အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၇ Developer Conference ကို နိုဝင်ဘာ ၁၈ နှင့်၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်ခွင့်လက်မှတ်များစတင်ရောင်းချနေပြီဟု မြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းခိုင်က ပြောသည်။
Conference တက်ရောက် ခွင့်လက်မှတ်ကို ပွဲကျင်းပသည့် ရက်တွင် ဝယ်ယူပါက ကျပ်တစ် သောင်းဖြင့် ရောင်းချမည်ဖြစ်ပြီး ကြိုတင်ဝယ်ယူပါက ကျပ်ငါး ထောင်ဖြင့် ရောင်းချမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းကကြေညာထားသည်။
၂၀၁၇ Developer Con-ference တွင် Data နှင့်သက်ဆိုင် သည့် အကြောင်းအရာများကို အ ဓိကထား ဆွေးနွေးမည်ဖြစ်ပြီး ဦးဆောင်ဆွေးနွေးမည့် ပညာရှင် ၃၀မှ ၃၅ ဦးအထိ ပါဝင်မည်ဖြစ်သည်။
‘‘အကြောင်းအရာတစ်ခုကို ၁၀ မိနစ်လောက်ပဲ မျှဝေတဲ့ အစီအစဉ်တိုလေးတွေလည်းပါ တယ်။ Workshop အနေနဲ့လည်း လုပ်ဖို့တော့ စဉ်းစားထားတဲ့အထဲ မှာပါတယ်။ ပညာရှင်တွေကို တော့ အခုချိန်ထိ ဖိတ်နေပါတယ်’’ဟု ဦးထွန်းခိုင်က ပြောသည်။
နှစ်စဉ်ကျင်းပမည့် Develo-per Conference သို့ ကျောင်း သား၊ ကျောင်းသူနှင့် နည်းပညာ ရှင် လူငယ် ၈၀၀ မှ ၁,၀၀၀ အကြား တက်ရောက်လေ့ရှိပြီး ၂၀၁၇တွင်လည်း အဆိုပါအရေအတွက် အတိုင်း တက်ရောက်မည်ဟု စီစဉ်သူတို့က ခန့်မှန်းထားသည်။
Developer Conference ကို မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းက ၂၀၁၁ ကစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၁၇ အတွက် တက်ရောက်ခွင့်လက်မှတ်များကို အသင်းရုံးခန်းအပါအဝင် ရန်ကုန်မြို့ရှိ နေရာခုနစ်ခုတွင် ရောင်းချ နေသည်။
ပုံမှန်အားဖြင့် နည်းပညာ ဆိုင်ရာဆွေးနွေးပွဲများကို ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသော်လည်း Developer Conference သည်နည်းပညာကို အမှန်တကယ် စိတ်ပါဝင်စားသည့် ပညာရှင်များအ ကြား ဝင်ကြေးပေးသွင်း၍ တက်ရောက်ဆွေးနွေးရသည့် ပွဲဖြစ် သည်။
========================
251 / End
၁၅ အောက်တိုဘာ ၂၀၁၇ - ၁၇:၂၂
News ID: 860528
၂၀၁၇ Developer Conference ကို နိုဝင်ဘာ ၁၈ နှင့်၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်ခွင့်လက်မှတ်များစတင်ရောင်းချနေပြီဟု မြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းခိုင်က ပြောသည်။