အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရေး နည်းလမ်းရှာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အကြံပြုခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) စစ်ဦးစီးချုပ် နိုင်လယီကောင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၁ ရက်က နေ ပြည်တော်၌ တစ်နာရီခန့် တွေ့ ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မွန်ပြည် သစ်ပါတီ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပါဝင်ဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပြီး ဆွေးနွေးမှုအသေးစိတ်ကို ဖော်ပြမထားပေ။ ဆွေးနွေးပွဲတွင် ပါဝင်သည့် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထုတ်ပြန်ထားမှုထက် ပိုမိုပြောဆို ၍မရဟုဆိုသည်။
‘‘ဗမာပြည်မှာ တိုင်းရင်းသား ပေါင်းစုံ လက်နက်ကိုင်အဖွဲ့တွေ အားလုံးမပါဘဲနဲ့ ပကတိအခြေ အနေအရ ဘယ်လိုမှ မငြိမ်းချမ်း နိုင်ဘူးလေ။ ဒီမြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့လည်း ဒီအတိုင်းပေါ့၊ သ ဘောက။ အားလုံးအကြွင်းမဲ့ မဟုတ်သည့်တိုင်အောင် ပါဝင် သင့်ပါဝင်ထိုက်တဲ့ ပုံစံမျိုးပေါ့။ အဲဒါကို နည်းလမ်းရှာဖို့အတွက် အကြံပေးတာ’’ ဟု NMSP စစ်ဦးစီးချုပ်က ဒေါ်အောင်ဆန်းစု ကြည်နှင့် NMSP ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံမှုအခြေအနေနှင့် ပတ်သက်ပြီး 7Day Daily သတင်းစာအား ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖြစ်မြောက် အောင် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး အမြန်ရရှိရန် အဓိကလိုလားကြောင်း သ ဘောထားကို ဖော်ပြခဲ့သည်ဟု နိုင်လယီကောင်းကပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လမ်း ကြောင်းအတိုင်း သွားမည်ဖြစ်ပြီး NCA ကိစ္စ ပိုပြီးခိုင်မာရေးလုပ် ဆောင်ရန် လိုအပ်ကြောင်း ၎င်း ကဆိုသည်။ NCA လက်မှတ်ထိုး နိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ် စားလှယ်အဖွဲ့ (DPN)တို့ ယခု လအတွင်း ပြုလုပ်မည့် ဆွေးနွေး ပွဲရလဒ်အပေါ် မူတည်ကြောင်း NMSP စစ်ဦးစီးချုပ်က ပြောကြား သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NMSP ခေါင်းဆောင်များ၏ တွေ့ ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦး ကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦး သောင်းထွန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦး မင်းသူ၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ နိုင်ငံ တော်အတိုင်ပင်ခံရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးတို့ တက် ရောက်ခဲ့သည်။
မွန်ပြည်သစ်ပါတီဘက်က လည်း ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အ တွင်းရေးမှူး နိုင်ဇေယျ၊ စစ်ဦးစီး ချုပ် နိုင်လယီကောင်း၊ ပြည်တွင်း ရေးရာတာဝန်ခံ နိုင်ဝင်းလှ၊ ဗဟို ကော်မတီဝင် နိုင်အောင်မငေးတို့ တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေက NMSP ကိုယ်စား လှယ်အဖွဲ့ကို အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ် ချုပ်ကြီးမင်းနောင် တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန် သည်။
NMSP သည် NCA လက် မှတ်မရေးထိုးရသေးသော်လည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဖြစ်သည်။
NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာ သည် အဖွဲ့ဝင်လေးဖွဲ့ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက် ကလည်း ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် ဦးဆောင်သည့် တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် NMSP ကိုယ်စားလှယ်အဖွဲ့ ရေး မြို့တွင် တွေ့ဆုံထားသည်။
=====================
251/ End
ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်များ တွေ့ဆုံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်သည့်အဖွဲ့အားလုံး ပါဝင်ရေး အကြံ
၂ စက်တင်ဘာ ၂၀၁၇ - ၁၈:၅၅
News ID: 852052
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရေး နည်းလမ်းရှာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အကြံပြုခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) စစ်ဦးစီးချုပ် နိုင်လယီကောင်းက ပြောကြားသည်။