၁၆ စက်တင်ဘာ ၂၀၁၇ - ၁၉:၀၇

ဘင်္ဂါလီဒုက္ခသည်များအ ရေးနှင့် ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သွားရောက်သတင်း ဓာတ်ပုံ ရိုက်ကူးသည့် မြန်မာဓာတ် ပုံ သတင်းထောက်နှစ်ဦးကို သူ လျှိုဟု စွပ်စွဲကာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘင်္ဂါလီဒုက္ခသည်များအ ရေးနှင့် ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သွားရောက်သတင်း ဓာတ်ပုံ ရိုက်ကူးသည့် မြန်မာဓာတ် ပုံ သတင်းထောက်နှစ်ဦးကို သူ လျှိုဟု စွပ်စွဲကာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထား သည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့် ဘင်္ဂါ လီများကို ဂျာမနီနိုင်ငံ ဟမ်းဘတ် မြို့အခြေစိုက် GEO မဂ္ဂဇင်းအ တွက် သတင်းဓာတ်ပုံရိုက်ကူးရန် သွားရောက်သည့် မြန်မာဓာတ်ပုံ သတင်းထောက် ကိုမင်းဇေယျာဦး နှင့် ၎င်း၏လက်ထောက် ဓာတ်ပုံ သတင်းထောက် ကိုခွန်လတ်တို့ ကို စက်တင်ဘာ ၇ ရက်က တည်းက ဖမ်းဆီး၍ တရားစွဲဆို ထားသည်။

သို့သော် ၎င်းတို့ကို ထိန်းသိမ်းထားကြောင်း သတင်း ကို စက်တင်ဘာ ၁၃ ရက်မှ ထုတ်ပြန်ခြင်းဖြစ်သည်။ ဓာတ်ပုံ သတင်းထောက် နှစ်ဦးသည် ရခိုင် ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂ လားဒေ့ရှ်သို့ တိမ်းရှောင်ထွက်ပြေးသည့် ဘင်္ဂါလီမျိုးနွယ်စုများနှင့် ပတ်သက်၍ သတင်းယူနေစဉ် ကော့ဘဇားမြို့၌ အဖမ်းခံရခြင်းဖြစ်သည်။

သူလျှိုမှုဟု စွပ်စွဲကာဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသတင်းသမားနှစ်ဦးကို မည်သည့်အတွက်ဖမ်းဆီး ထိန်းသိမ်းထားခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်သွယ်မေးမြန်းထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။

‘‘ဖမ်းဆီးခံရတာကို ကောင် စီကနေ စာတင်၊ ကောင်စီကနေ မှ ပြန်ကြားရေးကို စာတင်ပြီး လုပ် ဆောင်ရမှာဖြစ်တယ်’’ ဟုဦးဇော် ဌေးက ပြောသည်။

ဖမ်းဆီးခံရသည့် သတင်း ထောက်နှစ်ဦး အမြန်ဆုံးလွတ် မြောက်ရန် လုပ်ဆောင်နေ ကြောင်း မြန်မာနိုင်ငံသတင်းမီဒီ ယာ ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦး အောင်လှထွန်းက ပြောသည်။

‘‘ဒီနေ့ (စက်တင်ဘာ ၁၅) ညနေမှပဲ ဘင်္ဂလားဒေ့ရှ် သံ အမတ်ကြီးဆီကို ဖုန်းဆက်တော့ သံအမတ်ကြီးက ရုံးဆင်းသွားလို့ ဆက်သွယ်လို့မရလိုက်ပါဘူး။ ဒါ ပေမဲ့ သံအမတ်ကြီးဆီကို ဆက် သွယ်ပါ့မယ်။ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်မှာလည်း ကျွန် တော်တို့လို ကောင်စီရှိပါတယ်။ အဲဒီမှာလည်း မိတ်ဆွေတွေရှိပါ တယ်။ လိုအပ်သလို ဝင်ရောက်ပြီး တော့ ကူညီဆောင်ရွက်ပေးဖို့ ပေါ့။ ဒီနှစ်ယောက် အမြန်ဆုံး လွတ်မြောက်ဖို့အတွက် တောင်း ဆိုပါမယ်။ နောက်ပြီး အစိုးရကို လည်း တိုက်တွန်းသွားမှာပါ’’ ဟု ဦးအောင်လှထွန်းက ပြောကြားသည်။

ဖမ်းဆီးခံသတင်းထောက် နှစ်ဦးကို စက်တင်ဘာ ၁၄ ရက်ရုံး ချိန်းတွင် အာမခံလျှောက်ထား သော်လည်း တရားရုံးက ပယ်ချခဲ့ ကြောင်း ၎င်းတို့၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရှေ့နေက ပြောကြားခဲ့ သည်။

ကိုမင်းဇေယျာဦးနှင့် ကိုခွန် လတ်တို့သည် သတင်းထောက် ဗီဇာအစား ကမ္ဘာလှည့်ခရီးသွား ဗီဇာကိုသာ လျှောက်ထားပြီး ကော့ဘဇားသို့ ဝင်ရောက်ခဲ့ ကြောင်း၊ ဗီဇာလျှောက်ထားရာ တွင် အချက်အလက်အမှားများ ပါရှိကြောင်း ရှေ့နေ ဂျွိုင်ထရီမွိုင်ဘာရူအာက ဆိုသည်။

ကော့ဘဇား ရဲတပ်ဖွဲ့အ ကြီးအကဲ ရန်ဂျစ်ကူမာ ဘာရူအာ က မြန်မာနိုင်ငံသား ဓာတ်ပုံသ တင်းထောက် နှစ်ဦးကို သူလျှိုမှု ဖြင့် ကနဦးအဆင့် စစ်ဆေးနေ ကြောင်း AFP သတင်း ဌာနအား ပြောကြားသည်။

ရန်ဂျစ်ကူမာက ဓာတ်ပုံသ တင်းထောက်နှစ်ဦး၏ ရည်ရွယ် ချက်သည် ရိုးသားမှုမရှိဟု ၎င်းတို့ ယူဆကြောင်း မှတ်ချက်ပေး သည်။ ‘‘ဘင်္ဂါလီတွေနဲ့ ပတ်သက် ပြီး မြန်မာအစိုးရအတွက် သူတို့က သတင်းအချက်အလက်တွေ စု ဆောင်းပေးနေတာပါ’’ ဟု ရန်ဂျစ် ကူမာက စွပ်စွဲပြောဆိုသည်။

ကိုမင်းဇေယျာဦးနှင့်ကိုခွန် လတ် တို့သည် စက်တင်ဘာလ ဆန်းက ကော့ဘဇားသို့ စတင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဓာတ်ပုံ သတင်းထောက်တစ်ဦး ကိုပါ အာဏာပိုင်များကဖမ်းဆီး ခဲ့သော်လည်းအဆိုပါ ဘင်္ဂလား ဒေ့ရှ် သတင်းထောက်ကိုနောက် ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်းဇေယျာဦးနှင့် ကိုခွန် လတ်တို့သည် မြန်မာနိုင်ငံသား သတင်းဓာတ်ပုံလောကတွင် ထင် ရှားသော လူငယ်သတင်းထောက် များ ဖြစ်သည်။ ကိုမင်းဇေယျာဦး သည် သတင်းဓာတ်ပုံဆိုင်ရာ နိုင်ငံ တကာဆုများ ရရှိထားသူ ဖြစ်ပြီး ယခင်က ရိုက်တာသတင်းဌာန၌လုပ်ကိုင်ခဲ့ဖူးသည်။

ထို့အပြင် ကိုမင်းဇေယျာဦး ဖမ်းဆီးခံရမှုနင့် ပတ်သက်၍ ၎င်း ၏ဇနီး မစမ်းတင့်က ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့အဆင်ပြေ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကလည်း ကောင်းမွန်စွာ ဆက်ဆံကြောင်း နှင့် မကြာမီအာမခံရမည်ဟုမျှော် လင့်ကြောင်း အားပေးသူများကိုကျေးဇူးတင်ပြီး စိုးရိမ်မှုမလွန်ကြရန် ၎င်း၏ဖေ့စ်ဘွတ်ခ်၌ စက်တင်ဘာ ၁၅ ရက်ညက ရေးသားထားသည်။

မြန်မာနိုင်ငံ နိုင်ငံခြား သ တင်းထောက်များ အသင်းက ဖမ်းဆီးခံ မြန်မာသတင်းသမား နှစ်ဦးအတွက် လွန်စွာစိုးရိမ်နေပြီး ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို တောင်းဆိုကြောင်း ထုတ်ပြန် သည်။

မြန်မာဂျာနယ်လစ်ကွန်ရက် ကလည်း ဖမ်းဆီးခံသတင်းသမား နှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ကူညီဆောင်ရွက် ပေးရန် မေတ္တာရပ်ခံစာ ထုတ် ပြန်ခဲ့သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးကို တာဝန်ပေးခဲ့သော ဂျာမနီနိုင်ငံမှ GEO မဂ္ဂဇင်းကလည်း ဓာတ်ပုံသတင်းထောက်နှစ်ဦးသည် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ဂျာနယ် လစ် ကျင့်ဝတ်သိက္ခာတို့အပေါ် ယုံကြည်စိတ်ချ၍ တာဝန်ပေးစေလွှတ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ သတင်းထောက်များ ဖမ်းဆီးခံ ထားရပြီး အာမခံပေးရန် ငြင်းဆန် ထားသဖြင့် အလွန်စိုးရိမ်ပူပန် ကြောင်း ထုတ်ပြန်သည်။

========================
251 / End