အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအကြား ယုံကြည်မှုမြှင့်တင် ရန် နှစ်ဖက်အောက်ခြေ မြေပြင် တပ်မှူးများ ပုံမှန်တွေ့ဆုံမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အတွင်းရေးမှူးက ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထား သည့် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ အောက်ခြေတပ်မှူးအဆင့် ပုဂ္ဂိုလ်များ တရားဝင်တွေ့ဆုံမှုသည် ပထမဆုံးဖြစ်လာမည်ဖြစ်ကြောင်း JMC-U တာဝန်ရှိသူများက ဆို သည်။
ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်သည့် JMC-U ၏(၁၂)ကြိမ်မြောက်အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း JMC-U အတွင်းရေးမှူး (၁)တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ် ဒေါက်တာရွှေခါးက ပြောသည်။
‘‘ကျွန်တော်တို့ JMC ကော် မတီတွေမှာတော့ တပ်မတော် ရော၊ အစိုးရဘက်ကရော၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေရော အကုန်လုံးကတော့ အစည်းအဝေးလုပ်တိုင်းမှာ တွေ့ နေကြတဲ့အခါကျတော့ ခင်မင် ရင်းနှီးမှုတွေရပါတယ်။ ခင်မင်ရင်း နှီးမှုက တစ်ဆင့် ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အ တွက်ပါ’’ဟု JMC-U အတွင်းရေး မှူး(၂) တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။
ယင်းကဲ့သို့ မြေပြင်တပ်မှူး များ ပုံမှန်တွေ့ဆုံမှု စတင်ပြု လုပ်မည့်အချိန်နှင့် အသေးစိတ် အချက်အလက်များကို JMC-U ခေါင်းဆောင်များက ပြောကြား ခြင်းမရှိပေ။
လက်ရှိတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ်တာဝန်ပေး အပ်ထားသည့် နှစ်ဖက် JMC ကော်မတီဝင်များသည် JMC လုပ်ငန်း စဉ်အရ နှစ်လတစ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှုများရှိသည်။
‘‘ဒီလိုမျိုး ငြိမ်းချမ်းရေးတည် ဆောက်တဲ့ ကာလမှာ နှစ်ဖက်အ ဖွဲ့အစည်းကြားထဲမှာ နားလည်မှု ပြီးတော့ ယုံကြည်ချက်၊ ယုံကြည် မှုမြှင့်တင်နိုင်ဖို့အတွက်က သိပ် ပြီး အရေးကြီးပါတယ်’’ဟု ဒေါက် တာရွှေခါးက ပြောသည်။
နှစ်ဖက်အဖွဲ့များအကြား သံသယများရှိနေသေးပြီး NCA ကို နားလည်မှုလွဲနေခြင်း၊ NCA ပါ အချက်အလက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု မတူခြားနား မှုများရှိနေခြင်းကြောင့် နှစ်ဖက်စိုး ရိပ်မှုများရှိသဖြင့် အပစ်ရပ်စောင့် ကြည့်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုမြင့်မားလာစေရန် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ပုံမှန်ဆက်ဆံမှုဖော် ထုတ်ရမည်ဖြစ်ကြောင်း JMC-U ဒုဥက္ကဋ္ဌ(၁)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)စစ်ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက စက်တင်ဘာ ၂၀ ရက်၌ ပြုလုပ်သည့် JMC-U အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားသည်။
NCA လက်မှတ်ရေးထိုးထား ပြီး လက်ရှိ JMC လုပ်ငန်းစဉ်တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ရှိသည်။ ယင်းအဖွဲ့များသည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်လွတ်မြောက်ရေးပါ တီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် KNLA-PC ငြိမ်းချမ်းရေးကောင်စီ တို့ဖြစ်သည်။
(JMC)လုပ်ငန်းစဉ်များကို ပြန်လည်ဆန်းစစ်ရန်နှင့်အပစ်ရပ် စောင့်ကြည့်မှုအားကောင်းစေ ရေးအဖွဲ့အင်အားတိုးချဲ့ရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC-U)အစည်း အဝေးက ဆုံးဖြတ်ခဲ့ကြောင်းပြော ရေးဆိုခွင့်ရှိသူများက ပြောသည်။
JMC ကော်မတီများ၏အင် အားတိုးချဲ့မှုကို ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ ဒေသအ ဆင့် အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီများတွင် စတင်ပြုလုပ် မည်ဖြစ်ကာ အဖွဲ့ဝင်လေးဦးစီထပ် မံ တာဝန်ပေးမည်ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ပြောသည်။
‘‘အထူးသဖြင့် အရပ်သားပါ ၀င်မှုပေါ့။ အရပ်သားလေးဦးစီ ထပ်မံပြီးတော့ ဖြည့်စွက်ဖို့ဆိုပြီး တော့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါ တယ်။ နောက်တစ်ခု ကျွန်တော် တို့ ဒီ JMC-Sတွေထဲမှာ သူတို့က တကယ်ကိုလုပ်ငန်းများပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အင်အားတိုးချဲ့တာတွေ လုပ်ဖို့ စဉ်းစားနေခြင်းဖြစ်တယ်’’ ဟု ၎င်း ကပြောသည်။
ဒေသအဆင့် JMC ဖွဲ့စည်း ရာတွင် အစိုးရကိုယ်စားလှယ်ငါး ဦး၊ သက်ဆိုင်ရာဒေသရှိ နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းကိုယ်စားလှယ်များမှ ငါးဦး၊ နှစ်ဖက်အဆိုပြုသည့် အရပ်သား ကိုယ်စားလှယ်လေးဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းထားသည်။
အပစ်ရပ်လုပ်ငန်းစဉ်ပါ လုပ်ထုံးလုပ်နည်းများကို ပြန် လည်ဆန်းစစ်မည့်အဖွဲ့တစ်ခုကို မူ နောက်တစ်ကြိမ်(ခန့်မှန်းဒီဇင် ဘာလ)တွင် ပြုလုပ်မည့်အစည်း အဝေးတွင် စတင်အကောင်အ ထည်ဖော်ဖွဲ့စည်းရန်ဆုံးဖြတ် ထားကြောင်း ဒေါက်တာရွှေခါး က ပြောသည်။
အပစ်ရပ် စောင့်ကြည်ရေး လုပ်ငန်းစဉ်အောင်မြင်ရေးသည် အဖွဲ့ဝင် အရပ်သားကိုယ်စား လှယ်များ၏ ဘက်မလိုက်သည့် လေ့လာစောင့်ကြည့်မှုအပေါ် မူတည်ကြောင်း JMC-U ထိပ်ပိုင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသည်။
JMC အဖွဲ့ဝင် အရပ်သား ကိုယ်စားလှယ်များကို ပဋိပက္ခ ခံစားရသည့် ပြည်သူလူထု၏ ကိုယ်စားပြုအနေဖြင့် ပါဝင်စေ ခြင်းဖြစ်ကြောင်း JMC-U ဥက္ကဋ္ဌ တပ်မတော်သား ကိုယ်စား လှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
အရပ်သားပါဝင်မှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် အရည်အချင်း မြှင့်တင်မှုတို့အတွက် JMC-U ၏အရပ်သား ကိုယ်စားလှယ်များ ဦးဆောင်၍ အကောင်အထည် ဖော် ဆောင်ရွက်နေကြောင်း (JMC) ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောသည်။
========================
251 / End
၂၄ စက်တင်ဘာ ၂၀၁၇ - ၁၅:၄၇
News ID: 856146
တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအကြား ယုံကြည်မှုမြှင့်တင် ရန် နှစ်ဖက်အောက်ခြေ မြေပြင် တပ်မှူးများ ပုံမှန်တွေ့ဆုံမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အတွင်းရေးမှူးက ပြောကြားသည်။