၂၉ စက်တင်ဘာ ၂၀၁၇ - ၁၂:၄၁
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ခါကာဘိုရာဇီဥယျာဉ် တိုးချဲ့ရန် ဆောင်ရွက်မှုကို ဒေသခံတစ်သောင်းကျော် ဆန္ဒပြ

ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်ကို တိုးချဲ့၍ ကမ္ဘာ့သဘာဝ အမွေအနှစ်သတ်မှတ်ရန် ဆောင်ရွက်ခြင်းသည် ဒေသခံများ၏ လုပ် ကိုင်စားသောက်မှုကို ထိခိုက်စေ၍ကချင်ပြည်နယ်ရှိ မြို့သုံးမြို့တွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြောင်း ရဝမ်စာပေယဉ် ကျေးမှု (ပူတာအို) ဥက္ကဋ္ဌဦးယော ရှုက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်ကို တိုးချဲ့၍ ကမ္ဘာ့သဘာဝ အမွေအနှစ်သတ်မှတ်ရန် ဆောင်ရွက်ခြင်းသည် ဒေသခံများ၏ လုပ် ကိုင်စားသောက်မှုကို ထိခိုက်စေ၍ကချင်ပြည်နယ်ရှိ မြို့သုံးမြို့တွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြောင်း ရဝမ်စာပေယဉ် ကျေးမှု (ပူတာအို) ဥက္ကဋ္ဌဦးယော ရှုက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်များထံ မှ ခွင့်ပြုချက်ရယူပြီး ပူတာအိုမြို့ တွင် စက်တင်ဘာ ၂၈ ရက် နံနက်က လူဦးရေ ၉,၇၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး မချမ်းဘော့မြို့နယ် ၌ လူဦးရေ ၁,၇၀၀ ခန့်နှင့် နောင် မွန်မြို့နယ်တွင် ၁,၂၀၀ ခန့် စုစု ပေါင်း လူဦးရေ  ၁၀,၀၀၀ကျော် ပါဝင်သည်ဟု ၎င်းကဆိုသည်။

‘‘ဒီနေ့ ဆန္ဒဖော်ထုတ်ခြင်းကို နိုင်ငံတော် အကြီးအကဲတွေ ကြား ရတဲ့အခါမှာ တကယ်ပဲ ဒီမိုကရေ စီ အစိုးရ မှန်ခဲ့ရင် ပြည်သူတွေရဲ့ အသံကို အလေးထားပြီးတော့မှ လုပ်ပေးမယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်’’ ဟု ဦးယောရှုက ပြောသည်။

 ဂျိန်ဖော့ရိုးရာစာပေယဉ် ကျေးမှုအသင်း (ပူတာအို) အထွေထွေအတွင်းရေးမှူး ဦးအောင်ခမ်း က ‘‘ကျွန်တော်တော်တို့ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးဆုံးရှုံး မယ့် အခြေအနေဖြစ်နေတာ ကြောင့်ပါ။ ဥပမာပြည်သူလူထု တွေက  ရွှေ့ပြောင်းတောင်ယာစ နစ်ကို လုပ်ကိုင်စားသောက်တဲ့ လူတွေ အတော်လေးကို များတယ်။အခု ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ကမ္ဘာ့အမွေအနှစ်ထဲ ထည့်မယ်ဆိုရင် လုပ်ကိုင်ခွင့်ရှိ တာတွေ အကုန်လုံးနီးပါး ဆုံးရှုံးရ မယ့် အခြေအနေဖြစ်နေတာ ကြောင့် ဒေသခံတွေက အဲဒါကို စိုးရိမ်နေတာ’’ ဟု ပြောသည်။

 ပူတာအိုဒေသခံ ၈၅ ရာခိုင် နှုန်းသည် တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်ရခြင်းဖြစ်၍ ယင်းသို့ ကမ္ဘာ့အမွေအနှစ်အဖြစ် တိုးချဲ့သတ်မှတ်ပါက တော ကောင်လိုက်ခြင်း၊ သစ်ဥသစ်ဖု နှင့် ဆေးဝါးရှာဖွေခြင်း၊ တောင် ယာစိုက်ပျိုးခြင်းများ လုပ်ဆောင်မရတော့သည့်အပြင် အကယ်၍ လုပ်ကိုင်ပါကလည်း ဥပဒေအရ အရေးယူခံရမည့်အခြေအနေကိုစိုးရိမ်နေသည်ဟု ၎င်းကဆိုသည်။

ပူတာအိုခရိုင်အတွင်းရှိ ပူ တာအို၊ မချမ်းဘော့နှင့် နောင်မွန် မြို့နယ်တို့တွင် ဧကကိုးသိန်းခန့် (ဧက ၈၉၅,၀၄၀) ကို ထပ်မံတိုး ချဲ့၍ ကမ္ဘာ့အမွေအနှစ် နယ်မြေ အဖြစ် သတ်မှတ်ရန် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာနက ယခုနှစ် ဇူလိုင် ၂၈ ရက်စွဲပါ အမိန့်ကြော် ငြာစာ ထုတ်ပြန်ထားသည်။

ယခင်ထိန်းသိမ်းသတ်မှတ် ထားသော ခါကာဘိုရာဇီ အမျိုး သားဥယျာဉ် ဧရိယာသည်ဧကကိုး သိန်းလေးသောင်းကျော်ရှိသည်။

၁၉၈၈ တွင် အစိုးရက ခါ ကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို သတ်မှတ်ပြဋ္ဌာန်း အကောင်အထည်ဖော်စဉ်က ဌာနေတိုင်းရင်းသားများကို ကူညီပံ့ပိုးပြီး လူမှုဘဝနှင့် စားဝတ်နေရေးမြှင့်တင်ပေးမည်ဟု ကတိများပေးခဲ့သော်လည်း လက်တွေ့၌မူ ကူညီဆောင်ရွက်ပေးခြင်းမရှိ၍ ယခုထပ်မံတိုးချဲ့ ရန် စီစဉ်ခြင်းကို ဒေသခံများ ၏ ဆန္ဒသဘောထားအတိုင်း ကန့်ကွက်ကြောင်း ကချင်ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီများက ကြေညာချက်ထုတ်ပြန်သည်။

  ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ‘‘အန် ကယ် သိရသလောက်ဆိုရင်တော့ သဘာဝအမွေအနှစ် Natural Heritage စာရင်းဝင်တာ တစ် ကမ္ဘာလုံးမှာ ၂၀၀ ကျော်ပဲရှိတယ် လို့ သိရတယ်။ အဲဒီ ၂၀၀ ကျော်ထဲမှာ ဝင်ဖို့ပါ။ Cultural Heritage ဆိုတဲ့ ယဉ်ကျေးမှုအမွေအနှစ်က တော့ တစ်ကမ္ဘာလုံးမှာ ၅၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ဝင်အောင်ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားနေတာပါ’’ ဟု ပြောသည်။

========================
251 / End