကျော်လမ်းအတိုင်း ဖြတ်ကျော်ဝင်ရောက်လာသဖြင့်   ကျေးရွာတာဝန်ရှိသူများက ဝိုင်းဝန်း ဖမ်းဆီးကာ ကင်းချောင်း ရဲကင်းစခန်း သို့ လာရောက်အပ်နှံခဲ့​ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသူ ၇ ဦးကို ဥပဒေအရ အရေးယူရန်အတွက် ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

=====================
251/ End