၁၉ စက်တင်ဘာ ၂၀၁၇ - ၁၄:၄၆
ရုပ်သံလိုင်း ၅ လိုင်း တရားဝင်ထုတ်လွှင့်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးမည်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုထားတဲ့ ဒီဗွီဘီ အပါအ၀င် ရုပ်သံလိုင်း ၅လိုင်း တရားဝင်ထုတ်လွှင့်နိုင်ဖို့အတွက် လာမယ့် အောက်တိုဘာလ ဆန်းပိုင်းမှာ သဘောတူလက်မှတ်ရေးထိုးဖို့ရှိတယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုထားတဲ့ ဒီဗွီဘီ အပါအ၀င် ရုပ်သံလိုင်း ၅လိုင်း တရားဝင်ထုတ်လွှင့်နိုင်ဖို့အတွက် လာမယ့် အောက်တိုဘာလ ဆန်းပိုင်းမှာ သဘောတူလက်မှတ်ရေးထိုးဖို့ရှိတယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

လက်ရှိမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ လက်မှတ်မထိုးခင် လိုအပ်တဲ့ စက်ပစ္စည်းတွေ ဝယ်ယူရေးကို အရင်ဆောင်ရွက်နေပြီး စက်ပစ္စည်းတင်သွင်းမယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်ယူထားပြီး ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနက အင်ဂျင်နီယာအဖွဲနဲ့ content provider လုပ်ကိုင်ခွင့်ရရှိထားတဲ့ လိုင်း ၅ လိုင်းက တာဝန်ရှိ သူတွေတွေ့ဆုံပြီး စက်ပစ္စည်းဝယ်ယူဖို့ ဆွေးနွေးဆုံးဖြတ်သွားဖို့ရှိပါတယ်။

ဒီဗွီဘီနဲ့ Mizzima အပါအဝင် ပုဂ္ဂလိက မီဒီယာ ၅ ခုကို content provider လုပ်ကိုင်ခွင့်ရရှိသူတွေအဖြစ် ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

========================
251 / End