အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက လာရက်ခ် ကျွန်းပေါ် ရန်သူ၏ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဖြစ်ပြီး ရန်သူသည် မိမိ ၏ မှားယွင်းသော မဟာဗျူဟာအတွက် အလွန်ကြီးမားသော ပေးဆပ်မှု ကို ပေးဆပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသေးစိတ်အနေဖြင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဟိုစိုင်းန် မိုဟစ်ဘီ က ထုတ်ပြန်သော သတင်းစကားတစ်ရပ်တွင် လာရိုက်ခ်ကျွန်းပေါ် ရန်သူ၏ အကြမ်းဖက် ကျူးကျော် တိုက်ခိုက်မှု ကို အပြင်းထန်ဆုံး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ယင်းလုပ်ရပ်သည် ထရမ့်အစိုးရက ဆင်နွှဲနေသော စီးပွားရေးစစ်ပွဲကာလအတွင်း ပြုလုပ်ခဲ့သည့် အသက်အန္တရာယ်ဖြစ်စေသော မဟာဗျူဟာမြောက် အမှားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ ပါ တယ်။ ထိုအမှားကြောင့် အင်အားချိန်ခွင်လျှာသည် ၎င်းတို့၏ စီမံကိန်းရေးဆွဲသူများကို ဆန့်ကျင် သည့်ဘက်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ကြီးမားသော ကုန်ကျစရိတ်များကို ခံစား ရမည်ဖြစ် ကြောင်း လည်း ဆိုပါတယ်။
အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ရန်သူသည် စီးပွားရေးနှင့် စစ်ရေး နှစ်ရပ် စလုံးတွင် မိမိတို့၏ မှားယွင်းသော တွက်ချက်မှုများ၏ ရလဒ်များနှင့် ပြင်းထန်သော အကျိုးဆက်များ အတွက် အဖိုးအခပေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment