အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ၂၅ ကြိမ်မြောက် ရုံးချိန်းတွင် ထွက်ပြေးတိမ်းရှောင် နေသည့် အောင်ဝင်းခိုင်နေအိမ် သို့ရှာဖွေသည့် ရှာဖွေသက်သေ ငါးဦးကို စစ်ဆေးခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် အဆိုပါရုံးချိန်းတွင် အောင်ဝင်းခိုင်၏ နေအိမ်သို့ ဝင် ရောက်ရှာဖွေသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သားနှစ်ဦးကို သက်သေအဖြစ် စစ်ဆေးပြီး တရားလိုပြသက်သေ စုစုပေါင်း ၃၈ ဦး စစ်ဆေးပြီးဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ဖမ်းဆီးခံထားရသူတွေ ဘက်က အကျိုးဆောင်ရှေ့နေ တွေက ရဲအရာရှိကိုမေးတဲ့အခါ မှာ ရဲက အောင်ဝင်းဇော်နဲ့ ကြည် လင်းတို့က အခင်းဖြစ်လေဆိပ်ကို ကားနဲ့အတူ စီးလာကြလို့ ကားကို သိမ်းတာပါလို့ဖြေခဲ့တယ်’’ဟု ဦးနေဝင်း၏ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
အဆိုပါတရားခံပြေး အောင် ဝင်းခိုင်နေထိုင်သည့် ဒေါပုံမြို့ နယ် နေအိမ်သို့ သွားရောက်ရှာ ဖွေခဲ့သည့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင် ကိုကိုက ၎င်းအိမ်တွင် ညဘက် သိမ်းဆည်းခဲ့သည့် ကားနှင့်ပစ္စည်း များအကြောင်း တရားခွင်၌ အသေးစိတ်ထွက်ဆိုခဲ့သည်။
ယခု ရုံးချိန်းတွင် စွပ်စွဲခံထား ရသည့် ဇေယျာဖြိုး၏ အကျိုး ဆောင်ရှေ့နေဘက်ကစပယ်ရှယ်ပါဝါလွှဲပြောင်းခြင်းကိုတရားရုံးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသိမပေးဘဲ တရားခွင်အတွင်း ဇေယျာဖြိုးကို လက်မှတ်ထိုးခိုင်းခြင်းအပေါ် အငြင်းပွားမှုဖြစ်ခဲ့သည်။
‘‘အဲဒါက ဒီမှာသုံးဖို့ မဟုတ် ပါဘူးတဲ့။ ကုမ္ပဏီကိစ္စသုံးဖို့ပါတဲ့။ အခုဆို ကျွန်တော်တို့ မြို့ထဲမှာ လည်း မှတ်ပုံတင်အတုနဲ့ လက် ထပ်စာချုပ်လုပ်လို့ရတယ်။ ဘာ မဆို အတုလုပ်လို့ရတယ်။ အခု လက်မှတ်ထိုးထားတဲ့ ပါဝါမှာ ရက်ကို ဘက်ခ်ဒိတ်လုပ်ပြိး နိုတီ တံဆိပ်တုံးထုလိုက်လို့ရတယ်။ အခု ဒီဟာက စပယ်ရှယ်ပါဝါဗျ။ ဒီဟာက အကုန်လုပ်လို့ရသွားပြီ ဗျ။ အခုက သူအကုန်ရှောင်လွှဲ လို့ရတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ကို နိုင်ငံတော်က မသိမ်းနိုင် အောင် လွှဲလို့ရတယ်ဗျ။ ကျွန် တော်က လုပ်လို့စွပ်စွဲတာမဟုတ် ဘူး။ လုပ်လိုကလုပ်နိုင်တယ်။ အခုက နည်းလမ်းတကျ ရဲကို တင်ပြပြီး ရဲက လက်မှတ်ထိုးရ မယ်။ အခုက ရဲလည်းမသိဘူးဆို တော့ ကောင်းကြသေးရဲ့လား’’ဟု ဦးရောဘတ်စန်းအောင်က ပြော ကြားသည်။
‘‘တရားဥပဒေကြောင်းအရ လွှဲခွင့်တော့ရှိတယ်။ ဒီလိုပုဒ်မမျိုး တွေကျတော့ ပိုင်ဆိုင်မှုနဲ့ အမှုနဲ့ မဆိုင်တော့ လုပ်ခွင့်ရှိတယ်။ ဒါက သူတို့ရဲ့ပုဂ္ဂိုလ်ရေးပိုင်းဆို တော့ အမှုနဲ့တော့ တိုက်ရိုက် မသက်ဆိုင်ဘူး။ အမှန်ပြောရ ရင်တော့ ရုံးထုတ်လာတဲ့အခါ မျိုးမှာလုပ်လုပ်၊ ထောင်မှာရှိတဲ့အချိန် လက်မှတ်သွားထိုးထိုး။ ဒါတွေကတော့ လုပ်လို့ရတာပေါ့ ကွယ်။ တရားခွင်ထဲမှာကျတော့ တစ်မျိုးကြီးဖြစ်နေတာပေါ့’’ ဟု အင်းစိန်မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားသမ္မတနိုင်ငံတွင်ကျင်းပသည့် Senior Leadership Program လေ့လာ ရေးခရီးစဉ်မှ ပြန်လာစဉ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ် Terminal -1 မှ အထွက်ကားပါကင်၌ လုပ်ကြံ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
========================
251 / End
၂၈ စက်တင်ဘာ ၂၀၁၇ - ၁၅:၃၂
News ID: 857024
ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ၂၅ ကြိမ်မြောက် ရုံးချိန်းတွင် ထွက်ပြေးတိမ်းရှောင် နေသည့် အောင်ဝင်းခိုင်နေအိမ် သို့ရှာဖွေသည့် ရှာဖွေသက်သေ ငါးဦးကို စစ်ဆေးခဲ့သည်။