၁၅ စက်တင်ဘာ ၂၀၁၇ - ၁၈:၁၂
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် မြန်မာကို လုံခြုံရေးကောင်စီတိုက်တွန်း

ဗြိတိန်နှင့် ဆွီဒင် နိုင်ငံတို့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၁၃ ရက်တွင် တံခါး ပိတ်အစည်းအဝေးကျင်းပပြီး နောက် အကြမ်းဖက်မှုများ အဆုံး သတ်ရန် မြန်မာအစိုးရကို တိုက် တွန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဗြိတိန်နှင့် ဆွီဒင် နိုင်ငံတို့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၁၃ ရက်တွင် တံခါး ပိတ်အစည်းအဝေးကျင်းပပြီး နောက် အကြမ်းဖက်မှုများ အဆုံး သတ်ရန် မြန်မာအစိုးရကို တိုက် တွန်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များသည် ဘင်္ဂါလီများကို လူမျိုးတုံးရှင်းလင်းရာရောက်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က စွပ်စွဲပြောကြားပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆောင်ရွက်မှုများအတွင်း လွန်ကဲသော အင်အား အသုံးပြုမှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဖော်ပြကာ ယင်းအ ကြမ်းဖက်မှုများ အဆုံးသတ်ရေး ချက်ချင်းအရေးယူဆောင်ရွက် ရန် တိုက်တွန်းသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများအပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းနေစဉ် ဘင်္ဂါလီသုံးသိန်းရှစ်သောင်းခန့် နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းက ဆိုသည်။

နယူးယောက်မြို့တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ဂူတာရက်စ်က ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုများ ရပ်တန့်ရန် တိုက်တွန်းသည်။

သို့သော် ကုလအတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်ဦး ဆောင်သည့် ရခိုင်အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို ဆောင်ရွက်ရန် ကော်မတီတစ် ရပ်ကို မြန်မာအစိုးရက စက်တင် ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း အပေါ် လုံခြုံရေးကောင်စီကကြို ဆိုပြီး အမြန်ဆုံး အကောင်အ ထည်ဖော်ရန် တိုက်တွန်းသည်။

၎င်းက တရားဥပဒေစိုးမိုး ရေးလုပ်ဆောင်ရန်လည်း တိုက် တွန်းပြီး ဘင်္ဂါလီများ လူမျိုးတုံး ရှင်းထုတ်ခံနေရသည်ဆိုသော ပြောဆိုနေမှုများကို လက်ခံပါ သလားဟု မေးမြန်းရာ ဂူတာ ရက်စ်က ဘင်္ဂါလီလူဦးရေ၏ သုံးပုံတစ်ပုံ မြန်မာနိုင်ငံမှ ထွက်ပြေး မှုကို ဖော်ပြရန် ပိုကောင်းသော စကားလုံးရှာနိုင်ပါသလားဟု ပြန်  လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် နေသော အကြမ်းဖက်မှုများကို ရှုတ်ချကာ လုံခြုံရေးကောင်စီက ပြည်နယ်တွင်း လိုအပ်နေသူများ ထံသို့ လူသားချင်းစာနာထောက် ထားရေး အကူအညီပေးလုပ်သား များ ရောက်ရှိနိုင်ရေးလည်း တိုက် တွန်းသည်။

ထို့အပြင် အိုးမဲ့အိမ်မဲ့ဖြစ်နေ သူများကို ခွဲခြားမှုမရှိဘဲ ထောက်  ပံ့ပေးနေသည်ဟု ပြီးခဲ့သည့် သီ တင်းပတ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြောကြားချက်ကို ကောင်စီ  အနေဖြင့် ကြိုဆိုခဲ့သည်။

ယင်းမှာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက ဘုံသဘောထားတစ်ရပ်အပေါ် သဘောတူခဲ့ခြင်းသည် ကိုးနှစ်အ တွင်း ပထမဆုံးအကြိမ် ဖြစ်သည် ဟု ဗြိတိန်သံအမတ် မက်သရူးရိုင် ခရော့ဖ်က ပြောသည်။

လုံခြုံရေးကောင်စီအစည်း အဝေးမတိုင်မီ နိုဗယ်ဆုရှင် ၁၂ ဦးက ရခိုင်ဒေသတွင် ဖြစ်ပေါ်နေ သော လူသားမျိုးနွယ်အပေါ် ကျူး လွန်သော ရာဇဝတ်မှုများ အဆုံး သတ်ရေး ရရှိနိုင်မည့် နည်းလမ်းအားလုံးအသုံးပြု၍ ချက်ချင်းကြားဝင်ဆောင်ရွက်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင် လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခိုလှုံ နေသော ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်သွားခွင့် သေချာစေမည့် တိုက်တွန်းချက်တစ်ရပ်ထည့်ရန်အီဂျစ်နိုင်ငံကအဆိုပြုမှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း သံတမန်များကပြောသည်။ အထွေထွေညီလာခံပြင်ပတွင် တူရကီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ OIC အဖွဲ့အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး ဗြိတိန်ဝန်ကြီး

========================
251 / End