အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်တွင် ပြည် သူ့စစ်ခေါင်းဆောင်တစ်ဦးအ သတ်ခံရမှုနှင့်ပတ်သက်၍ JMC စိစစ်အတည်ပြုရေးအဖွဲ့ စိစစ် တွေ့ရှိချက်အရ ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC -U) အတွင်းရေးမှူး(၂) ဗိုလ်မှူး ကြီးဝဏ္ဏအောင်က ပြောသည်။
JMC-U ၏ (၁၂)ကြိမ် မြောက် အစည်းအဝေးအပြီး စက် တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မ တော်သားကိုယ်စားလှယ် ဗိုလ်မှူး ကြီးဝဏ္ဏအောင်က ယင်းသို့ ပြော ကြားသည်။
အဆိုပါကျူးလွန်သူသည် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) အဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု စိစစ်အတည် ပြုရေးအဖွဲ့က တင်ပြလာကြောင်း၊သို့ရာတွင် အဆိုပါကျူးလွန်သူမှာ RCSS/SSA မှ မဟုတ်ဟု အစည်းအဝေးတွင် RCSS ပြောရေးဆိုခွင့်ရှိသူများက ပြန်လည်ဆွေးနွေး ကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင် က ပြောသည်။
‘‘စိစစ်အတည်ပြုတယ်ဆို ရင် ကျွန်တော်တို့သက်သေရဲ့ ထွက်ဆိုချက်တွေကို ကျွန်တော် တို့က အဓိကထားပြီးတော့ ယူရ ပါတယ်။ သက်သေထွက်ဆိုချက် အရ JMC-S တင်ပြတာကတော့ ဒီဦးမြင့်အောင်ကို သတ်တာသည် RCSS က စိုင်းတင့်ဆိုတဲ့အဖွဲ့ဝင် ဖြစ်ပါတယ်လို့ တင်ပြလာတာရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးတဲ့အခါမှာ ဒီစိုင်းတင့် သည် RCSS မှာ မရှိပါဘူးလို့ RCSS ကတော့ ပြန်ပြီးတော့ ဆွေး နွေးတာရှိပါတယ်။ ကျွန်တော်တို့ ကတော့ စိုင်းတင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အမှုဖွင့် ထားပြီးတော့ ဆက်လက်အရေး ယူနိုင်ရေးအတွက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ဟု ဗိုလ်မှူး ကြီး ဝဏ္ဏအောင်က ရှင်းပြသည်။
မိုင်းပြင်း ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြင့်အောင်၏အလောင်းကို ပြီး ခဲ့သည့် ဇွန်လက မိုင်းပြင်းမြို့နယ် အတွင်း တွေ့ရှိခဲ့သည်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်အောင် အသတ်ခံရမှုနှင့် ပတ်သက်၍ JMC အဖွဲ့ဝင် အရပ်သားကိုယ်စားလှယ်ဦးဆောင်၍ အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များပါဝင်သည့် လေးဦးပါ စိစစ်အတည်ပြုရေးအဖွဲ့က ဇူ လိုင် ၂၅ ရက်မှ ၃၀ ရက်အထိ စိစစ်အတည်ပြုရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း JMC က ထုတ်ပြန်သည်။
စိစစ်အတည်ပြုရေးအဖွဲ့က ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော အ ချက်အလက်များကို အဆိုပါဖြစ် စဉ်ဖြစ်ပွားရာ မိုင်းပြင်းမြို့နယ် တွင် ကောက်ယူခဲ့ပြီး နှစ်ဖက်တပ် မှ တာဝန်ရှိသူများကို တွေ့ဆုံမေး မြန်းခဲ့ကြောင်း JMC-U အတွင်းရေးမှူး(၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စား လှယ် ဒေါက်တာရွှေခါးက ပြော သည်။
တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA)လက်မှတ် ရေးထိုးထားသည့် RCSS/SSA တို့အကြား ဇွန်လက ရှမ်းပြည်နယ်မိုင်းပြင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိကာ အပြန်အလှန်စွပ်စွဲချက်များလည်းရှိခဲ့သည်။
တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း၊ နှစ်ဖက်စွပ်စွဲမှုများ ရှိနေခြင်းသည် နယ်မြေသတ်မှတ်နိုင်မှု မရှိသေးခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ (JMCS-Shan)အဖွဲ့ဝင် RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။
ယခုကဲ့သို့ တပ်မတော်နှင့် RCSS/SSA တို့အကြား ထိတွေ့မှုဖြစ်စဉ်များနှင့် အပြန်အလှန်စွပ်စွဲ ချက်များအပေါ် စိစစ်အတည်ပြု ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးမှုသည် ဒုတိယအကြိမ်ဖြစ်သည်။
RCSS သည် NCA ရေးထိုး ထားသည့်အဖွဲ့များအနက် တပ်မ တော်နှင့် ထိတွေ့မှုအများဆုံးဖြစ် ပွားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်သည်။
========================
251 / End
၂၄ စက်တင်ဘာ ၂၀၁၇ - ၁၆:၃၅
News ID: 856164
ရှမ်းပြည်နယ်တွင် ပြည် သူ့စစ်ခေါင်းဆောင်တစ်ဦးအ သတ်ခံရမှုနှင့်ပတ်သက်၍ JMC စိစစ်အတည်ပြုရေးအဖွဲ့ စိစစ် တွေ့ရှိချက်အရ ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC -U) အတွင်းရေးမှူး(၂) ဗိုလ်မှူး ကြီးဝဏ္ဏအောင်က ပြောသည်။