အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မှုခင်းသတင်း ထောက်အချို့သည် သတင်း ထောက်ကတ်ပြားများပြ၍ ငွေ ညှစ်ပြီး စီးပွားရှာနေကြသဖြင့် ယင်းကိစ္စကို အခြား သတင်း ထောက်များက ဖော်ထုတ်ရန်လို အပ်ကြောင်း မကွေးတိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောသည်။
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော မကွေးတိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေးသုံး ရက်မြောက်နေ့တွင် မှုခင်းသ တင်းထောက်များနှင့် ပတ်သက် ၍ ဆောမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကမေး ခွန်းမေးမြန်းပြီး တိုင်းအစိုးရအဖွဲ့ နယ်လုံဝန်ကြီး၏ ဖြေကြားမှုအ ပေါ်တွင် လွှတ်တော်ဥက္ကဋ္ဌက အ ထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ ခြင်းဖြစ်သည်။
‘‘ဒီဖြစ်ရပ်တွေနဲ့ပတ်သက် ပြီး ၀န်ကြီးချုပ်ကလည်း ပြော ထားတာရှိတယ်။ အဲဒီအဖွဲ့တွေ ငွေတောင်းတာမလုပ်ဖို့ဆိုပြီး တော့ သူတို့ကကတ်ပြားပြပြီး ငွေ ညှစ်တဲ့အလုပ်ကို လုပ်နေကြတာ။ စီးပွားရှာနေတာ။ ဒီတော့မှန်မှန် ကန်ကန်လုပ်နေတဲ့ သတင်း ထောက်တွေနစ်နာတယ်။ နာမည် ပျက်တယ်ပေါ့နော်။ ဒါကြောင့် ဖော်ထုတ်ဖို့လိုတယ်’’ ဟု မကွေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာကပြောသည်။
မကွေးတိုင်း ကျောက်ထုမြို့ သို့ရောက်ရှိနေသော မှုခင်းသ တင်းထောက်များနှင့် နေပြည် တော်တိုင်းမ် မီဒီယာသတင်း ထောက်များကို ဦးဆောင်ဖွဲ့စည်း သူ၊ ဖွဲ့စည်းခွင့်ပြုသူ၊ အခွင့်အာ ဏာပေးအပ်ထားသူ၊ ၎င်းတို့ ပြဿနာဖြစ်လျှင် တာဝန်ခံဖြေ ရှင်းမည့်သူနှင့် ၎င်းအဖွဲ့ဝင်များ အား အစိုးရအဖွဲ့စီမံကွပ်ကဲပုံကို သိလိုကြောင်း ဆောမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်မြင့်က မေးခွန်း မေး မြန်းခဲ့သည်။
အဆိုပါ မှုခင်းသတင်း ထောက်များသည် ထီးလင်းနှင့် ဆောမြို့နယ်ဒေသခံများအကြား လယ်ယာမြေအငြင်းပွားမှုတွင် ပါ ၀င်နေပြီး ပြည်သူများကိုခြိမ်း ခြောက်ခြင်းနှင့် သတင်းထောက် အချို့သည် လိုင်စင်မဲ့ကားများ၌ ၎င်းတို့အဖွဲ့တံဆိပ်ကပ်၍ မောင်း နှင်နေကြောင်း ဦးကျော်မြင့်က မေးခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။
အထက်ပါမေးခွန်းနှင့်ပတ် သက်၍ မကွေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဗိုလ်မှူးကြီးမင်းဦးက ပြန် လည်ဖြေကြားရာတွင် မှုခင်းသ တင်းထောက်များအသင်းသည် ပြည်ထဲရေးဝန်ကြီးဌာန၌ တရား ၀င်မှတ်ပုံတင်ထားသောအသင်း ဖြစ်၍ ဖွဲ့စည်းရသည့်ရည်ရွယ် ချက်များကောင်းမွန်ပြီး ယင်းအ သင်း၏နာယက၊ ဥက္ကဋ္ဌများ သည် ယခင်လူကြီးဟောင်းများ ဖြစ်သော်လည်း အသင်းဝင်သ တင်းထောက်အချို့သည် မှား ယွင်းသောလုပ်ရပ်များပြုလုပ်နေ သည်ကို ကြားသိရကြောင်းနယ် လုံဝန်ကြီးက ပြောသည်။ သက် ဆိုင်ရာသတင်းဌာန၏ အယ်ဒီ တာချုပ်များက အဆိုပါသတင်း ထောက်များကို ကြီးကြပ်ကွပ်ကဲ ရန် တာဝန်ရှိပြီး၎င်းတို့ကြောင့် နစ်နာခဲ့ရသော ပြည်သူများသည် သတင်းမီဒီယာဥပဒေနှင့်တည်ဆဲ ဥပဒေများဖြင့် အမှုဖွင့်တိုင်ကြား နိုင်ကြောင်း နယ်လုံဝန်ကြီးကဖြေ သည်။
မြန်မာနိုင်ငံမှုခင်းသတင်း ထောက်များအသင်း(ဗဟိုအဖွဲ့ ချုပ်)ကို ပြည်ထဲရေးဝန်ကြီး ဟောင်းတစ်ဦး၊ အငြိမ်းစားရဲအ ရာရှိကြီးများနှင့် အစိုးရအရာရှိ ဟောင်းများဦးဆောင်၍ ၂၀၁၆ ၌ ဖွဲ့စည်းခဲ့သည်။ အသင်း၏ နာယကအဖွဲ့တွင် ပြည်ထဲရေးဝန် ကြီးဟောင်းတစ်ဦးအပါအ၀င် ခုနစ်ဦးရှိပြီး အငြိမ်းစားရဲမှူးချုပ် နှင့် ရဲမှူးကြီးများ၊ ညွှန်ကြားရေး မှူးများပါဝင်သည်။
အဆိုပါအသင်းကို ၂၀၁၆ မတ်လက ပြည်ထဲရေးဝန်ကြီးဌာန ထံ တရားဝင်ဖွဲ့စည်းခွင့်တောင်းခံ ကာ သုံးလခန့်အကြာတွင် တရား ၀င်ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့ သည်။
သတင်းသမားအမည်ခံများ ၏ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ခြိမ်း ခြောက်ငွေညှစ်မှုများအကြောင်း ကို တိုင်းသိပြည်သိဖြစ်လာခြင်း နှင့် ယင်းအသင်းအကြောင်းလူသိ များလာခြင်းမှာ ဧပြီ ၂၅ ရက်တွင် ထွက်ပေါ်လာသည့် ကြေညာချက် နှစ်ခုကြောင့်ဖြစ်သည်။ မြန်မာနိုင် ငံသတင်းမီဒီယာကောင်စီမှတစ် စောင်နှင့် မြန်မာဂျာနယ်လစ်ကွန် ရက်အပါအ၀င် မီဒီယာအဖွဲ့အ စည်း ၁၁ ဖွဲ့တို့ပူးပေါင်းရေးသား သည့် စာတစ်စောင်တို့ဖြစ်သည်။ ယင်းစာနှစ်စောင်စလုံးတွင် မြန် မာနိုင်ငံ မှုခင်းသတင်းထောက် များအသင်း (ဗဟိုအဖွဲ့ချုပ်) ဥက္ကဋ္ဌထံ လိပ်မူထားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီစာတွင် သတင်းမီဒီ ယာဥပဒေနှင့်မညီဘဲ ဥပဒေမဲ့ လုပ်ဆောင်မှုများလုပ်ကိုင်နေ ခြင်းကိစ္စဟု အကြောင်းအရာတပ် ထားပြီး မီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့၏စာတွင် မြန်မာနိုင်ငံမှုခင်းသ တင်းထောက်များအသင်း (ဗဟို- အဖွဲ့ချုပ်)အဖွဲ့ဝင်များအား စိစစ် ပေးပါရန်ဟု တိုက်ရိုက်ဖော်ပြ ထားသည်။
မြန်မာနိုင်ငံမှုခင်းသတင်း ထောက်များအသင်းက ရောင်းချ သည့် အဖွဲ့အစည်းတံဆိပ်များ၊ ယူနီဖောင်းများဝတ်ဆင်ကာယင်း အဖွဲ့အစည်းများ၏နာမည်ဖြင့် သတင်းထောက်ဟုပြောဆိုပြီး သ တင်းရင်းမြစ်များထံမှ ခြိမ်း ခြောက်ငွေတောင်းယူမှုများ နိုင်ငံ အနှံ့တွင်တွေ့မြင်နေရသည်ဟု မီ ဒီယာအဖွဲ့အစည်းများစာ၌ ဖော် ပြထားသည်။
ယခုအခါ သတင်းမီဒီယာ သမားများဖြစ်သော သတင်း ထောက်အချို့သည် သတင်းမီဒီ ယာကျင့်ဝတ် (Media Code of Conduct) နှင့်မညီဘဲ ဥပဒေမဲ့ အလုပ်များ လုပ်ဆောင်နေ ကြောင်း ခိုင်လုံသောသတင်းများ ရရှိထားသည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီစာတွင် ဖော်ပြထားသည်။
၂၀၁၇ ဧပြီ ၁၆ ရက်ကရှု ထောင့်သတင်းမီဒီယာရုံးချုပ် (ဗဟို)က ပေးအပ်ထားသည့်အ ထူးသတင်းထောက်ကတ်ပြား များ ကိုင်ဆောင်ထားသူနှစ်ဦးက အခကြေးငွေရယူကာ ဘင်္ဂါလီ များကို စစ်တွေမြို့သို့ဆိုင်ကယ် ဖြင့်ခေါ်ဆောင်လာစဉ် တောင် ကုတ်မြို့တွင် ဖမ်းဆီးခံရခြင်းက သက်သေတစ်ခုဖြစ်သည်။
ဧရာဝတီတိုင်း ငပုတောမြို့ နယ်ရှိ ငရုတ်ကောင်းတောင်တွင် တရားမ၀င်သစ်လုပ်ငန်းလုပ်ကိုင် နေသော အမည်မဖော်လိုသူသ တင်းရင်းမြစ်တစ်ဦးကလည်း မှု ခင်းသတင်းထောက်အဖွဲ့ဆိုသူ၏ ခြိမ်းခြောက်ငွေတောင်းခံမှု ကြုံ တွေ့ခဲ့ရသည်ဟု ပြောသည်။ ၎င်း ၏ သစ်များကိုမှုခင်းအထူးအဖွဲ့ ဆိုသူများက ဓာတ်ပုံများလာရိုက် ပြီး သစ်များနှင့်ပတ်သက်၍မေး မြန်းကာ ကျပ် ၁၀ သိန်း တောင်း ခဲ့ကြောင်း ၎င်းအတွေ့အကြုံကို ပြောသည်။
ယင်းကဲ့သို့ သတင်းသမား ဆိုသူများက ခြိမ်းခြောက်ငွေ တောင်းယူနေမှုများသည် နယ်ဒေ သများတွင် အဖြစ်များနေပြီး တရားမ၀င်လုပ်ငန်းများလုပ်ကိုင် နေသူများထံမှ ခြိမ်းခြောက်ငွေ တောင်းခံလေ့ရှိသည်။ ယခု ဆောင်းပါးအတွက် ခြိမ်းခြောက် ငွေတောင်းခံရသူများကို 7Day Daily သတင်းစာက မေးမြန်းရာ အချို့သည် ဖြစ်စဉ်ကိုပြောပြ သော်လည်း ၎င်းတို့၏လုပ်ငန်း များသည် တရားမ၀င်လုပ်ငန်း များဖြစ်၍ အမည်ထုတ်ဖော်ပြော ကြားလိုခြင်းမရှိပေ။
========================
251 / End
မှုခင်းသတင်းထောက်ကတ်ပြ၍ ငွေညှစ်နေမှုကို အခြားသတင်းထောက်များဖော်ထုတ်ရန်လိုဟု မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌပြော အဆိုပါသတင်းထောက်များကြောင
၂၈ စက်တင်ဘာ ၂၀၁၇ - ၁၄:၄၃
News ID: 857011
မှုခင်းသတင်း ထောက်အချို့သည် သတင်း ထောက်ကတ်ပြားများပြ၍ ငွေ ညှစ်ပြီး စီးပွားရှာနေကြသဖြင့် ယင်းကိစ္စကို အခြား သတင်း ထောက်များက ဖော်ထုတ်ရန်လို အပ်ကြောင်း မကွေးတိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောသည်။